CDM ဆက်လုပ်မည်ဆိုလျှင် ပုဒ်မ(၅၀၅)က ဖြင့်တရားစွဲဆိုမည်ဟု ပုသိမ်ဆေးရုံ၏ဒုတိယဆေးရုံ အုပ်မှပြော

CDM ဆက်လုပ်မည်ဆိုလျှင် ပုဒ်မ(၅၀၅)က ဖြင့်တရားစွဲဆိုမည်ဟု ပုသိမ်ဆေးရုံ၏ဒုတိယဆေးရုံ အုပ်မှပြော

ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဖမ်းဆီးခံရပြီးမတ်လ(၁၆)ရက်နေ့တွင် ပုသိမ်ဆေးရုံ၏ ဒုတိယဆေးရုံအုပ်ဒေါက်တာကောင်းမြတ်စိုးမှ ဦးဆောင်၍တိုင်းကျန်းမာရေးမှုးရုံးသို့ ကျန်းမာရေးဝန်ထမ်းများအား ပရဟိတဆေးခန်းဖွင့်လှစ်ရန်အကြောင်းကိစ္စဖြင့်အစည်းအဝေးခေါ်ယူခဲ့သည်။

၎င်းအစည်းအဝေးတွင် ပုသိမ်ဆေးရုံ၏ ဒုတိယဆေးရုံအုပ်ဒေါက်တာကောင်းမြတ်စိုးမှ ပရဟိတဆေးခန်းတွင် ပါဝင်လုပ်ဆောင်မည့်ဝန်ထမ်းများအား လက်မှတ်ထိုးခိုင်းပြီး CDMဆက်လက်လုပ်ဆောင်နေသောဝန်ထမ်းများအား ပုဒ်မ(၅၀၅)ကဖြင့်တရားစွဲဆိုမည်ဟုပြောဆိုခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်းတချို့ထံမှသိရသည်။

၎င်းပရဟိတဆေးခန်းတွင်ပါဝင်လုပ်ဆောင်ရန် အစည်းအဝေးတက်ရောက်သူများထဲမှ သဘောတူ လက်မှတ်ထိုးခဲ့သူများနှင့်ဖုန်းဆက်၍ ပါဝင်ရန်ပြောကြားခဲ့သူများ စုစုပေါင်း(၃၀)ဦးနီးပါးရှိခဲ့ပြီး

ပရဟိတဆေးခန်းအားမတ်လ(၁၉)ရက်နေ့တွင်ဖွင့်မည်ဟုအစည်းအဝေးတွင်ပြောကြားခဲ့သည်။ထိုသို့ပြောကြားခဲ့သော်လည်းမတ်လ(၁၈)ရက်နေ့တွင် ပရဟိတဆေးခန်းမဖွင့်တော့ပဲ ပုသိမ်ဆေးရုံ၏ အရေးပေါ်ဌာနအား တပ်ဆေးရုံမှ ဆရာဝန်များနှင့်ပူးပေါင်း၍ဖွင့်မည်ဟု ဝန်ထမ်းများအား ဒုဆေးရုံအုပ်မှပြောကြားခဲ့ကြောင်းသိရသည်။

"အစတုန်းက အစည်းအဝေးခေါ်တုန်းကတော့ တပ်ကလူတွေလာမယ်လို့လဲမပြောဘူး ပရဟိတဆေးခန်းဖွင့်မယ်လို့ပဲပြောတာ မနေ့ကမှ အရေးပေါ်ဌာနမှာပဲဖွင့်မယ် တပ်ကဆရာဝန်တွေပါမယ်လို့ပြောတာ၊သဘောတူလက်မှတ်ထိုးထားတဲ့ တချို့ဝန်ထမ်းတွေကတပ်ကလူတွေပါတယ်ဆိုတာလုံးဝမသိကြပါဘူးပြီးတော့ ဦးကောင်းမြတ်စိုးကစစ်ကောင်စီမှာ အစည်းအဝေးသွားတက်တယ်လေ သူတို့ဘယ်လိုညှိနှိုင်းမှုတွေလုပ်ခဲ့လဲဆိုတာကိုခုထိဘယ်သူမှမသိရဘူး"ဟုကျန်းမာရေးဝန်ထမ်းတစ်ဦးမှပြောသည်။

ပုသိမ်ဆေးရုံတွင် ဆရာဝန်၊ဆရာမနှင့်အလုပ်အမားစုစုပေါင်း ဝန်ထမ်းအင်အား(၅၀၀)ခန့်ရှိပြီး

CDM ပြုလုပ်သောကျန်းမာရေးဝန်ထမ်းများနှင့်လက်ထောက်ဆရာဝန်အားလုံးက "ပရဟိတဆေးခန်းဖွင့်သည်ဖြစ်စေ ပရဟိတအကြောင်းပြပြီးအရေးပေါ်ဌာနအားဖွင့်သည်ဖြစ်စေ သဘောတူညီမှုမရှိ" ကြောင်း၎င်းဝန်ထမ်းမှဆက်လက်ပြောသည်။

လက်ရှိအချိန်ပုသိမ်ဆေးရုံတွင် CDM မှနှုတ်ထွက်သူများနှင့်ပါဝင်ခြင်းမရှိသူစုစုပေါင်း(၁၀၀)ဦးခန့်ဖြစ်လာပြီး ပုသိမ်ဆေးရုံအုပ်ကြီးဖမ်းဆီးမခံရခင်အချိန်အတောအတွင်း ပုသိမ်ဆေးရုံတွင် CDM မပြုလုပ်သူ(၁၀)ဦးခန့်သာရှိခဲ့ကြောင်းလည်းသိရသည်။

ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ရှိ ပန်ဆောင်မြို့နှင့်...