မြိတ်တွင် လူထုဘက်က ရပ်တည်မည်ဟု တက်ရောက် ဟောပြောသည့် ရဲတပ်သားတစ်ဦး ဖမ်းဆီးခံရ

မြိတ်တွင် လူထုဘက်က ရပ်တည်မည်ဟု တက်ရောက် ဟောပြောသည့် ရဲတပ်သားတစ်ဦး ဖမ်းဆီးခံရ

ပြည်သူ သိန်းချီ ပူးပေါင်း ပါဝင်သော အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတွင် လူထုဘက်က ရပ်တည်သွားမည်ဟု ဆန္ဒပြပွဲတွင် လာရောက် ပူးပေါင်း ဟောပြောသည့် ရဲတပ်သား တစ်ဦးကို မြိတ်မြို့မရဲစခန်းမှ ဖမ်းဆီး အရေးယူခဲ့သည်။

အဆိုပါ ရဲတပ်သားသည် မြိတ်မြို့ ကမ်းနားလမ်းရှိ ဆီဗျူးကွန်ဒိုတွင် လုံခြုံရေး တာဝန် ထမ်းဆောင်နေရာမှ ဆန္ဒပြပွဲသို့ ရောက်ရှိလာပြီး ၎င်းအမျိုးသမီးမှာလည်း ကျောင်းဆရာမ တစ်ဦး ဖြစ်သလို ပြည်သူဘက်က ရပ်တည်တာကြောင့် ကျွန်းတော်လည်း ပြည်သူ့ဘက်က ရပ်တည်သွားမှာ ဖြစ်ကြောင်း သပိတ် စစ်ကြောင်းတွင် လာရောက် ဟောပြောပြီး နာရီပိုင်းအကြာတွင် ဖမ်းဆီးခံခဲ့ရတာ ဖြစ်သည်။

 မြိတ်မြို့မှာ ပြုလုပ်သည့် ဆန္ဒထုတ်ဖော်မှုမှာ ဒေသခံပြည်သူ တစ်သိန်းကျော် ပါဝင်ခဲ့ကြပြီး ပညာရေးဝန်ထမ်းများ၊ ဥပဒေပညာရှင်အဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊  မြေစာရင်းဦးစီးဌာန၊ ပုဂ္ဂလိက ဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနဲ့ အခြားသော ဌာနဆိုင်ရာ ဝန်ထမ်းတစ်ချို့ ပူးပေါင်း ပါဝင်လာခဲ့ကြသည်။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...