(၁၇) ကြိမ်မြောက် မွန်အမျိုးသမီးများနေ့အထိမ်းအမှတ်ကျင်းပ

(၁၇) ကြိမ်မြောက် မွန်အမျိုးသမီးများနေ့အထိမ်းအမှတ်ကျင်းပ

(၁၇)ကြိမ်မြောက် မွန်အမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားများကို မြို့နယ်အသီးသီးတွင် အကျဉ်းချုံး၍ ယနေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်အမျိုးသမီးများကွန်ယက် မိကွန်ချမ်းနွန်မှ “ ဒီနှစ်တော့ ကျွန်မတို့အဖွဲ့ကနေဦးဆောင်ပြီးတော့ လုပ်ဆောင်ထားတာတော့မရှိဘူး၊ ကျွန်မတို့အဖွဲ့အစည်းကလူတွေပဲ ကိုယ့်မြို့နယ်နဲ့ကိုယ်လုပ်ကြတယ်၊ ဒီနိုင်ငံရေးအခြေအနေနဲ့ဆိုရင် အားလုံးက တတ်နိုင်သလောက်တော့လုပ်ကြတယ်” ဟု ပြောသည်။

လက်ရှိနိုင်ငံရေးအခြေအနေတွင် အမျိုးသမီးများ၏စွမ်းဆောင်ရည်ပိုမိုမြှင့်တင်ရန်လိုအပ်ပြီး အာဏာရှင်ဟူသမျှအတူတစ်ကွ တွန်းလှန်တိုက်ထုတ်ရန် တာဝန်ရှိသောကြောင့် အာလုံးနှင့်အတူ ပူးပေါင်းပါဝင်တိုက်ထုတ်ကြရန် နှိုးဆော်လိုကြောင်း မိကွန်ချမ်းနွန်က ဆက်ပြောသည်။

အလားတူ ချောင်းဆုံမြို့နယ် မွန်အမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ရြွာ ၁၀ ရွာမှ ပူးပေါင်း၍ နေ့ဆွမ်းကပ်ခြင်း၊ ညနေပိုင်းအချိန်တွင် ဖယောင်းတိုင်မီးထွန်းညှိခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ချောင်းဆုံမြို့နယ် မွန်အမျိုးသမီးများနေ့ဖြစ်မြောက်ရေးကော်မတီ အကြံပေး မိဟံသာနွန်က ပြောသည်။

“ချောင်းဆုံမြို့နယ်က လူအများစုက မွန်အမျိုးသမီးများနေ့ကျင်းပတဲ့ဗဟိုနေရာအထိကို မသွားနိုင်ကြဘူး၊ အဲ့တော့ မွန်ဘုရင်မရှင်စောပုရဲ့ မွန်နေ့ကိုရည်စူးပြီး ကိုယ့်ဒေသနဲ့ကိုယ် ကောင်းမှုကုသိုလ်ပြုကြပြီးတော့ တစ်နည်းတစ်ဖုံနဲ့  အမျိုးသမီးများနေ့ကိုလည်းအသိမှတ်ပြုတတ်အောင် အမျိုးသမီးများရဲ့တန်ဖိုးကို နားလည်အောင် ရည်ရွယ်တယ်” ဟု သူမကပြောသည်။

ယခုနှစ်အတွက် ထူးထူးခြားခြား ကျင်းပနိုင်ရန် စီစဉ်ထားသော်လည်း နိုင်ငံရေးအခြေအနေကြောင့် အကျဉ်းချုံး၍သာ ပြုလုပ်ရသည့်အပေါ် လွန်စွာစိတ်မကောင်းဖြစ်မိကြောင်း သူမက ဆက်ပြောသည်။

မွန်အမျိုးသမီးများနေ့ကို သံဖြူဇရပ်၊ ချောင်းဆုံ၊ ရေး၊ ကျိုက်မရောမြို့နယ်တို့အပြင် မွန်အမျိုးသမီးများအဖွဲ့တည်ရှိသည့် ကျေးရွာများတွင်လည်း တစ်နိုင်တစ်ပိုင်  ကျင်းပခဲ့ခဲ့ကြောင်း သိရသည်။

မွန်ရာဇဝင်တွင် ထင်ရှားကျော်ကြားသော ဟံသာဝတီပြည်ရှင် မွန်ဘုရင်မရှင်စောပု၏ ဖွားတော်မူနေ့ဖြစ်သည့် တပေါင်းလဆန်း ၁၂ ရက်နေ့ကို မွန်အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြသည်။

အလားတူ မွန်အမျိုးသမီးများကွန်ရက်အနေဖြင့် အမျိုးသမီးများတန်းတူညီမျှပါဝင်မှုရှိသည့်စနစ်ကို အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်တွင် အမျိုးသမီးများပါဝင်မှုသေချာစေရေးကို အစဉ်တစိုက်တိုက်တွန်းသွားမည်ဖြစ်ပြီး မွန်အမျိုးသမီးထုအနေဖြင့်လည်း နိုးကြားတက်ကြွစွာ တတပ်တအားပါဝင်သွားစေရေး ယနေ့တွင် ကျရောက်သော (၁၇) ကြိမ်မြောက် မွန်အမျိုးသမီးများနေ့မှတဆင့် တိုက်တွန်းနှိုးဆော်လိုက်ပါကြောင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ထားသည်။ 

Most read this week

September 11, 2026
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်က ၂...
September 11, 2026
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်နေသည့် အသွင်ပြောင်း အစိုးရသက်တမ်း ၅ နှစ်တာ ကာလ အတွင်း...
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...