တော်လှန်ရေးတွင်ပါဝင်သော ပြည်သူလူထုကိုကာကွယ်ပေးရန် ရောင်စုံလူငယ်များအဖွဲ့ (CYG) ကော်မတီ ဖွဲ့စည်း

တော်လှန်ရေးတွင်ပါဝင်သော ပြည်သူလူထုကိုကာကွယ်ပေးရန် ရောင်စုံလူငယ်များအဖွဲ့ (CYG) ကော်မတီ ဖွဲ့စည်း

အာဏာရှင်ဆန့်ကျင်သည့် တော်လှန်ရေး၌ပါဝင်သော ပြည်သူလူထုကို ကာကွယ်ပေးရန် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ လူငယ်များက ရောင်စုံလူငယ်များအဖွဲ့ (Colourful Youths Group) တစ်ခု ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

အဆိုပါကော်မတီကို မတ် ၂၂ ရက်က ဖွဲ့စည်းလိုက်ပြီဖြစ်ပြီး ၎င်းအဖွဲ့တွင် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံနှင့် မသန်စွမ်းများပါဝင်ကြောင်း သိရသည်။

“အရေးပါအရာရောက်တဲ့ လူကြီးပိုင်းတွေက တွေဝေတာတွေ၊ ငြိမ်နေတာတွေ၊ ကြောက်နေတာတွေဖြစ်နေတဲ့အတွက် ကျွန်တော်တို့ လူငယ်တွေစိတ်ဓါတ်ကျရတယ်။ ဒါပေမယ့် လူငယ်တွေဘက်က ရပ်တည်ပေးတဲ့ ပြည်သူတွေရှိနေတယ်။ ဒါကြောင့် ပြည်သူတွေကို ပြန်ပြီးကာကွယ်ပေးဖို့ ဖွဲ့စည်းလိုက်တယ်” ဟု လူငယ်တစ်ဦးကပြောသည်။

ယင်းအဖွဲ့ကို ရည်ရွယ်ချက်လေးရပ်ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ၎င်းတို့မှာ ပြည်သူများ၏ နိုင်ငံရေးအကြပ်အတည်းများကို ထိရောက်စွာကူညီဖြေရှင်းပေးနိုင်ရန်၊ အရေးတော်ပုံအောင်နိုင်ရေးအတွက် ထိရောက်စွာ ပူးပေါင်းလုပ်ဆောင်နိုင်ရန်၊ ပြည်တွင်း/ပြည်ပနိုင်ငံများမှ အလှူရှင်များနှင့်ပူးပေါင်း၍ CDM ဝန်ထမ်းများနှင့် စစ်ရှောင်ပြည်သူများအား ကူညီလှူဒါန်းနိုင်ရန်နှင့် ခြိမ်းခြောက်ခံရသော CDM ဝန်ထမ်းများကို လူ့အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ လုံခြုံမှုပေးနိုင်ရန်တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၎င်းအဖွဲ့ဖွဲ့စည်းခြင်းဖြင့် ဝိုင်မော်မြို့နယ်အတွင်းရှိ လူငယ်များ စည်းလုံးညီညွတ်စေရန်နှင့် စွမ်းဆောင်ရည်မြင့်မားလာစေရန်၊ ဝိုင်းမော်မြို့နယ်အတွင်းသာမက အခြားမြို့နယ်များတွင်လည်း လူမျိုးမရွေးဖြင့် ပူးပေါင်းဖွဲ့ စည်းထားသော ခိုင်မာသည့်အဖွဲ့အစည်းများ ပေါ်ပေါက်လာရန်နှင့် လူသားရင်းမြစ်ဆိုင်ရာ အခွင့်အရေး ဗဟုသုတသိရှိပြီး အရည်အချင်းပြည့်ဝစော နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာစေရန်တို့ကို မျှော်မှန်းထားကြောင်း သိရသည်။

ဝိုင်းမော်မြို့တွင် ဆရာမတစ်ဦးနှင့် အရပ်သားတစ်ဦး အာဏာသိမ်းစစ်ကောင်စီတပ်များ၏ ဖမ်းဆီးခံထားရကြောင်း သိရသည်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...