ပဒိုမန်းငြိမ်းမောင်၏ လုပ်ဆောင်မှု အားလုံး မိမိတို့နှင့် မပတ်သက်ကြောင်း ကေအဲန်ယူ ထုတ်ပြန်

ပဒိုမန်းငြိမ်းမောင်၏ လုပ်ဆောင်မှု အားလုံး မိမိတို့နှင့် မပတ်သက်ကြောင်း ကေအဲန်ယူ ထုတ်ပြန်

ပဒိုမန်းငြိမ်းမောင်သည် အဖွဲ့အစည်းမှ နုတ်ထွက်သွားပြီဖြစ်ပြီ သူ၏ လုပ်ဆောင်မှုများအားလုံးသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် မည်သို့မျှပတ်သက်ခြင်းမရှိကြောင်း ယနေ့ ကေအဲန်ယူက သတင်းထုတ်ပြန်ကြေညာလိုက်သည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၂) ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ အမိန့်  အမှတ် ( ၉/၂၀၂၁)အရ ဖွဲ့စည်းလိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီတွင် ပဒိုမန်းငြိမ်းမောင်အား ထည့်သွင်းထားခြင်းကိစ္စနှင့်ပတ်သက်၍ ကေအဲန်ယူဘက်က ယခုလို ရှင်းလင်းချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ကေအဲန်ယူအနေဖြင့် တပ်မတော်၏ နိုင်ငံတော်အာဏာသိမ်းယူသည့် လုပ်ရပ်အား ဆန့်ကျင်သည့်အဖွဲ့အစည်းဖြစ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အမည်ပါဝင်နေသည့် ပဒိုမန်းငြိမ်းမောင်နှင့်ပတ်သက်၍ သူသည် ၂၀၂၀ခုနှစ်၊ ဇူလိုင်လ (၂၁-၂၃)ရက်နေ့တွင် ပြုလုပ်သည့် ၇ကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ် အစည်းအဝေးတွင် မိမိဆန္ဒအလျောက် နုတ်ထွက်စာတင်ခြင်းကို ဗဟိုကော်မတီအစည်းအဝေးမှ လက်ခံကာ နုတ်ထွက်ခွင့်ပြုခဲ့ပြီဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့အပြင် ကေအဲန်ယူ၏ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ အဆိုပါ နုတ်ထွက်ခြင်းသည် အဖွဲ့ဝင်အဖြစ်မှလည်း နုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...