KNU ဗဟိုအလုပ်အမှုဆောင်ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်မှူးများ ရွေးချယ်တင်မြှောက်ပြီးစီး

KNU ဗဟိုအလုပ်အမှုဆောင်ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်မှူးများ ရွေးချယ်တင်မြှောက်ပြီးစီး
by -
မဇ္ဈိမ
ကရင်ပြည်နယ် ဖားအံခရိုင်၊ လေးဝါးစခန်း(လောခီးလာ)တွင် ကျင်းပသော KNU ၏ ၁၆ ကြိမ်မြောက် ညီလာခံ နောက်ဆုံးရက်တွင် KNU ၏ ကြီး ၅ ကြီး   ရွေးချယ်တင်မြောက်လိုက်ပြီးနောက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၁ ဦးနှင့် ဌာနဆိုင်ရာ တာဝန်ခံများကို ရွေးချယ်၍ တာဝန်ပေးအပ်လိုက်သည်။

ဗဟိုအလုပ်အမှုဆောင် ၁၁ ဦးတွင် ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူး၊ တွဲဘက် အထွေထွေအတွင်းရေးမှူး (၁) စောဆဲပွယ်၊ တွဲဘက်အထွေထွေ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ပဒိုနော်ဒါးဒါး၊ ပဒိုမန်းငြိမ်းမောင်၊ ပဒိုစောသမိန်ထွန်း၊ ပဒိုစောရောဂျာခင်နှင့် စောအိုင်းဇက်တို့ ပါဝင်သည်။

“ညီလာခံတော ့မပြီးသေးဘူး။ ရွေးကောက်ပွဲတော ့ပြီးသွားပြီ။ မနက်ဖြန် မပြီးရင် နောက်တပတ်ဆက်လုပ်ရလိမ့်မယ်”ဟု တွဲဘက် အတွင်းရေးမှူး (၁)ဟောင်း ပဒိုစောသောသီဘွဲ့က ဧပြီ ၈ရက်​က ပြောသည်။

ထို့ပြင် KNU ၏ ဌာဆိုင်ရာ ၁၄ ခုအတွက် တာဝန်ခံများကို ရွေးချယ်တင်မြောက်ခဲ့ပြီး ဖြစ်သည်။ စည်းရုံးရေးနှင့် ပြန်ကြားနေရးဌာန မှူးအဖြစ် လက်ရှိ KNU ၏ တွဲဖက် အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ ကာကွယ်ရေး ဌာနမှူးအဖြစ် (ပဒိုစောရောဂျာခင်)၊ ကျန်းမာရေးနှင့် လူမှုကယ်ဆယ်ရေးဌာနမှူး (ပဒိုစောဧဂရီရွှေဦး)၊ ပညာရေးနှင့် ယဉ်ကျေးမှု ဌာနမှူးအဖြစ် (ပဒိုစောလားဆဲ)၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဌာနမှူးအဖြစ် (ပဒိုစောမြမောင်)၊ ဏ္ဍာရေးဌာနမှူးအဖြစ် (ပဒိုသောသီဘွဲ့)၊ သတ္တုတွင်းဌာနမှူးအဖြစ် (ဆရာကောလမှူး)တို့ အပါအဝင် ဌာနမှူး ၁၄ ဦးကို တာဝန်ပေးအပ်ခဲ့သည်ဟု သိရသည်။

လက်ရှိ KNU ၏ ထိပ်သီးခေါင်းဆောင်သစ်များ အပြောင်းအလဲရှိသော်လည်း မူဝါဒများ အပြောင်းအလဲ ရှိလာမည် မဟုတ်သလို၊ တက်လာသည့် ခေါင်းဆောင်များကို ပံ့ပိုးသွားမည် ဖြစ်ကြောင်း တွဲဘက်အတွင်းရေးမှူး (၁)ဟောင်း ပဒိုစောသောသီဘွဲ့က ပြောသည်။

“ကျွန်တော်က ထူးခြားတဲ့အတွေးအမြင်မရှိဘူး။ ကေအန်ယူအမျိုးသားအစည်းအရုံး နှစ်ပေါင်း ၆၀ ကျော်မှာ တိုက်ပွဲတွေ၊ ဒီလိုအခက်အခဲ၊ ရှုပ်ထွေးနေတဲ့ကြားထဲမှာ ဘယ်သူဘဲ တက်လာတက်လာ ကျနော်တို့က ပူးပေါင်းဆောင်ရွက်ရမယ်​့ ကိစ္စဖြစ်တယ်။ နောက်ပြီးတော့ တက်လာတဲ့ ပုဂ္ဂိုလ်တွေကိုလည်း အားပေးပြီးတော့ ပံ့ပိုးသွားမှာပဲ။ အမြင်မတူမှုတွေ၊ မကျေနပ်မှုတွေ၊ သံသယရှိမှုတွေက ရှိစမြဲပဲ”ဟု သူက ပြောသည်။

KNU ဒုဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန်နှင့် တွဲဖက်အတွင်းရေးမှူး (၂)ပဒိုမန်းမန်းတို့က တာဝန်ပေးအပ်သေ်ာလည်း လက်ရှိ အခြေအနေအရ တော်လှန်ရေးနှင့် ပတ်သက်သည့် သမိုင်းအကြောင်းများကို သုတေသနပြုသည့် လုပ်ငန်းများ ဆက်လက် လုပ်ဆောင်မည်ဖြစ်သော်လည်း တာဝန်ပေးအပ်မှုကိုတော့ လက်မခံခဲ့ကြောင်း ပဒိုသောသီဘွဲ့က ပြောသည်။

ဧပြီလ ၉ ရက်နေ့တွင် သုံးပတ်ကြာ ညီလာခံတွင် ဆွေးနွေးချက်များကို ပြန်လည် စိစစ် ဆုံးဖြတ်ချက် ချမှတ်သွားမည် ဖြစ်ပြီး အထွေထွေကိစ္စရပ်များကို ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...