လွှတ်တော်ကိုယ်စားပြုကော်မတီများက ဒေသအလိုက် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ ဖွဲ့စည်း

လွှတ်တော်ကိုယ်စားပြုကော်မတီများက ဒေသအလိုက် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ ဖွဲ့စည်း

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၏ ဒေသအလိုက် လွှတ်တော်ကိုယ်စားပြုကော်မတီများက နယ်မြေအချို့တွင် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းလျှက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားပြုကော်မတီ (CRYH) က မတ်လ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အမှတ် ၁၁/၂၀၂၀၁ ၌ ရန်ကုန်တိုင်းအတွင်း (ကိုကိုးကျွန်းမြို့နယ်) မှအပ ကျန်မြို့နယ်အားလုံးတွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များအား ဖွဲ့စည်းပြီး ဖြစ်ကြောင်းနှင့် အဆိုပါ နေ့၌ပင် မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားပြုကော်မတီ (CRMH) ၏ကြေညာချက်အမှတ် ၉/၂၀၂၁ တွင်လည်း တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၅ မြို့နယ်တွင် ကြားကာလ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ ဖွဲ့စည်းပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

CRPH အနေဖြင့် CDM ဝန်ထမ်းများအား ပံ့ပိုးကူညီရေးအသင်းကို ဖေဖော်ဝါရီ ၁၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကူညီထောက်ပံ့မှုများ ပေးနိုင်ရန် အရပ်ဖက် အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျှက်ရှိသည်။

အာဏာသိမ်း စစ်ကောင်စီက CRPH နှင့် CRPH က ဖွဲ့စည်းသည့် အဖွဲ့အစည်းများကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်နေကြသည့် အဖွဲ့အစည်းများဟု သတ်မှတ်ကာ မတ်လ ၅ ရက်က အသိပေးထုတ်ပြန်ချက် လုပ်ဆောင်ခဲ့သည်။

ယင်းကဲ့သို့ ဖွဲ့စည်းမှုများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်သည့်အပြင် ရာဇသတ်ကြီး ပုဒ်မ ၁၂၂ အရ နိုင်ငံတော်သစ္စာ ဖောက်ဖျက် ပုန်ကန်မှုကို ကျူးလွန်ရာရောက်ပြီး သေဒဏ်ဖြစ်စေ၊ နှစ် ၂၀ ကာလအထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်နိုင်သည့် ပြစ်မှုဖြစ်ကြောင်း သတိပေးထားသည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...
မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...