ကရင်ရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး အမြန်ဆုံးလွတ်မြောက်ရေး ရန်ကုန်တောင်ပိုင်း ကရင်စာယဉ်တောင်းဆို

ကရင်ရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး အမြန်ဆုံးလွတ်မြောက်ရေး ရန်ကုန်တောင်ပိုင်း ကရင်စာယဉ်တောင်းဆို

ခေါ်ယူထိန်းသိမ်းခံရသည့် ရန်ကုန်တိုင်းဒေသကြီး ကရင်ရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး အမြန်ဆုံးပြန် လည် လွတ်မြောက်ရေး မေတ္တာရပ်ခံသည့်အနေဖြင့် ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန် တောင်ပိုင်းခရိုင်)မှ ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် သဘောထားတစ်စောင်ထုတ်ပြန်လိုက်သည်ဟု သိရ သည်။

အဆိုပါသဘောထားထုတ်ပြန်မှုနှင့်ပတ်သက်ပြီး ရန်ကုန်တောင်ပိုင်းကရင်စာ/ယဉ်အတွင်းရေးမှူး မန်းမင်းမင်းက “ အခုလိုထိန်းသိမ်းခံရတဲ့အပေါ် ရန်ကုန်တိုင်းမှာရှိတဲ့ ကရင်စာယဉ်တွေ၊ ကရင်ပြည်သူတွေက စိုးရိမ်သော ကဖြစ်နေကြတဲ့အတွက် ကျနော်တို့ကို မေးမြန်းတင်ပြလာတာမျိုးတွေဖြစ်လာတယ်။ ကျနော်တို့စာ ပေယဉ် ကျေးမှုကော်မတီကလည်း အလွန်တရာ စိတ်မကောင်းဖြစ်ရတဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးနိုင်ဖို့ တောင်းဆိုပြီး သဘောထားထုတ်ပြန်ရတာဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်ရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်အတူ ခေါ်ယူထိန်းသိမ်းခံထားရခြင်းဖြစ်ပြီး ယနေ့အထိ တစ်စုံတစ်ရာ ဆက်သွယ်မှုမ ရရှိသေးကြောင်းလည်း ၎င်းနှင့်နီးစပ်သူများထံမှသိရသည်။

နော်ပန်းသဉ္ဇာမျိုး ခေါ်ယူထိန်းသိမ်းခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး လက်ရှိအခြေအနေများ အပေါ်သိရှိလိုသည့် အတွက် ၎င်းနှင့်နီးစပ်သူတစ်ဦးအား ဆက်သွယ်မေးမြန်ရာတွင်  “ဘာမှဆက်သွယ်လို့မရ၊ ဘယ်ကိုခေါ်သွား လဲဆိုတာတောင်မသိရဘူး” ဟုသာ ကေအိုင်စီသို့ ပြန်လည်ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိတော့ဘဲ အနားယူ တော့မည့် နော်ပန်းသဉ္ဇာမျိုးမှာ အစိုးရသက်တမ်းမကုန်မီအထိ ရန်ကုန်တိုင်းဒေသကြီး ကရင်ရေးရာဝန်ကြီး အဖြစ်သာမက ရန်ကုန်တိုင်း ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌတာဝန်များကိုပါ ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။

July 24, 2026
ကော်သူးလေဒေသအတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် ပဋိပက္ခအခြေအနေ...
July 24, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ ကျောက်ခက်ဒေသမှ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)...
July 23, 2026
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသို့တရားမဝင်သွင်းမည့် စွမ်းရည်မြင့် (FPV)...
July 22, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးနှင့် မင်းလက်ပံဒေသများတွင် တိုက်ပွဲများအတွင်း အထိနာနေသည့်...