မုံရွာတွင် စစ်အာဏာရှင်တပ်တွေက ပြည်သူတွေကို ခြိမ်းခြောက်

မုံရွာတွင် စစ်အာဏာရှင်တပ်တွေက ပြည်သူတွေကို ခြိမ်းခြောက်

မုံရွာမြို့လူထုရဲ့ အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပင်မစစ်ကြောင်း လှည့်လည်ချီတက်လေ့ရှိတဲ့ ဗန္ဓုလလမ်းမကြီးပေါ်က ပြည်သူ့အရံအ တားတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက ဒီနေ့မတ်လ(၂၃)ရက် မနက်မှာ စက်ယန္တရားတွေအသုံးပြုပြီး ရှင်းလင်းခဲ့ကြပါတယ်။

အခုလို ရှင်းလင်းရေးပြုလုပ်နေတာကို ရပ်ကြည့်နေကြတဲ့ ပြည်သူလူထုကို လက်နက်ကိုင် အဖွဲ့တွေက ဆဲဆိုခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့သလို လေးဂွတွေနဲ့ ပစ်ခတ်တာတွေလည်း ရှိခဲ့ပါတယ်။

ဒီမနက် မုံရွာလူထုရဲ့ ပင်မသပိတ် စစ်ကြောင်းကတော့ တခြားရပ်ကွက်မှာ ဆက်လက်ချီတက်ခဲ့ကြတာဖြစ်တဲ့အတွက် ထိပ်တိုက်တွေ့ဆုံတာ၊အကြမ်းဖက် ဖြိုခွင်းခံရတာတော့ မရှိခဲ့ပါဘူး။

မုံရွာလူထုရဲ့ စစ်အာဏာရှင်တော်လှ န်ရေးသပိတ်စစ်ကြောင်းမှာ ပြည်သူလူထု ထောင်ချီပါ၀င်ခဲ့ကြ စစ်အာဏာရှင် ကျ ဆုံးရေး၊၂၀၀၈ ခြေ၊ဥ ဖျက်သိမ်းရေး၊ဖမ်း ဆီးခံ ခေါင်းဆောင်နဲ့ ပြည်သူတွေ ပြန်လွှတ်ပေးရေး စတဲ့ ကျွေးကြော်သံတွေနဲ့ ချီ တက်လှည့်လည်ခဲ့ကြပါတယ်။

 မုံရွာမြို့ရဲ့ အာဏာရှင်ဆန့် ကျင်ရေးသပိတ်အကြမ်းဖက် ပစ်ခတ်ခံရမှု ဖြစ်စဉ်တွေကြောင့် ပြည်သူ(၁၂)ယောက် ကျဆုံးခဲ့ရပြီး ရိုက်နှက် ဖမ်းဆီခံရထားရသူ အများအပြား ရှိခဲ့ပါတယ်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...
မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...