သတင်းမီဒီယာလွတ်လပ်ခွင့် NLD အစိုးရလက်ထက်မှာ တိုးတက်လာခြင်း မရှိသေး

သတင်းမီဒီယာလွတ်လပ်ခွင့် NLD အစိုးရလက်ထက်မှာ တိုးတက်လာခြင်း မရှိသေး
by -
မဇ္ဈိမ
 မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက်မှာ တိုးတက်လာမှု အားနည်းနေသေးသည်ဟု ပဲန်မြန်မာ(Pen Myanmar) နှင့် မိတ်ဖက်အဖွဲ့အစည်း ၁၄ ဖွဲ့ က ထုတ်ပြန်ကြေညာလိုက်သည်။

မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေ အကဲဖြတ်ခြင်း အစီရင်ခံစာကို  မေ ၂ ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက် ပဲန်မြန်မာ(Pen Myanmar) အဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမြင့်ငြိမ်းက အစိုးရသစ်လက်ထက်မှာ မီဒီယာလွတ်လပ်ခွင့်သည် ထင်သလောက်တိုးတက်မှုမရှိသေးဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

"အမှတ် ၆၀ ပေးတဲ့အခါမှာ ၈မှတ်ပဲ ပေးလို့ရတယ် ဆိုတော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ထူးထူးခြားခြား   ပြောင်းလဲမှုမရှိဘူးဆိုတာကို ထုတ်ပြန်ကြေညာတာ ဖြစ်ပါတယ်" ဟု ဦးမျိုးမြင့်ငြိမ်းက ဆိုသည်။

မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို သတင်းမီဒီယာအမှီအခိုကင်းမှုနှင့် လွတ်လပ်မှု၊ သတင်းအချက်အလက် ရယူပိုင်ခွင့် ၊ လွတ်လပ်စွာ စုဝေးခွင့် ၊ ပြောဆိုခွင့်နှင့် ထင်မြင်ယူဆခွင့် စသည့်အညွှန်းကိန်း ၆ခုဖြင့် သတ်မှတ်ခဲ့ကာ စုစုပေါင်း ရမှတ် ၆၀ ပေးအပ်ခဲ့ပြီး ၈ မှတ် ရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိအစိုးရလက်ထက်တွင်လည်း နိုင်ငံပိုင်သတင်းမီဒီယာများ ကျန်ရှိနေခြင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိခိုက်နိုင်သည့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ ကို မပြင်ဆင်နိုင်သေးခြင်းများ ကျန်ရှိနေကာ သတင်းအချက်အလက် ရယူပိုင်ခွင့် အားနည်းလျက် ရှိနေသေးသည်ဟု အဆိုပါ အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...