ပုသိမ်မြို့တွင် CDM ဝန်ထမ်းများအတွက် CDM SUPPORT TEAM အားဖွဲ့စည်း

ပုသိမ်မြို့တွင် CDM ဝန်ထမ်းများအတွက် CDM SUPPORT TEAM အားဖွဲ့စည်း

ပုသိမ်မြို့တွင် CDM ပြုလုပ်သောဝန်ထမ်းများအတွက် CDM SUPPORT TEAM အား လွှတ်တော်ကိုယ်စားလှယ်များ၊ NLD မြို့နယ်အလုပ်အမှုဆောင်များ၊ မြို့မိမြို့ဖများ၊ ဝိုင်းဝန်းကူညီပံ့ပိုးကူညီသူများနှင့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစ၍ ဖွဲ့စည်းထားပြီးဖြစ်သည်ဟု သိရသည်။

ပုသိမ်မြို့တွင် CDM ပြုလုပ်သောဝန်ထမ်း အများအပြားရှိပြီး ၎င်းဝန်ထမ်းများအား ထောက်ပံ့ပေးနိုင်ရန် ၊ကူညီနိုင်ရန် စာရင်းပြုစုမှုများပြုလုပ်လျှက်ရှိပြီး လာရောက်စာရင်းပေးသူများလည်းရှိသည်ဟု သိရသည်။

"ဝန်ထမ်းတွေက များသောအားဖြင့် မပြေလည်ကြဘူး။ လစာထုတ်လိုက် အကြွေးဆပ်လိုက်ဖြစ်နေတဲ့အချိန်မှာ CDM မှာ ပါဝင်လာကြတယ်ဆိုတော့ ဒီကာလက တစ်လအတွင်းပြီးသွားနိုင်သလို ရေရှည်လည်းဖြစ်သွားနိုင်တယ်။ အဲ့တာကြောင့် ဝန်ထမ်းတွေ နောက်ဆံမတင်းပဲ အဆုံးထိပါဝင်လို့ရအောင် CDM SUPPORT TEAM ကိုဖွဲ့စည်းတာပါ။"ဟု ၎င်းအဖွဲ့အစည်းမှတာဝန်ရှိသူတစ်ဦးမှ ပြောသည်။

၎င်းအဖွဲ့စတင်ဖွဲ့စည်းစဉ်က ဝန်ထမ်းအိမ်ရာတွင်နေသော ဝန်ထမ်းများအား အိမ်ရာတွင်မနေခိုင်းပဲ မောင်းထုတ်ခံရလျှင် နေစရာစီစဥ်ပေးရန်သာ စီစဉ်မှုများရှိခဲ့ပြီး ယခုအခါ အခြားအဖွဲ့အစည်းများ အလှူရှင်များနှင့် ချိတ်ဆက်မိပြီး အလှူငွေကောက်ခံမှုများ လက်ခံမှုများ မပြုလုပ်သေးသော်လည်း CDM ပြုလုပ်သော ဝန်ထမ်းများ၏ လတ်တလော အခက်အခဲများအား ကူညီဆောင်ရွက်ပေးနေသည်ဟု ၎င်းတာဝန်ရှိသူမှ ဆက်လက်ပြောသည်။

လက်ရှိတွင် CDM တွင်ပါဝင်သော ပုသိမ်မြို့ပေါ်မှ ဝန်ထမ်းများအား သီးသန့်ကူညီချင်သော လူများနှင့်၊အဖွဲ့အစည်းများ အား သက်ဆိုင်ရာဌာနများနှင့် CDM SUPPORT TEAM မှ ချိတ်ဆက်ပေးပြီး ကူညီနေသည်ဟု သိရသည်။

မြန်မာ့မီးရထား ဝန်ထမ်းများ၊ ပုသိမ်ဆေးရုံမှ အောက်ခြေဝန်ထမ်းများအား သီးသန့်အလှူရှင်များမှ စားနပ် ရိက္ခာများ ကူညီနိုင်ရန်ချိတ်ဆက်မှုများပြုလုပ်ပေးခဲ့ပြီး ဓာတ်မြေသြဇာ စက်ရုံမှ ဝန်ထမ်းများအားလည်း ကူညီနိုင်ရန် အလှူရှင်များနှင့် ချိတ်ဆက်နေသည်ဟု သိရသည်။

ပုသိမ်မြို့ရှိ CDM ဝန်ထမ်းများနှင့် ကူညီသောအဖွဲ့အစည်းများကြားတွင် ချိတ်ဆက်မှုများ အားနည်းနေခြင်းကြောင့် CDM ပြုလုပ်သော ဝန်ထမ်း စာရင်းအပြည့်အစုံအား မရရှိသေးကြောင်းနှင့် ဝန်ထမ်းများအား ကူညီသော စားနပ်ရိက္ခာနှင့်ငွေကြေးများသည် အခြားနိုင်ငံမှ အကူအညီတစုံတရာမပါရှိပဲ ပုသိမ်မြို့ပေါ်မှ အလှူရှင်များ အဖွဲ့အစည်းများမှသာ ကူညီထောက်ပံ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...