နိုင်ငံတဝန်းဆန္ဒပြပွဲများနှင့် ညမထွက်ရအမိန့်ကြောင့် အဝေးပြေးယာဉ်များ ပုံမှန်သွားလာမှုမရှိ

နိုင်ငံတဝန်းဆန္ဒပြပွဲများနှင့် ညမထွက်ရအမိန့်ကြောင့် အဝေးပြေးယာဉ်များ ပုံမှန်သွားလာမှုမရှိ

ယဉ်ထောမွန် - နိုင်ငံတဝန်းဆန္ဒပြပွဲများနေ့စဉ်ဖြစ်ပေါ်နေသည့်အပြင် ညမထွက်ရအမိန့်ကြောင့် ခရီးသည်များ သွားလာမှုမရှိသလောက်ဖြစ်နေပြီး အဝေးပြေး ခရီးသည်တင်မော်တော်ယာဉ်များ ပုံမှန်သွားလာမှုမရှိတော့ကြောင်း သိရသည်။

ကိုဗစ် ၁၉ ဒုတိယလှိုင်းစတင်သည့် ၂၀၂၀ ခုနှစ် စက်တင်ဘာလမှ အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲမှုရပ်နားခဲ့သော်လည်း လက်ရှိအချိန်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးတွင် အသွားအလာကန့်သန့်ထားခြင်း မရှိတော့ပေ။   

“ညဘက်သွားလာတဲ့အခါကျတော့ မော်လမြိုင်ကနေ ရန်ကုန်သွားမယ်ဆိုရင် အမြန်လမ်းပေါ်မှာတော့ သွားလို့ရတယ် ဒါပေမယ့် မြို့ထဲဝင်ခါနီးဆို ဆက်သွားလို့မရတော့ဘူး မြို့ပြင်မှာပဲနေရတာ ၄ နာရီမထိုးမချင်းကိုစောင့်ရတာ ခရီးသည်တွေလည်း ကားပေါ်မှာအိပ်ရတာပေါ့”ဟု မော်လမြိုင်မှ ရန်ကုန်သို့ လုံးချင်းယာဉ်မောင်းသူတစ်ဦးက ပြောသည်။

ထို့အပြင် ခရီးသည်နည်းပါးလာသောကြောင့် ကုန်စည်တင်ပို့မှုသာ လုပ်ဆောင်နေရကြောင်း သံဖြူဇရပ်အဝေးပြေးဂိတ်ရှိ မန္တလာမင်း Express တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 “ခရီးသည်ပို့ဆောင်တာ မသွားဖြစ်တော့ဘူး ကုန်စည်နဲ့ပဲလိုင်းတွေ ပြေးဆွဲနေတာပေါ့ ကုန်စည်စီးဆင်းမှုတွေလည်းအားနည်းတော့ မရှုံးရုံတမယ်လေးပဲ ထွက်နေရတယ် ခရီးသည်တင်တဲ့ကားတွေတော့ရှိတယ် အပြည့်တော့မတင်ကြဘူး ပုံမှန်ဖောက်သည်လောက်နဲ့  သွားကြတာတော့ရှိတယ်”ဟု ၎င်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ခရီးသွားပြည်သူများအနေဖြင့် Covid-19 ကင်းရှင်းကြောင်း ထောက်ခံစာမလိုအပ်သည့်အပြင် နိုင်ငံရေးအခြေအနေကြောင့် လမ်းခရီးပိတ်ဆို့မှုများလည်းမရှိသေးကြောင်း သိရသည်။

လက်ရှိနိုင်ငံရေးအခြေအနေအရ နိုင်ငံတစ်ဝှမ်းမြို့နယ်အသီးသီးတွင်  ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသဖြင့် ည ၈ နာရီမှ နံနက် ၄ နာရီအချိန်အတွင်း အသွားအလာကန့်သန့်ထားကြောင်း၊ မြို့ပေါ်အသီသီးတွင် လူစုလူဝေးဖြင့် နေစဉ်ဆန္ဒပြမှုများဖြစ်ပေါ်လျှက်ရှိရာ လုံခြုံရေးတပ်ဖွဲ့များက သေနတ်ပစ်ဖောက်၍ လူစုခွဲမှုများရှိနေကြောင်း၊ မြို့အဝင်အထွက်များတွင် ရဲနှင့်စစ်သား လုံခြုံရေးတပ်ဖွဲ့များက မော်တော်ယာဉ်များကိုရပ်တန့်စေ၍ ဖုန်းများကိုစစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်း သတင်းရရှိသည်။

March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...