စစ်အာဏာသိမ်းလက်အောက် ဆက်လက်လုပ်ကိုင်ခြင်းမပြုသည့် Civil Disobedience Campaign တွင် ရေးမြို့နယ် ဆရာဝန်များပါဝင်လာ

စစ်အာဏာသိမ်းလက်အောက် ဆက်လက်လုပ်ကိုင်ခြင်းမပြုသည့် Civil Disobedience Campaign တွင် ရေးမြို့နယ် ဆရာဝန်များပါဝင်လာ

စိုင်းထွန်းစံ — စစ်အာဏာသိမ်းလက်အောက် ဆက်လက်လုပ်ကိုင်ခြင်းမပြုသည့် Civil Disobedience Campaign တွင် နိုင်ငံတစ်ဝန်းမှ ဆရာဝန်များနှင့်အတူ မွန်ပြည်နယ် ရေးမြို့နယ်မှ ဆရာဝန်များက ဖေဖော်ဝါရီ ၃ ရက်နေ့တွင် စတင်ပါဝင်လာကြောင်း သတင်းရရှိသည်။

“ဖမ်းဆီးထိန်းသိမ်းထားသော ပြည်ထောင်စု မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ နိုင်ငံရင်ကြားစေ့ရေးအတွက် နိုင်ငံတကာမှ တောင်းဆိုထားသည့် နည်းတူ ဥပဒေဘောင်အတွင်းမှ နှစ်ဖက်တာတန်ရှိသူများ စေ့စပ်ဆွေးနွေးရန်၊ ပြည်သူအများစုထောက်ခံသည့် ရွေးကောက်ခံ အမတ်များဖြင့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများ အမြန်ဆုံး ပြန်စနိုင်ရန်” ဆန္ဒသဘောထားထုတ်ပြန်၍ ရေးမြို့ ပြည်သူ့ဆေးရုံ လက်ထောက်ဆရာဝန်များက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“လုပ်တာကတော့ ကိုယ်အမြင်အရပြောရရင် ကောင်းတော့ကောင်းပါတယ်။ တစ်ခုတော့ စဉ်စားရမယ် လူနာအတွက်တော့ ကြည့်ရမယ်ပေါ့။ လူနာအတွက်ကြည့်ရမယ်ဆိုတာ ဒါကြီးကိုလုပ်ပြီးဆိုရင်တော့ လူနာကို ဘယ်လိုကြည့်ကြမလဲပေါ့။ ခုလက်ရှိကတော့ ကျနော်တို့ဆေးရုံက လုပ်နေပြီးလို့ သတင်းကြားတယ်။ ကျနော် ကိုယ်တိုင်လည်း ဆေးရုံမရောက်သေးဘူးဆိုတော့ သေချာတော့ ပြောလို့မရသေးဘူး။ လုပ်မယ်ဆိုရင်တော့ ကျနော်ကတော့ ပါမယ်လို့ ဆုံးဖြတ်ထားတယ်ပေါ့နော်” ဟု မွန်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသည့် လက်ထောက်ဆရာဝန် တစ်ဦးက ပြောသည်။

မွန်ပြည်နယ် ရေးမြို့နယ် ပြည်သူ့ဆေးရုံရှေ့တွင် ယနေ့ နံနက် ၉ နာရီခန့်က Civil Disobedience Campaign ကို ကျန်းမာရေးဝန်ထမ်း လက်ထောက်ဆရာဝန်အပါအဝင် သူနာပြု ၃၀ ဦးခန့်နှင့် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

“သိပ်ကောင်းတာပေါ့ ကောင်းတာပေါ့ဆိုတာက ထူးခြားဖြစ်စဉ်တစ်ခုလို့ ပြောလို့ဖြစ်တယ်။ ဘာကြောင့်လည်း ဆိုတော့ ခေတ်အဆက်ဆက်မှာ တစ်ခါမှ ဆရာဝန်တွေဟာ ရှေ့တန်းထွက်တာမျိုးမရှိဘူးပေါ့။ ပြီးတော့ ယခုအခါမှာ ကပ်ဘေးနဲ့ သူတို့ပင်ပန်းနေတဲ့အခါမှာ သူတို့ရဲ့ မကျေနပ်ချက် ပေါင်းစုံနေရာကနေ စုပြီးတော့ ထွက်လာတဲ့ ဟာကတော့ အရမ်းကို ကောင်းပါတယ်” ဟု ပြင်ပ ဆရာဝန်တစ်ဦးက ဆိုသည်။

