KIA မှ လိုင်ဇာမြို့အနီးက စစ်တပ်စခန်းများကို သိမ်းပိုက်

KIA မှ လိုင်ဇာမြို့အနီးက စစ်တပ်စခန်းများကို သိမ်းပိုက်

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)မှ မနေ့က မတ်လ(၂၄) ရက်နေ့ ညနေ  (၅)နာရီခွဲနောက်ပိုင်း KIA/KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်နဲ့ လိုင်ဇာမြို့သို့သွားတဲ့ လမ်းတလျှောက်မှာရှိတဲ့ စစ်တပ်စခန်းတစ်ခုဖြစ်တဲ့ အလောဘွမ်စစ်စခန်းကို သွားရောက်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

ဒီလို သွားရောက်ပစ်ခတ်ရတာ KIA/O ထိန်းချုပ်နယ်မြေဖြစ်တဲ့ လိုင်ဇာမြို့ဌာနချုပ်နဲ့ မိုင်ဂျာယာန်လမ်းမကြီးကို အာဏသိမ်းစစ်ကောင်စီရဲ့ စစ်တပ်မှ ဖျက်သိမ်းလိုက်ဖို့လုပ်ဆောင်နေတဲ့ အတွက် အခုလို KIA ဘက်မှ တိုက်ခိုက်ရတာဖြစ်တယ်လို့  KIO/KIA မှ သတင်းနှင့်ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှုးကြီးနော်ဘူက မှတ်ချက်ပြုပါတယ်။

လက်ရှိအချိန်ထိ KIA/O ထိန်းချုပ်နယ်မြေသွားရာလမ်းတလျှောက်မှာ အာဏာသိမ်းစစ်တပ်နှင့် KIA တို့၏ စစ်ရေးအခြေအနေက တင်မားတိုက်ခိုက်လျက်ရှိနေပြီး၊ စစ်တပ်မှ လေယာဥ်တိုက်ခိုက်မှုများအပြင် လက်နက်ကြီးလက်နက်ငယ်များဖြစ်ဖြင့် ပရမ်းပတာပစ်ခက်လျက်ရှိနေတယ်လို့ ဒေသခံများက ဆိုကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာအနေဖြင့် စစ်တပ်နှင့် KIA တို့ မတ်လ (၁၁) ရက်နေ့မှစပြီး တိုက်ပွဲများဖြစ်ပွားလျက်ရှိနေကြပြီး၊ ပြည်သူအချို့က တိုက်ပွဲဘေးလွတ်ရာစစ်ရှောင်စခန်းများသို့ ပြောင်းရွှေ့လာနေကြတာလည်း ရှိနေပါတယ်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...
မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...