နာကူ ဦးကျော်သူနှင့် ဇနီးတို့ကို စစ်ကောင်စီ တရားစွဲထား

နာကူ ဦးကျော်သူနှင့် ဇနီးတို့ကို စစ်ကောင်စီ တရားစွဲထား
Photo: EPA
Photo: EPA

နာရေးကူညီမှုအသင်း (ရန်ကုန်) ဦးစီးတည်ထောင်သူ ဦးကျော်သူနှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့ကို စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဝန်ထမ်းများကို ကူညီ၍  စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဖြင့် မရမ်းကုန်းမြို့မစခန်းတွင် အမှုဖွင့်ထားကြောင်း စစ်ကောင်စီက မတ် ၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

နာကူရုံးကို မတ်လ ၃ ရက်နေ့တွင် စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး ရှာဖွေခဲ့ရာ ရုံးတွင်းပစ္စည်းနှင့် ဝန်ထမ်းတချို့ကို ရိုက်နှက်ခဲ့သေးသည်။ ယင်းနေ့တွင် ဦးကျော်သူတို့ ဇနီးမောင်နှံကို မတွေ့ရှိသဖြင့် စစ်ဆေးစရာ စာရွက်များရရှိခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။

CDM ဝန်ထမ်းများကို ထောက်ပံ့ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီအဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် စုစုပေါင်း ၄၉၈ ဦး တို့ထံမှ ဖေဖော်ဝါရီ ပထမအပတ်မှ မတ်လ ၃ ရက်အထိ ငွေသိန်းခြောက်ထောင့်တစ်ရာကျော် (US 20670) လက်ခံခဲ့ကြောင်း စစ်ကောင်စီက စွပ်စွဲသည်။ သိန်း နှစ်သောင်းကျော် ထည့်ဝင်ထားသော Fix Deposit ဘဏ်အကောင့် ၆ ခုကိုလည်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီစွပ်စွဲထားသည့် ဘဏ်သတင်းအချက်အလက်ကို မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြနိုင်ခြင်း မရှိပါ။

လက်ခံရရှိငွေများကို ဝန်ထမ်းပေါင်း ၂၀၀၈ ဦးအထိ (ကျပ် ၁ သိန်းမှ ၂သိန်းအထိ) သိန်း ၂၈၀၀ ကျော် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကွန်တိန်နာယာဉ်မောင်းများ၊ မီးရထားဝန်ထမ်းများကိုပါ CDM လုပ်ဆောင်ရန် တိုက်တွန်းချက်များရှိသည်ကို တွေ့ရှိကြောင်း ဖော်ပြထားသည်။

နာကူဦးကျော်သူသည် အမြတ်အစွန်းမပါသော လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်ချက်ကြောင့် ၂၀၁၅ ခုနှစ်တွင် အာရှတိုက်၏ နိုဘယ်ဆုဟု တင်စားခံရသော ရာမွန်မက်ဆေးဆေး (Ramon Magsaysay) ဆုရရှိထားသူလည်းဖြစ်သည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...
မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...