အာဏာသိမ်းမှုနှင့် ဆက်စပ်ကာ တရုတ်မလိုလားမှု သဘောထားများ ကြီးထွားလာ

အာဏာသိမ်းမှုနှင့် ဆက်စပ်ကာ တရုတ်မလိုလားမှု သဘောထားများ ကြီးထွားလာ

ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖြိုခွင်းရာ၌ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေသည့် မြန်မာအာဏာသိမ်းစစ်တပ်အပေါ် နိုင်ငံတကာ အရေးယူမှုများအား တားဆီးပိတ်ဆို့ပေးနေသည်ဟု တရုတ်နိုင်ငံအပေါ် မြန်မာဆန္ဒပြသူများက သဘောထားမှတ်ယူထားကြသည်။

လှိုင်သာယာက တရုတ်ပိုင် စက်ရုံများ မတ် ၁၄ ရက်က မီးလောင်မှုဖြစ်သည်ကို တုံ့ပြန်ကာ စစ်တပ်သည် ရွှေပြည်သာ၊ လှိုင်သာယာ၊ မြောက်ဥက္ကလာပ၊ မြောက်ဒဂုံ၊ တောင်ဒဂုံနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် မာရှယ်လော ကျင့်သုံးလာခဲ့သည်။

မြန်မာနိုင်ငံရှိ တရုတ်သံရုံး၏ ထုတ်ပြန်ချက်တစ်ရပ်တွင် အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် ကျူးလွန်သူများကို အပြစ်ပေးရန် ထိရောက်သည့် လုပ်ငန်းစဉ်များ ချမှတ်လုပ်ဆောင်ရေး လုံခြုံရေးတပ်ဖွဲ့များအား တိုက်တွန်းခဲ့သည်။ အဆိုပါ မီးရှို့မှုနှင့် ပတ်သက်ပြီး မည်သည့်အုပ်စုကမျှ ကျူးလွန်ကြောင်း ပြောဆိုလာခြင်း မရှိပေ။

စက်ရုံများ မီးလောင်မှုကို တရုတ်၏ တုံ့ပြန်ပုံကြောင့် ဆန္ဒပြပွဲများ၌ သေဆုံးသူများ၊ အပြင်းအထန် ထိခိုက်ဒဏ်ရာရသူများကို မျက်ကွယ်ပြုထားပြီး ဆန္ဒပြသူများအပေါ် စစ်တပ်က မညှာမတာ ဖြိုခွင်းနေသည့်ကြားမှပင် အားပေးအားမြှောက်ပြုသည်ဟု တရုတ်သံရုံးအား ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ဆန္ဒပြကြသည်။

မတ် ၁၆ ရက်တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးအဖွဲ့ AAPP ၏ နောက်ဆုံးအချက်အလက်အရ အကြမ်းဖက်ဖြိုခွင်းမှုများအတွင်း သေဆုံးသူ အနည်းဆုံး ၂၀၂ ဦးရှိကြောင်း အတည်ပြုထားသည်။

ထိုသို့ အကြမ်းဖက်ဖြိုခွင်းနေလင့်ကစား ဆန္ဒပြပွဲများက အရှိန်အဟုန် မပျက်သွားဘဲ တင်းကျပ်သည့် စည်းမျဉ်းများ ချမှတ်ထားသည့်ကြားမှ နိုင်ငံတစ်ဝန်း၌ နေ့ရောညပါ ဆန္ဒပြမှု ဆက်လက်ဖြစ်ပွားပေါ်ပေါက်လျက် ရှိနေသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...