မိုးညှင်းတွင် ပထမဆုံးအဖြစ် လူတစ်ဦး သေနတ်မှန်သေဆုံး

မိုးညှင်းတွင် ပထမဆုံးအဖြစ် လူတစ်ဦး သေနတ်မှန်သေဆုံး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်မှု ကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြော သည်။

 

ယခု ဆန္ဒပြပွဲအတွင်း မိုးညှင်းမြို့တွင် ပထမဆုံး လူသေဆုံးခဲ့ခြင်းလည်းဖြစ်သည်။

 

မတ်လ ၂၅ ရက်နေ့ (ယနေ့) နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ရန် စီစဉ်နေစဉ် ၁၇ ဦး ဖမ်း ဆီးခံခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍ ပြန်လွတ်ပေးရန် ရဲစခန်းရှေ့ သွားရောက်ဝန်းရံစဉ် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည် ဟု ဒေသခံများက ပြောသည်။

 

“ရဲစခန်းနားမှာဖြစ်တာ။ မြို့မရဲစခန်းနားမှာ ထိသွားတာပါ။ မနက်တုန်းက ဖမ်းခံရတဲ့ ၁၇ ယောက်ရှိတယ်။ မနက်တုန်းက သပိတ် ဆန္ဒပြမယ်ဆိုပြီးတော့ အဲ့ဒါ ဖမ်းခံရတဲ့လူတွေကို လွတ်ပေးဖို့ ပြန်သွားတောင်းမယ် ဆို ပြီးတော့လေ လူငယ်တစ်စုကနေပြီးမှ ရဲနဲ့သွားညှိနှိုင်းနေတုန်း စစ်တပ်က ရောက်လာပြီးမှ လှမ်းပစ်တာလို့ ပြောတယ်” ဟု မိုးညှင်းဒေသခံတစ်ဦး က ပြောသည်။

 

ယနေ့ ပစ်ခတ်မှုအတွင်း သေဆုံးသူအပြင် ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးထက်မနည်း ရှိသည်ဟုလည်း ဒေသခံ များက ပြောသည်။

 

“ညှိနှိုင်းဖို့သွားတဲ့လူတွေထဲကထိတယ်။ လက်လည်းတစ်ယောက်ထိတယ်။ ပေါင်လည်း တစ်ယောက်ထိတယ် အဲ့ဒါ Confim ဖြစ်တယ်။ ဒဏ်ရာရတာ တခြားလည်း ရှိသေးတယ်လို့တော့ပြောတယ်။ ဒီမှာက မနက်ပိုင်း ၈ နာရီလောက်မှ သပိတ်စစ်ကြောင်းထွက်ဖို့လုပ်တာ ဖမ်းခံ လိုက် ရတာ။ ဆရာမတွေလည်းပါတယ်။ ဝန်ထမ်း တွေလည်းပါသွားတယ်။ လူငယ်တွေလည်းပါတယ်။ ဖမ်းခံရတာ တော့ ၁၇ ယောက်ရှိတယ်ဗျ” ဟု အမည် မဖော်လိုသူ တစ်ဦးက ပြောသည်။

 

မိုးညှင်းမြို့က သေဆုံးသူမှာ အသက်(၄၀)ရှိပြီဖြစ်ပြီး မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။ ဝမ်းဗိုက်ကို ကျည်ထိမှန်ပြီး သေဆုံးသွားခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေများက ပြော သည်။

 

ကချင်ပြည်နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများကို အာဏာ သိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၄ ဦး ရှိပြီ ဖြစ်သည်။

 

မတ်လ ၈ ရက်နေ့က မြစ်ကြီးနားမြို့တွင် ၂ ဦး၊ ဖားကန့်မြို့တွင် မတ်လ ၁၄ ရက်နေ့က တစ်ဦးနှင့် ယနေ့ ပစ်ခတ်မှု အတွင်း မိုးညှင်းမြို့က တစ်ဦး သေဆုံးပြီ ဖြစ်သည်။

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ကောက်ခံရရှိသည့် မှတ်တမ်းများအရ မတ် လ ၂၃ အထိ သေဆုံးသွားခဲ့သည့် အရပ်သားပြည်သူ (၂၈၆) ဦးရှိပြီဖြစ်သည်ဟု သိရသည်။ AAPP ၏ ထုတ်ပြန် ချက်အရ အမှန်တကယ် ကျဆုံးသူအရေအတွက်မှာ ယခုထုတ်ပြန်ထားသည့် စာရင်းထက်လည်း ပိုများနိုင်သည် ဟု ဆိုသည်။

 

ဓါတ်ပုံ - (SHRF) လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော မဘိမ်းမြို့နယ် ရပ်ကွက် ၃ ရှိ ဆေးရုံ အဆောက်အအုံ
August 13, 2026
မိုးမိတ်တွင် စစ်တပ်ထိုးစစ်ကို KIA ကြားဖြတ်တိုက်၊ ရေကြီးနေသည့် မဘိမ်းကို စစ်တပ် ဗုံးကြဲ...
August 13, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ချင်းပြည်၊ ပလက်ဝခရိုင်၊ ဆမီးမြို့ပေါ်ကို...
ဓါတ်ပုံ - Crd (ပုံဟောင်း)
August 13, 2026
တရုတ်၏ ဖိအားပေးမှုကြောင့် မြန်မာ - တရုတ် နယ်စပ်အခြေစိုက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့်...
ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
August 13, 2026
ရေဘေးနှင့် စစ်ဘေး အလူးအလဲခံနေရသည့် မြန်မာနိုင်ငံအထက်ပိုင်းတွင် ရေဘေးကြောင့် သေဆုံးသူ ၂၅ ဦး အထိ...