ပုဂ္ဂလိကဘဏ်အချို့ပြန်လည်ဖွင့်လှစ် ရွှေဈေးအနည်းငယ်မြင့်တက်

ပုဂ္ဂလိကဘဏ်အချို့ပြန်လည်ဖွင့်လှစ် ရွှေဈေးအနည်းငယ်မြင့်တက်

ပြီးခဲ့သည့်ရက်ပိုင်းက ပုဂ္ဂလိကဘဏ်အချို့ ပြန်လည်ဖွင့်လှစ်ပြီးနောက်ပိုင်းတွင် ပြည်တွင်းရွှေဈေး အနည်းငယ်မြင့်တက်လာကြောင်း ပြည်တွင်းရွှေဈေးကွက်မှသိရသည်။

ယနေ့ရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၃ သိန်း ၃ သောင်း ၈ ထောင်ဝန်းကျင်နှင့် ၁၅ ပဲရည်ရွှေတစ်ကျပ်သားလျှင် ၁၂ သိန်း၇သောင်း၂ ထောင်ဝန်းကျင်အထိရှိပြီး ကမ္ဘာ့ရွှေဈေး ၁ အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၃၆ အထိ ရှိနေသည်။

မော်လမြိုင်မြို့မှ ရွှေရောင်းဝယ်သူတစ်ဦးက “ဒီတလောဆို ရွှေထည်ရွှေတုံးတွေ ဝယ်တာများတာပေါ့၊ ပြည်တွင်းရွှေဈေး ၁၆ ပဲရည်တစ်ကျပ်သားဆိုရင် ၁၃ သိန်း ၃ သောင်းကျော်တယ် ပြီးတဲ့ရက်သတ္တပတ်ထက် ၁ သောင်းကျော်လောက်ပိုများလာတယ်၊ ပြည်တွင်းအခြေအနေကြောင့်သာ ရွှေဈေးကမြင့်နေတာပါ”ဟု ပြောသည်။

လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ရွှေဈေးကွက်အလားအလာ ခန့်မှန်းရခက်ခဲပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံရေးအခြေအနေပေါ်မူတည်နေ၍ မော်လမြိုင်အခြေစိုက် ရွှေဆိုင်အများစုပိတ်ထားကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် လက်ရှိနိုင်ငံရေးရိုက်ခတ်မှုများကြောင့် ဆန်နှင့်စားသောက်ကုန်များ၊ စက်သုံးဆီ လောင်စာဆီများ ဈေးမြင့်တက်လျှက်ရှိသကဲ့သို့ အသေးစားလုပ်ငန်းအများစုလည်း ပြန်လည် မလည်ပတ်နိုင်သေးကြောင်းသိရသည်။

မော်လမြိုင်မြို့ရှိ ပုဂ္ဂလိကဘဏ်အများစုသည် CDM လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေသောကြောင့် ဘဏ်အများစုကိုပိတ်ထားရာတွင် ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့က ဈေးကြိုရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲ(၂) ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း၊ အခြားမြို့ပေါ်ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ ပြန်လည်ဖွင့်လှစ်ထားကြောင်း သတင်းရရှိသည်။

Most read this week

September 11, 2026
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်က ၂...
September 11, 2026
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်နေသည့် အသွင်ပြောင်း အစိုးရသက်တမ်း ၅ နှစ်တာ ကာလ အတွင်း...
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...