တပ်မတော်ကို ထောက်ပံ့နေမှုများ ပြန်ရုပ်သိမ်းရန် ရုရှ စဉ်းစားနေ

တပ်မတော်ကို ထောက်ပံ့နေမှုများ ပြန်ရုပ်သိမ်းရန် ရုရှ စဉ်းစားနေ

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို စိုးရိမ်ဖွယ်ရာအဖြစ် စဉ်းစားသုံးသပ်လျက် ရှိသည်ဟု ရုရှသမ္မတရုံး ပြန်ကြားရေးအတွင်းဝန် ဒီမီထရီပီးစကော့ဗ်က သတင်းထောက်များအား မနေ့က ပြောသည်။

“ကျွန်တော်တို့အတွက်တော့ မြန်မာနိုင်ငံရဲ့ အခြေအနေက စိုးရိမ်စရာ ဖြစ်နေပြီ၊ ဒီ နိုင်ငံတွင်းမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို ကျွန်တော်တို့ သေချာအနီးကပ် စောင့်ကြည့်နေတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းရေးကိုလည်း ရုရှအာဏာပိုင်များက ချင့်ချိန်သုံးသပ်နေပြီဖြစ်ကြောင်း ပီးစကော့ဗ်က ပြောသည်ကို တူရကီအခြေစိုက် Anadolu Agency က ကိုးကားသတင်းဖော်ပြသည်။

မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအတွက် ဆက်လက် ပံ့ပိုးသွားမည်ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့တွင် တစ်ညီတစ်ညွတ်တည်း ထုတ်ပြန်ပြီးနောက်၌ ရုရှ၏ မူဝါဒ ပြောင်းလဲလာပုံလည်း ရသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အလေ့အထများနှင့် ဖြစ်ပေါ်တိုးတက်မှုများကို ထိန်းသိမ်းထားနိုင်ရေး၊ အကြမ်းဖက်မှုများကို ရှောင်ကြဉ်ရန၊ လူအခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို အပြည့်အဝ လေးစားလိုက်နာရန်နှင့် ဥပဒေစိုးမိုးရေး ထိန်းသိမ်းရန် လိုအပ်ကြောင်းကို လုံခြုံရေးကောင်စီ ထုတ်ပြန်ချက်၌ အလေးအနက်ထား ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာစစ်တပ်အနေဖြင့် အကြမ်းဖက်မှုများကို အစွမ်းကုန် ရှောင်ကြဉ်ရေး တိုက်တွန်းထားပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်းလည်း အလေးထား ဖော်ပြထားသည်။

ကောင်စီ၏ ကိုယ်စား လုံခြုံ‌ရေးကောင်စီ ဥက္ကဋ္ဌက ထုတ်ပြန်သည့် ယခု ထုတ်ပြန်ချက်သည် presidential statement ထုတ်ပြန်ချက်တစ်ရပ်ပဲ ဖြစ်သည်။ ယင်း ထုတ်ပြန်ချက်အား တရားဝင်အစည်းအဝေး၌ အတည်ပြုခဲ့ခြင်း ဖြစ်ကာ ရုရှနှင့် တရုတ်နိုင်ငံတို့ကပါ ထောက်ခံပြီး တရားဝင်ထုတ်ပြန်ခဲ့ခြင်းပဲ ဖြစ်သည်။

လက်ရှိ presidential statement ထုတ်ပြန်ချက်မှာ ‘မြန်မာနိုင်ငံ အခြေအနေ’ အဖြစ် ကောင်စီ၏ သုံးသပ်ချက်နှင့်အတူ ထုတ်ပြန်ခြင်း ဖြစ်သည်။

ယခင်က လုံခြုံရေးကောင်စီ၏ မြန်မာနှင့် ပတ်သက်သော presidential statement မှာ ၂၀၁၇ နိုဝင်ဘာလအတွင်းက ထုတ်ပြန်ထားခြင်း ဖြစ်ကာ ရခိုင်ပြည်နယ်၌ ရိုဟင်ဂျာအသိုင်းအဝန်းအား နှိပ်ကွပ်ဖြိုခွင်းခဲ့သည့် လွန်ကဲစစ်အင်အားသုံးစွဲခြင်းနှင့် လူမျိုးစုဆိုင်ရာ အကြမ်းဖက်မှုများ ရပ်တန့်ရန် မြန်မာအစိုးရအား တိုက်တွန်းခဲ့သည့် ထုတ်ပြန်ချက်ဖြစ်သည်။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...