ဖမ်းဆီးခံ မြိတ်အခြေစိုက် DVB သတင်းထောက် ယနေ့မနက်ပိုင်းအထိ မိသားစုနဲ့ အဆက်အသွယ် မရသေး

ဖမ်းဆီးခံ မြိတ်အခြေစိုက် DVB သတင်းထောက် ယနေ့မနက်ပိုင်းအထိ မိသားစုနဲ့ အဆက်အသွယ် မရသေး

စစ်အာဏာသိမ်း ကောင်စီက မတ်လ ၁ ရက်နေ့ ညပိုင်းမှာ မြိတ်မြို့ရှိ နေအိမ်မှာ အကြမ်းဖက် ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ DVB သတင်းထောက် ကိုကောင်းမြတ်လှိုင် (ခ) အောင်ကျော်ကို ယနေ့ မတ်လ ၂ ရက်နေ့ မနက်ပိုင်း အထိ မိသားစုနဲ့ အဆက်အသွယ် မရသေးတာကြောင့် စိုးရိမ်နေရတယ်လို့ ဇနီးဖြစ်သူက မဇ္ဈိမကို ပြောဆိုပါတယ်။

ကိုကောင်းမြတ်လှိုင် (ခ) အောင်ကျော်ကို မတ်လ ၁ ရက်နေ့ ည ၁၀ နာရီ ၄၅ မီနှစ် အချိန်မှာ ထားဝယ်ရပ်ကွက်ရှိ နေအိမ်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အင်အား ၅၀ နီးပါးလောက်က အုတ်နီခဲနဲ့ ပစ်ပေါက်ကာ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကာ ထိခိုက် ဒဏ်ရာတွေ ရရှိခဲ့သလို နေအိမ် အတွင်း အတင်း တက်ရောက် ဖမ်းဆီးစဉ်လည်း ရိုက်နက်မှုတွေ ရှိခဲ့တယ်လို့ မိသားစုဝင်တွေက ပြောဆိုပါတယ်။

အခုလို အကြမ်းဖက် ဖမ်းဆီး ခေါ်ဆောင်သွားတာကြောင့် ထိခိုက် ဒဏ်ရာတွေ ရရှိထားတာကြောင့် အရမ်း စိုးရိမ်နေရတယ်လို့ ဇနီးဖြစ်သူ မနေခြည်က ပြောပါတယ်။

အခုလို သတင်းထောက် တစ်ဦးကို အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ နေချိန်မှာ ဖမ်းဆီး ခေါ်ဆောင်ခြင်း မဟုတ်သလို ရည်ရွယ်ချက် ရှိရှိနဲ့ နေအိမ်မှာ ညဖက်မှာ ဖမ်းဝရမ်း မပါပဲ ဖမ်းဆီးခြင်းဟာ တရား ဥပဒေနဲ့ လုံး၀ မကိုက်ညီသလို အတော်ကို ဆိုးဝါးတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မြိတ်အခြေစိုက် သတင်းထောက် တစ်ဦးက ပြောဆို ပါတယ်။

ဒါကြောင့် မတရား ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ DVB သတင်းထောက် ကိုကောင်းမြတ်လှိုင် (ခ) အောင်ကျော်ကို အမြန်ဆုံး ချက်ချင်း လွှတ်ပေးဖို့ မြိတ်မြို့က နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ကျောင်းသားသမဂ္ဂအဖွဲ့ မြန်မာနိုင်ငံ ရှေ့နေများ ကွန်ယက်နဲ့ မြိတ်အခြေစိုက် သတင်း မီဒီယာတွေကို တောင်းဆိုထားပါတယ်။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...