မော်လမြိုင်မြို့ကို ရေပေးဝေနေသည့် ရွှေနတ်တောင်ဆည် ရေခမ်းခြောက်လာ

မော်လမြိုင်မြို့ကို ရေပေးဝေနေသည့် ရွှေနတ်တောင်ဆည် ရေခမ်းခြောက်လာ

မော်လမြိုင်မြို့ကို အဓိက ရေပေးဝေနေသည့် ရွှေနတ်တောင်ဆည် ယခုလဆန်းပိုင်းမှ ရေများစတင် ခမ်းခြောက်လာကြောင်း သတင်းရရှိသည်။

သုံးနှစ်ဆက်တိုက် ဖြစ်ပေါ်နေသည့် ရေခမ်းခြောက်မှုအနက် ယခုနှစ်တွင် ဆည်ရေအစောဆုံး ခမ်းခြောက်လာခြင်းဖြစ်ကြောင်း၊ ယမန်နှစ် မိုးရာသီကာလအတွင်း ရေပြည့်မှတ်သို့ ရေမရောက်ရှိခဲ့ကြောင် မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောသည်။

“ရေက intake အောက် တအားကျသွားတော့ intake ထဲကို ရေတွေမဝင်တော့ဘူး၊ အလယ်က ဆည်ရေကို စုပ်တင်ပြီးတော့ intake ထဲကို ကျနော်တို့က ရေတွေပြန်မောင်းထည့်နေရတယ်။ မနှစ်က မိုးရာသီမှာ သတ်မှတ်ထားတဲ့ ရေပြည့်မှတ်မရောက်ခဲ့တာမို့ ဒီနှစ်ကတော့ ပိုဆိုးသွားတယ် တစ်လလောက်စောပြီး ရေကုန်သွားတယ်” ဟု ဦးတင်ကိုကိုက ဆိုသည်။

ထို့အပြင် ဈေးကြို၊ မြိုင်သာယာ၊ တောင်ဝိုင်းကြောတစ်လျှောက်၊ ဇေယျာမြိုင်၊ မြေနီကုန်းရပ်ကွက်သို့ ရေဖြန့်ဝေပေးနေသည့် ကင်ပွန်းခြုံဆည် ရေခမ်းခြောက်မှု မရှိသေးသည်ဟု သိရှိရသည်။

“ကျနော်တို့ အခုအရေးပေါ်အနေနဲ့ အတ္ထရံမြစ် ရေသန့်စက်ရုံကနေ ရေပိုက်လိုင်းတစ်လိုင်း ဆွဲနေတယ်၊ အဲပိုက်လိုင်းဆွဲပြီးတာနဲ့ အတ္ထရံမြစ်ရေကို ကန်သုံးကန်ထဲကို ကျနော်တို့ အားဖြည့်ပေးမယ်၊ အားဖြည့်ပေးပြီးတာနဲ့ ရွှေနတ်တောင်ဆည်ရေ ထုတ်ယူတဲ့ပမာဏကို ကျနော်တို့ နည်းနည်းလျှော့ချမယ်၊ ရေသုံးနေတာမပြတ်သွားအောင် ရေကိုမျှပြီးပေးဖို့ စီစဉ်ထားတယ်၊ ခုလက်ရှိမှာတော့ အရေးပေါ်ပိုက်လိုင်းဆွဲနေတာက ငါးဆယ်ရာခိုင်နှုန်းလောက်တော့ ပြီးနေပါပြီး” ဟု ဦးတင်ကိုကိုက ဆိုသည်။

ရွှေနတ်တောင်ဆည်ရေသည် တစ်နေ့လျှင် ပုံမှန်အားဖြင့် ဂါလန် ၂၅ သိန်းမှ ၃၀ သိန်းကြား ရေထုတ်လုပ်ပေးလျှက်ရှိရာမှ ရိုးဂိုး၊ စမ်းကြီး၊ ဂွေးကုန်း၊ ကျောက်တန်း၊ သီရိမြိုင်၊ သီရိမင်္ဂလာ၊ ဈေးကြို၊ ဘိုကုန်း၊ မောင်ငံ၊ မုပွန်၊ မြေနီကုန်းရပ်ကွက်တို့ကို အဓိက ရေဖြန့်ဝေပေးနေသည်။

ရာသီဥတု အလွန်ပူပြင်းလာသဖြင့်  မြို့ပေါ်ရှိ ရပ်ကွက်အချို့တို့တွင် တွင်းရေများ ခမ်းခြောက်လာသောကြောင့် လှုမှုကယ်ဆယ်ရေးအဖွဲ့များက သောက်သုံးရေများကို ကူညီဖြန့်ဝေပေးနေရသည်။

မွန်ပြည်နယ်အတွင်းရှိ နှစ်စဉ်နွေရာသီ၌  သောက်သုံးရေ ရှားပါးမှုနှင့် မိုးရာသီတွင် ရေလွှမ်းမိုးမှုဒဏ်များကို နှစ်စဉ်ကြုံတွေ့လာနေရကြောင်း တွေ့ရှိရသည်။

Most read this week

September 11, 2026
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်က ၂...
September 11, 2026
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်နေသည့် အသွင်ပြောင်း အစိုးရသက်တမ်း ၅ နှစ်တာ ကာလ အတွင်း...
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...