စစ်ကောင်စီတွင် ပါဝင်၍ ပါတီဝင်များ မွန်ညီညွတ်ရေး ပါတီမှ နှုတ်ထွက်

စစ်ကောင်စီတွင် ပါဝင်၍ ပါတီဝင်များ မွန်ညီညွတ်ရေး ပါတီမှ နှုတ်ထွက်

အာဏာသိမ်း စစ်ကောင်စီတွင် မွန်ညီညွတ်ရေးပါတီပါဝင်သည့် အပေါ် လက်မခံသည့် ပါတီ ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင်၊ ဗဟိုကော်မတီဝင်နှင့် မြို့နယ်အဆင့်ပါတီဝင် ၂၀ ဦးကျော်တို့က မတ်လ ၂၄ ရက်နေ့က ပါတီဗဟိုရုံးချုပ်ထံ စာတင်ပြီး နှုတ်ထွက်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီတွင် မွန်ညီညွတ်ရေးပါတီ ပါဝင်ခြင်းသည် ပါတီအခြေခံစည်းမျဉ်းနှင့် သွေဖယ်နေသည့်အတွက် နှုတ်ထွက်ရခြင်းဖြစ်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်ပါတီဝင်ဖြစ်သည့် မိကျဲကျဲညီ က သူ၏နှုတ်ထွက်စာ တွင် ရေသားထားသည်။

“ပါတီကနေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဆင့်ဆင့်မှာ ပါဝင်ထမ်းဆောင်တာဟာ ပါတီမူဝါဒလမ်းစဉ် အရ သွေဖယ်နေလို့ လက်ခံနိုင်ခြင်းမရှိတာကြောင့် ပါတီဝင်အဖြစ်ကနေ နှုတ်ထွက်ခြင်းဖြစ်တယ်” ဟု မိကျဲကျဲ ညီ က ပြောထားသည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် စစ်ကောင်စီတွင် ပါဝင်သွားရန် ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့် ဗဟို ကော်တီဝင်အများစု၏သဘောတူညီမှုဖြင့် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိတွင် မွန်ညီညွတ်ရေးပါတီအနေနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်တစ်နေရာနှင့် မွန်ပြည်  နယ် စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်တစ်နေရာ ပါဝင်ထားသည်။

စစ်ကောင်စီတွင် မွန်ညီညွတ်ရေးပါတီပါဝင်သည့်အပေါ် လက်မခံသည့် ပါတီဝင်များ နှုတ်ထွက်ခဲ့ကြသည့်အထဲတွင် ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်နိုင်ဦးလည်း တစ်ဦးအပါအဝင်ဖြစ်သည်။

ပါတီမှ နှုတ်ထွက်ထားသည့် ဒေါက်တာအောင်နိုင်ဦးက “ကျနော်တို့ကတော့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ခိုင် ခိုင်မာမာသွားတဲ့ စနစ်ကို လိုချင်တာကို ဆိုတော့ အဲဒီစနစ်မျိုးနဲ့ ကျွန်တော်တို့ ခိုင်မာအောင်သွားချင်တာ ဒီကြား မှာဖြစ်လာတဲ့ ပြဿနာရေးရာကိစ္စမျိုးကို ကျွန်တော်တို့က နိုင်ငံရေးပါတီနဲ့ကျတော့ ကိုယ်ခံယူထားတဲ့ ကိုယ့်ရဲ့ လမ်းကြောင်းနဲ့ပဲ သွားတာအကောင်းဆုံး” ဟု ပြောခဲ့သည်။

မွန်ညီညွတ်ရေးပါတီ၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်သွားရန် ဆုံးဖြတ်ချက်သည်  ပြည်သူထု အကြား ဝေဖန်ပြောဆိုခံနေရသလို ပါတီအတွင်းတွင်လည်း လက်ခံသူနှင့် လက်မခံသူတို့အကြား သဘောထား ကွဲလွဲ နေသည်။

မွန်ညီညတ်ရေး ပါတီအနေဖြင့် ထိပ်တိုက်ရင်ဆိုင်ရမည့် လမ်းကြောင်းထက် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း ပေါ်ရောက်လိုသည့် ရည်ရွယ်ချက်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်သည့် ကမ်းလှမ်းချက်ကို လက်ခံရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ပါတီတွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောဆိုထားသည်။

ဓါတ်ပုံ - (SHRF) လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော မဘိမ်းမြို့နယ် ရပ်ကွက် ၃ ရှိ ဆေးရုံ အဆောက်အအုံ
August 13, 2026
မိုးမိတ်တွင် စစ်တပ်ထိုးစစ်ကို KIA ကြားဖြတ်တိုက်၊ ရေကြီးနေသည့် မဘိမ်းကို စစ်တပ် ဗုံးကြဲ...
August 13, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ချင်းပြည်၊ ပလက်ဝခရိုင်၊ ဆမီးမြို့ပေါ်ကို...
ဓါတ်ပုံ - Crd (ပုံဟောင်း)
August 13, 2026
တရုတ်၏ ဖိအားပေးမှုကြောင့် မြန်မာ - တရုတ် နယ်စပ်အခြေစိုက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့်...
ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
August 13, 2026
ရေဘေးနှင့် စစ်ဘေး အလူးအလဲခံနေရသည့် မြန်မာနိုင်ငံအထက်ပိုင်းတွင် ရေဘေးကြောင့် သေဆုံးသူ ၂၅ ဦး အထိ...