နွေရာသီမွန်စာပေသင်တန်းများ ဖွင့်လှစ်တော့မည်

နွေရာသီမွန်စာပေသင်တန်းများ ဖွင့်လှစ်တော့မည်

နွေရာသီမွန်စာပေသင်တန်းများကို မတ်လ ၂၈ ရက်မှစ၍ တိုက်နယ်အလိုက် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း မုဒုံမြို့နယ် မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့ တွဲဖက်အတွင်းရေးမှူး (၁) ဆရာတော်အရှင်သီဟက မွန်သတင်းအေဂျင်စီသို့ မိန့်ကြားသည်။

“ဒီမတ်လ ၂၈ ရက်မှာ စတင်ဖွင့်လှစ်သွားမယ်၊ ပြီးတော့ ဧပြီ ၁၆ ရက်နေ့ကျရင် ကိုယ့်တိုက်နယ်မှာ စားမေးပွဲဖြေဆိုသွားမယ်။ ပြီးရင်တော့ ဧပြီ ၂၁ ရက်နေ့မှာ မြို့နယ်အဆင့် စာမေးပွဲဖြေဆိုသွားမယ် အဲ့လိုတော့စီစဉ်ထားတယ်” ဟု ဆရာတော်အရှင်သီဟက မိန့်သည်။

မုဒုံမြို့နယ် နွေရာသီမွန်စာပေသင်တန်းဖြစ်မြောက်ရေးအတွက် သာယာကုန်း- တာပသွန် တိုက်နယ်၊ ကွေ့ဝမ်း- နိုင်းပြိုင် တိုက်နယ်၊ ကော့ခပုံ- ကွမ်တာ တိုက်နယ်၊ မုဒုံ တိုက်နယ်၊ ညောင်ကုန်း တိုက်နယ်၊ တော်ကူး တိုက်နယ်၊ နိုင်လှုံ တိုက်နယ်၊ ကမာဝက် တိုက်နယ်၊ ကလော့သော့ တိုက်နယ်၊ ဒိုးမား- ဆက်သွယ် တိုက်နယ်၊ နှီးဗဒေါ တိုက်နယ်တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဆရာတော်အရှင်သီဟက “ကျောင်းမဖွင့်ရသေးတော့ သင်ကြားမယ့် နေရာအခက်အခဲ ဘယ်လိုရှိလဲဆိုတာ မသိရသေးဘူး။ တကယ်လို့ အစိုးရစာသင်ကျောင်းတွေ မဖွင့်သေးရင်တော့ အဲ့ကျောင်းမှာ အရင်လိုပဲ သင်သွားမယ်။ တချို့ကတော့ ဘုန်းကြီးကျောင်းမှာ သင်ကြားနေတာတွေလဲရှိတယ် ဒါပေမယ့် နွေရာသီမွန်စာပေသင်တန်းကျောင်းကို အဆင်ပြေအောင်တော့ ဆက်သင်ကြားသွားမယ်” ဟု ဆက်မိန့်ကြားသည်။

နွေရာသီမွန်စာပေနှင့် ယဉ်ကျေးမှု သင်တန်းကျောင်း ဖွင့်လှစ်သင်ကြားနေသည့် နေရာများတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ တနသာၤရီတိုင်းနှင့် မွန်လူမျိုးများ နေထိုင်သည့် နေရာဒေသများမှာ နွေရာသီမွန်စာပေသင်တန်းများ ဖွင့်လှစ်သင်ကြားနေကြောင်း သိရသည်။

သို့ရာတွင် ပြီးခဲ့သည့် ၂၀၂၀ ခု နွေရာသီမွန်စာပေသင်တန်းကျောင်းသည် ကမ္ဘာ့ကပ်ရောဂါ COVID – 19 ကူးစက်ပြန့်ပွားမှုကြောင့် လူစုလူဝေးပြုလုပ်ခွင့်မရှိသဖြင့် မြို့နယ်အဆင့်ရှိ နွေရာသီမွန်စာပေသင်ကြားရေးကို တစ်နှစ်ရပ်နားခဲ့ရသည်။

May 16, 2026
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်၊ ဂျိုင်းမြစ်ဒေသရှိ ကျေးရွာအချို့တွင် လုံခြုံရေးအခြေအနေ...
May 15, 2026
မွန်ဒေသအသီးသီး၌ အသစ်ဆောက်လုပ်နေသည့် မွန်အမျိုးသားကျောင်း ၄ ကျောင်းထက်မနည်း လာမည့် ပညာသင်နှစ်...
May 14, 2026
မွန်ပြည်နယ်တွင်၊ မေလ ၁၂ ရက်နေ့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၃ သိန်းကျပ်နှုန်းဖြင့်...
May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...