လွတ်လပ်သော တိုင်းရင်းသား ဘာသာ အစီအစဉ်များ Online မှ ဆက်လက် လွှင့်မည်

လွတ်လပ်သော တိုင်းရင်းသား ဘာသာ အစီအစဉ်များ Online မှ ဆက်လက် လွှင့်မည်

ဒီဗီဘီ ရုပ်သံ အစီအစဉ်တွင် ထုတ်လွှင့်နေသည့် အပါတ်စဉ် တိုင်းရင်းသားဘာသာ သတင်းအစီအစဉ်များကို Online မှ ဆက်လက် ထုတ်လွှင့်ပြသသွားမည်ဟု နိုင်ငံတကာ မြန်မာ့သတင်း BNI က ပြောသည်။

တပ်မတော်မှ အာဏာသိမ်းပြီးနောက် DVB ရုပ်သံသတင်းဌာန၏ နေ့စဉ်ထုတ်လွှင့်ပြသနေမှုများအား ပိတ်ထားသည့်အတွက် ယခုကဲ့သို့ Online မှ ထုတ်လွှင့်သွားရန် စီစဉ်လိုက်ရခြင်း ဖြစ်သည်ဟု BNI ၏ မူဝါဒရေးရာ ဥက္ကဋ္ဌ နန်းဖော့ဂေ က ပြောသည်။

“အခုလက်ရှိက ကိုယ့်နိုင်ငံက ကိုယ့်နိုင်ငံထဲမှာလည်း လက်ရှိအစိုးရအပေါ်မှာ စစ်အာဏာသိမ်းလိုက်တဲ့ အခါကြ တော့ အဲ့လိုစစ်အစိုးရက တက်လာတယ်လေ။ တက်လာတဲ့အခါကြတော့ ဆက်သွယ်ရေးအပိုင်းတွေ အကုန်လုံး ဖြတ်တောက်တဲ့အပြင် ရုပ်သံတွေလည်းပဲ ဖြတ်တောက်လိုက်တဲ့အခါကြတော့ BNI အနေနဲ့ ELTV program အနေနဲ့ တင်ဆက်နေတဲ့ DVB လိုင်းပါပါသွားတယ်လေ။ အဲ့လိုအနေအထားမျိုးမှာ တိုင်းရင်းသားလူထုကို သတင်းတွေပြန်ပြီး ထုတ်လွှင့်ပေးတဲ့အချိန်မှာ Digital Online ကို ပြန်ပြီးအသုံးချပြီး လုပ်ဆောင်ရ တဲ့ သဘောမျိုးပေါ့နော်” ဟု ပြောသည်။

တပ်မတော်မှ အာဏာသိမ်းသည့်နေ့မှ စတင်၍ ထုတ်လွှင့်နေကြ ရုပ်သံအစီအစဉ်များ၊ ရုပ်သံလိုင်းများဖြတ် တောက်ခံလိုက်ရသည့်အတွက် အာဏာသိမ်းပြီးနောက် ဒုတိယနေ့ မှ စတင်၍ Digital Online ကို အသုံးပြု၍ ပုံမှန်ထုတ်လွှင့်နေကြအစီအစဉ်များကို တင်ဆက်ပေးနေသည်ဟု BNI မှ တာဝန်ရှိသူများက ပြောသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့မှ စတင်၍ BNI ၏ ဝက်ဆိုက်ဖြစ်သည့် https://www.bnionline.net/mm တွင် သော်လည်းကောင်း၊ BNI ၏ Facebook စာမျက်နှာ https://www.facebook.com/BNItvandnews နှင့် YouTube Channel https://www.youtube.com/channel/UC8qx6_K2AmrTHR28EjTIgpw တို့တွင် ပုံမှန် အတိုင်း ပြန်လည်ထုတ်လွှင်ပေးနေသည်ဟု ပြောသည်။

