ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကို ပြည်ဝင်ဗီဇာမပေးရန် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဆုံးဖြတ်ထား

ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကို ပြည်ဝင်ဗီဇာမပေးရန် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဆုံးဖြတ်ထား

မြန်မာနိုင်ငံ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အသစ် သောမတ်စ် အင်ဒရူးစ် Thoma Andrews ကို မြန်မာနိုင်ငံပြည်ဝင်ဗီဇာမပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆုံးဖြတ်ထားသည်ကို မဇ္ဈိမက စုံစမ်းသိရရှိရသည်။

မဇ္ဈိမက လက်ခံရရှိထားသော အထောက်အထားအရ သောမတ်စ် အင်ဒရူးစ်ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားလာပါက " မည်သည့်ပြည်ဝင်ခွင့်ဗီဇာအမျိုးအစားမှ ထုတ်ပေးခြင်း မပြု (မပြုရန်)" နေပြည်တော်က ညွှန်ကြားထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကိုအမြန်ပြန်လွှတ်ပေးပြီး အရပ်သား အစိုးရအုပ်ချုပ်မှု ပြန်ပေးဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်များကို တောင်းဆိုရန် အီးယူ ဥရောပသမဂ္ဂက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို ကြာသပတေးနေ့တွင် အဆိုပြု မူကြမ်းတရပ်တင်သွင်းထားသည်။

သောကြာနေ့တွင် ပြုလုပ်မည့် လူ့အခွင့်အရေးကောင်စီ၏ အထူးအစည်းအဝေးတွင် အဆိုပြုချက်မူကြမ်းကို ဆွေးနွေးသွားမှာဖြစ်သည်။

Most read this week

The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
September 5, 2026
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅...
ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...