သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူ အသတ်ခံရမှု ဖော်ထုတ်အရေးယူပေးရန် RSF တိုက်တွန်း

သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူ အသတ်ခံရမှု ဖော်ထုတ်အရေးယူပေးရန် RSF တိုက်တွန်း
by -
မဇ္ဈိမ
သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူ ဝေယံဟိန်းသတ်ဖြတ်ခံရမှုနှင့်ပက်သက်ပြီး တရားခံကို အမြန်ဆုံးဖော်ထုတ်ပေးရန် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က မြန်မာအာဏာပိုင်များကို ဧပြီ ၁၉ တွင် ​ကြေညာချက်တစ်ခုထုတ်ကာ တိုက်တွန်းလိုက်သည်။ အသတ်ခံရသူ ကိုဝေယံဟိန်းဦးဆောင်သည့် သံမဏိနှင်းဆီဂျာနယ်သည် မကြာသေးမီက အာဏာရှင်ဟောင်းအချို့နှင့်ပတ်သက်ဆက်နွယ်နေသည့် စီးပွားရေးသမားများအကြောင်း ဖော်ပြခဲ့သည်ဟု ၎င်း​ကြေညာချက်တွင် ဖော်ပြထားသည်။ ကိုဝေယံဟိန်းအသတ်ခံရမှုနဲ့ပတ်သက်ပြီး အာဏာပိုင်ဘက်မှ သတင်းထုတ်ပြန်ပေးမည်ပြောဆိုထားပြီး မြန်မာ့သတင်းမီဒီယာကောင်စီ MJN အနေဖြင့်လည်း အာဏာပိုင်များဘက်မှ ထုတ်ပြန်ချက်ကို စောင့်ကြည့်လျှက်ရှိသည်​ဟု ဆိုသည်​။ ဧပြီလ (၁၆)ရက် ပုဇွန်တောင် (၂)ရပ်ကွက်ရှိ သံမဏိနှင်းဆီ ဂျာနယ်တိုက်တွင် ထိုးသွင်းဒဏ်ရာ ၁၅ ချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ ပုဇွန်တောင်မြို့မရဲ စခန်းက ရာကြီးဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျှက်ရှိပြီး ၄ ရက်ကျော်ထိတိုင် မည်သည့် ထုတ်ပြန်ချက်မှ ထုတ်ပြန်ပေးခြင်း မရှိသေးပေ။ ထို့အတူ RSF အနေဖြင့် လွန်ခဲ့သည့်နှစ်ကုန်ပိုင်းက ရိုက်နှက်အသတ်ခံခဲ့ရသည့် မုံရွာမြို့အခြေစိုက် Eleven သတင်းထောက်အမှုနှင့်ပက်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကို အရေးယူပေးရန်​လည်း တိုက်တွန်းထားသေးသည်။
May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...