“တိုင်းပြည်ရဲ့ အပြောင်းအလဲဖြစ်သွားတဲ့အနေအထားအပေါ်မှာ ဒီလိုမျိုး ရုပ်သံလိုင်းတွေက အစ အကုန်လုံး ကို  လုံးဝ ဖြတ်တောက်လိုက်တယ်ပေါ့နော်။ ဖြတ်တောက်လိုက်တယ်ဆိုတာကတော့ ဒီသတင်းဌာနတွေအနေနဲ့ ရုပ် သံလိုင်းတွေက ပြည်သူတွေကို နေ့ဓဓူဝ အသိပေးတဲ့ ပညာပေးတဲ့ကိစ္စတွေက လုံးဝရပ်ဆိုင်းသွားတဲ့ ပုံစံမျိုးဖြစ် သွားတာကို။ ဒါမျိုးတွေက အဲ့လိုဆက်ဖြစ်နေမယ်ဆိုလို့ရှိရင် အကြာကြီးဆက်ဖြစ်နေမယ်ဆိုရင် တိုင်းပြည်ထဲ မှာရှိတဲ့ တိုင်းရင်းသားပြည်သူလူထုအတွက်ကို မျက်စိပိတ်နားပိတ်စေတဲ့ အနေအထားမျိုး ဖြစ်သွားတာပေ့ါ နော်” ဟု နန်းဖော့ဂေ က ဆက်ပြောသည်။

ယခုကဲ့သို့ ရုပ်သံသတင်းဌာနများ ထုတ်လွှင့်ခွင့် ဖြတ်တောက်ခံရခြင်းသည် ပြည်သူများအနေဖြင့် သတင်း အချက်အလက်ရပိုင်ခွင့်များ ဆုံးရှုံးသွားသည့်အတွက် အမြန်ဆုံး ပြန်ဖွင့်ပေးစေချင်သည်ဟု နန်းဖော့ဂေ က ပြောသည်။

“အရင့်အရင် ကုန်လွန်ခဲ့တဲ့ ခေတ်ကို ရောက်သလိုမျိုး ဖြစ်သွားတဲ့အခါကြတော့ ဒါက ရှေ့ဆက်သွားမယ့် တိုင်း ပြည်အတွက် နိုင်ငံရေးအရ ရှေ့ဆက်သွားဖို့က စိန်ခေါ်မှု ကြီးကြီးဖြစ်သွားမယ်။ ပြည်သူလူထုတွေလည်း သိ သင့် သိထိုက်တဲ့ သတင်းအချက်အလက်တွေ ရသင့်ရထိုက်တဲ့ ပညပေးအစီအစဉ်တွေ ပြတ်တောက်သွားမယ် ဆို ရင်တော့ ပြည်သူလူထုအတွက်လည်း စိုးရိမ်စရာဖြစ်တယ်။ ဒီအတွက်ကိုတော့ ပြန်ပြီးတော့ အကြာကြီး မဟုတ်ပဲ တစ်စုံတစ်ရာ ပြန်ပြီး ဖွင့်ပေးစေချင်တာပေါ့နော်”

Ethnic Language TV program ဟု ခေါ်သည့် တိုင်းရင်းသားဘာသာ ရုပ်သံအစီအစဉ်မှာ နိုင်ငံတကာ မြန်မာ သတင်းအဖွဲ့ (BNI) ၏ အဖွဲ့ဝင်များ က ထုတ်လွှင့်ပြီး DVB ရုပ်သံသတင်းဌာနတွင် နေ့စဉ် ၁၃ မိနစ်စာ တင်ဆက် ပေးနေသည့် အစီအစဉ်ဖြစ်သည်။

တိုင်းရင်းသားဘာသာ ရုပ်သံအစီအစဉ်တွင် ကချင် ဘာသာကို KNG၊ ကယား ဘာသာကို (ကန္တာရဝတီတိုင်း(မ်))၊ ကရင်ဘာသာကို (ကရင်သတင်းစဉ်)၊ ချင်းဘာသာကို (ချင်းဝေါလ်နဲ့ ခိုနုမ်းသုန်)၊ မွန်ဘာသာကို (မွန်သတင်း အေ ဂျင်စီ)၊ ဗမာဘာသာကို (သတင်းနှင့်မီဒီယာကွန်ရက်)၊ ရခိုင်ဘာသာကို (နေရဉ္စရာ) နှင့် ရှမ်းဘာသာကို (သျှမ်းသံ တော်ဆင့်) သတင်းဌာနများက သူ့ရက်အလိုက် အပတ်စဉ် တိုင်းရင်းသားဘာသာစကားပြော၊ မြန်မာစာတန်းထိုး ဖြင့် တင်ဆက်ပေးနေခြင်း ဖြစ်သည်။

တိုင်းရင်းသားဘာသာရုပ်သံအစီအစဉ်ကို မိခင်ဘာသာစကားဖြင့် နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ စီး ပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးသတင်းများနှင့် ဒေသအတွင်းသတင်းများကို လက်လှမ်းမီသလောက် တင်ဆက်ပေးနေပြီး အမျိုးသမီးနှင့် လူငယ်ကဏ္ဍများကိုလည်း တင်ဆက်ပေးနေသည့် အစီအစဉ် ဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...