ဆက်လက်ပြီး မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီးတွင်လည်း စစ်အာဏာသိမ်းမှု အောက်တွင်အလုပ်မလုပ်နိုင်တာကြောင့် Civil Disobedience Campaign ကို ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

ဖေဖေါ်ဝါရီ ၂ ရက်နေ့ ညနေ ၅ နာရီအချိန်အထိ Civil Disobedience လှုပ်ရှားမှုအဖြစ် မန္တလေး ကုတင် ၃၀၀ ကလေးဆေးရုံ၊ မန္တလေးအထွေထွေရောဂါကုဆေးရုံ၊ မန္တလေး ကုတင် ၃၀၀ ဆံ့ သင်ကြားရေးဆေးရုံ၊ မန္တလေး ကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံ တို့မှ စတင်ပြုလုပ်ခဲ့ ကြသည်။

ထို့ပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံသစ်ကြီး၊ ပဲခူးမြို့ ခုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီး၊ ပြင်ဦးလွင်ကုတင် ၃၀၀ ဆန့် ဆေးရုံကြီး၊ ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုဆေးရုံကြီး၊ စစ်ကိုင်းပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့ ကုတင် ၅၀၀ အထွေထွေ ရောဂါကုဆေးရုံ၊ မိတ္ထီလာကုတင် ၂၀၀ ဆေးရုံ စသည့် ဆေးရုံများမှ လက်ထောက်ဆရာဝန်များနှင့် နေပြည်တော် ကုတင် ၁၀၀၀ ဆံ့ပြည်သူ့ဆေးရုံ နှင့် မန္တလေး ကုတင် ၁၅၀၀ ဆန့် အထွေထွေရောဂါကုဆေးရုံကြီးမှ သူနာပြုဆရာ၊ ဆရာမများ စုပေါင်းပြီး ဖေဖေါ်ဝါရီ ၃ ရက်နေ့မှ စတင်ကာ အလုပ်တာဝန်များမှ မိမိသဘောဆန္ဒများဖြင့် ရပ်နားမည့်အကြောင်း ကြေညာချက်ထုတ်ထားသည်။

သို့ရာတွင် ပြည်သူလူထုများနှင့် သံဃာတော်များဆူပူအုံကြွမှုဖြစ်စေရန် လှုပ်ဆော်နိုင်သည်ဟု ယူဆရသူများကိုလည်း အာဏာပိုင်များက အနီးကပ်စောင့်ကြည့်နေပြီး ယနေ့မှစတင်၍ မုတ္တမတံတားနှင့် ဘီလူးကျွန်းတံတား၊ မော်လမြိုင်မြို့အဝင်အထွက်နေရာများတွင် စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။ 

ဓာတ်ပုံ - Crd
September 19, 2026
မွန်အမျိုးသားလွတ်မြောက်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် အနာဂတ်အကြံပြုချက်များနှင့်...
September 18, 2026
မွန်ပြည်၊ ရေးမြို့နယ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး သုံးစွဲသူနှင့်...
ဓာတ်ပုံ - မော်လမြိုင်မြို့အဝင်ဆိုင်းဘုတ်။ / Crd
September 17, 2026
မွန်ပြည်၊ မော်လမြိုင်မြို့တွင် အသက်မပြည့်သေးသည့် ကလေး ၂ ဦး အပါအဝင် မူးယစ်ဆေးဝါး သုံးစွဲနေသည့်...
ရေဖြူမြို့နယ်အတွင်းက လမ်းပိုင်းတစ်နေရာ။ / CJ
September 16, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရာဖူး-အလယ်စခန်း လမ်းပိုင်းတွင် စစ်အုပ်စုတပ် စစ်ကြောင်းများ...