မန္တလေးမြို့ ၃၈ လမ်း ဆန္ဒပြသူများထဲမှ စစ်တပ်ဝန်းဘက်ထွက်ပြေးသူ ၄၀ ဦးခန့် ဖမ်းဆီးခံရ

မန္တလေးမြို့ ၃၈ လမ်း ဆန္ဒပြသူများထဲမှ စစ်တပ်ဝန်းဘက်ထွက်ပြေးသူ ၄၀ ဦးခန့် ဖမ်းဆီးခံရ

မန္တလေးမြို့ ၃၈ လမ်းမှာ တောင်းဆိုနေတဲ့ပြည်သူတွေ ငြိမ်ရင် ဖမ်းဆီးခံထားရသူတွေလွှတ်ပေးမယ်ဆိုလို့ ပြည်သူတွေငြိမ်နေစဉ်မှာ ရေကားနဲ့ဖြိုခွဲဖမ်းဆီးခဲ့တာကြောင့် ထွက်ပြေးစဉ် အုတ်တံတိုင်းကျော်မိပြီး

စစ်တပ်ဘက်ခြမ်းရောက်သွားသူတွေထဲက လူ ၄၀ လောက် အဖမ်းခံလိုက်ရတယ်လို့ ထွက်ပြေးလာသူတစ်ဦးက ပြောပါတယ်။

ရေကားနဲ့ ဖြိုခွင်းပြီး လိုက်လံဖမ်းဆီးတာကြောင့် အုတ်တံတိုင်းကျော်ပြေးချိန်မှာ အုတ်တံတိုင်းအနောက်ဘက်မှာ စစ်တပ်က အင်အားအပြည့်နဲ့ ဖမ်းသွားတာဖြစ်ပြီး ထွက်ပြေးလွတ်မြောက်လာသူတချို့ကတော့ ကြေးနန်းကြိုးတွေကာထားတဲ့ရေမြောင်းကို ဖြတ်ပြီး ထွက်ပြေးလာခဲ့တာပါ။

"ထွက်ပြေးကျချိန်က လူ ၁၀၀ လောက်ထွက်ပြေးတာ ဟိုဘက်က သေနတ်တွေနဲ့ မပြေးနဲ့ပြေးရင်ပစ်သတ်မယ်ဆိုပြီး ဖမ်းတာ လူ ၄၀ လောက်ပါသွားတယ်။ ကျနော်တို့အဖွဲ့ထဲက လူ ၈ ယောက်ပါသွားတယ်။ တခြားလူတွေရောအများကြီးပါသွားတယ်။ အခုဘယ်ရောက်နေကြမှန်းမသိဘူး။ ပျောက်သွားမှာကို ကျနော်တို့စိုးရိမ်တယ်။"လို့  ထွက်ပြေးလာသူ ကိုအောင်မျိုးထွန်းက ပြောပါတယ်။

၃၈ လမ်း ၇၈ လမ်းထောင့်မှာတော့ ရေကားတွေနဲ့ တောက်လျှောက်ဖြိုခွဲနေပြီး မျက်ရည်ယိုဗုံးတွေနဲ့လည်း ဖောက်ခွဲနေပါတယ်။

၃၈ လမ်းနဲ့ ၇၃ လမ်းမှာတော့ ပြည်သူတွေက ထိုင်သပိတ်ပြုလုပ်တောင်းဆိုနေကြပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 27, 2026
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဂျိတ်လွယ်ကျေးရွာအနီး မြေရှားသတ္တု တူးဖော်နိုင်ရေး ကြိုးပမ်းလုပ်...
စစ်မှုထမ်း အမှတ်(၄) သင်တန်းသားများအား မြင်တွေ့ရစဥ်(MOI)
June 26, 2026
ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့သို့ ခရီးသည်တင်ကားများဖြင့် လာသည့် လူငယ်၊ လူရွယ်...
June 25, 2026
ကချင်ပြည်နယ်၊ ရွှေကူခရိုင်အတွင်း နေထိုင်ကြသည့် ဒေသခံများနှင့် လုပ်ငန်းရှင်များအနေဖြင့်...