မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အား ပစ်ခတ်ရန်ချိန်ရွယ်ထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံးများတွေ့ရှိ

မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အား ပစ်ခတ်ရန်ချိန်ရွယ်ထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံးများတွေ့ရှိ

မော်လမြိုင်မြို့ရှိ ရွှေနတ်တောင်ပေါ်မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အား ပစ်ခတ်ရန်ချိန်ရွယ်ထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး ယမန်နေ့ နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းဖော်ပြခဲ့သည်။

အချိန်ကိုက်စနစ်ဖြစ် ပစ်ခတ်ရန် စီမံထားသော အဆိုပါ ၁၀၇ မမ ရှော့တိုက်ဒုံးများအား ယမန်နေ့နံနက် ၈ နာရီခွဲခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အများပြည်သူများ အန္တရာယ် မဖြစ်စေရေးအတွက် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်နိုင်သည်ကို သက်ဆိုင်ရာမှ ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘောနတ်ကြီးကျေးရွာရှိ နယ်မြေခံတပ်ရင်းသို့ ယမန်နေ့နံနက်စောပိုင်းတွင် ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးဘေးရှိ ဝါးကတုတ် ဆည်ပေါ်နှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်မှ ပစ်ခတ်မှုကြောင့် နယ်မြေခံ တပ်ရင်းနှင့်အနီးပတ်ဝန်းကျင်တစ်ဝိုက်သို့ ၁၀၇ မမ ရှော့တိုက်ဒုံးသီး ၄ လုံး ကျရောက် ပေါက်ကွဲခဲ့သော်လည်း လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

အဆိုပါ တရုတ်နိုင်ငံထုတ် ၁၀၇ မမ ဗုံးသီးများသည် ၅ မိုင်ခန့်အကွာအဝေးသို့ ချိန်ကိုက်ပစ်ခတ်နိုင်စွမ်းရှိပြီး ကရင်အမျိုးသားအစည်းအရုံး KNU နှင့် မွန်ပြည်သစ်ပါတီ NMSP တပ်ဖွဲ့တို့တွင် လွန်ခဲ့သည့် အနှစ် ၃၀ ဝန်းကျင်ကာလကတည်းက အသုံးပြုခဲ့ဖူးသည့်မှတ်တမ်းများရှိခဲ့ကြောင်း အမည်မဖော်လိုသော လက်နက်ကျွမ်းကျင်သူ မွန်ပြည်သစ်ပါတီအရာရှိဟောင်းတစ်ဦးက ဆိုသည်။

Most read this week

September 11, 2026
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်က ၂...
September 11, 2026
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်နေသည့် အသွင်ပြောင်း အစိုးရသက်တမ်း ၅ နှစ်တာ ကာလ အတွင်း...
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...