AA တပ်ဖွဲ့နေ့ ကျင်းပခဲ့မှုတွင် ဖမ်းဆီးခံရသူများ လွတ်မြောက်ရေး စီစဉ်သူများအား သတိပေး

AA တပ်ဖွဲ့နေ့ ကျင်းပခဲ့မှုတွင် ဖမ်းဆီးခံရသူများ လွတ်မြောက်ရေး စီစဉ်သူများအား သတိပေး
by -
မဇ္ဈိမ
 မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ကြိုးပမ်းလျှက်ရှိသော ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA ၏ ၈ နှစ်မြောက် တပ်အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည့် မြောက်ဦးမြို့မှ မြတန်ဆောင်ဘုန်းတော်ကြီးကျောင်း၏ လက်ရှိကျောင်းထိုင်ဆရာတော်အပါအဝင် ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်သူများအား ဧပြီ ၂၀ရက်​ ညနေက မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့နှင့် သာသနာရေးဝန်ကြီးဌာတို့ လာရောက်သတိပေးခဲ့သည်​ဟု ဆိုသည်​။

“ဒီနေ့ ကျွန်တော်တို့ အဲဒီဘုန်းတော်ကြီးကျောင်းကို သွားရောက်ပြီးတော့ သတိပေးမှုတချို ့ပြုလုပ်ခဲ့တာ ဟုတ်ပါတယ်။”ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်ရဲမှူးကြီး စိန်လွင်၏ ကိုယ်ရေးအရာရှိက ပြောသည်။

ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ခဲ့ရာတွင် ပါဝင်သော မြောက်ဦးခရိုင်ရဲမှူး အပါအဝင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့မရဲစခန်းမှူးတို့အား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားခွင့်မရှိကြောင်းသာ ပြောကြားခဲ့သည်။

“မြတန်ဆောင်ကျောင်းဆရာတော် အဖမ်းခံထားရတာနဲ့ ပတ်သက်ပြီးတော့ မနက်ဖြန် ဆန္ဒထုတ်ဖော်မှုလုပ်တဲ့အခါမှာ တရားမဝင်အသင်းတွေရဲ့ အမည်နာမတွေကို ထည့်သွင်းတောင်းဆိုုမှုတွေ မလုပ်ဖို့အတွက် ကျွန်တော်တို့ကို ဒီနေ့ညနေပိုင်းမှာ ရခိုင်ပြည်နယ် ရဲမှူးကြီးပါဝင်တဲ့ ရဲတပ်ဖွဲ့က လာပြီးသတိပေးမှုတွေလုပ်ခဲ့ပါတယ်။”ဟု ရခိုင်အမျိုးသားပါတီ (မြောက်ဦး) အတွင်းရေးမှူး ဦးထွန်းနေဝင်းက ပြောသည်။

ဧပြီလ ၁၀ ရက်နေ့က ကျရောက်ခဲ့သည့် AA တပ်ဖွဲ့၏ ၈ နှစ်မြောက် တပ်ဖွဲ့စည်းခြင်း အထိမ်းအမှတ်နေ့ကို ဂုဏ်ပြု သောအားဖြင့် မြောက်ဦးမြို့ မြတန်ဆောင်ဘုန်းတော်ကြီးကျောင်းတွင် “ရခိုင့်တပ်မတော်နေ့၊ ရခိုင့်တပ်မတော်ဖလား” ဘောလုံးပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့သောကြောင့် ကျောင်းထိုင်ဆရာတော် ဦးနန္ဒသာရနှင့် ကိုခိုင်နီမင်းတို့မှာ ဧပြီလ ၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည်။

၎င်းတို့အား ပြန်လည်လွတ်မြောက်နိုင်ရေး AA ထောက်ခံသူများမှ ဆန္ဒဖော်ထုတ်ပွဲများကို ပြုလုပ်ရန် စီစဉ်နေကြသည့် အတွက် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ ယခုကဲ့သို့ လာရောက်သတိပေးခဲ့ခြင်း ဖြစ်သည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...