ကိုယ်စားလှယ် ၅၃ ဦး ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေကြေးဆုံးရှုံး

ကိုယ်စားလှယ် ၅၃ ဦး ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေကြေးဆုံးရှုံး
by -
မဇ္ဈိမ
ဧပြီလဆန်းပိုင်းကလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင်​ ရွေးကောက်ပွဲဝင်ခွင့်အတွက် ရွေးကောက်ပွဲကော်မရှင်ကို ပေးသွင်းထားသည့် အာမခံငွေကြေး ဆုံးရှုံးသူ ကိုယ်စားလှယ် ၅၃ ဦးရှိခဲ့သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက မဇ္စျိမသို့ပြောသည်။

“၂၀၁၅ ထဲကပြောင်းတာ မဲလက်မှတ် ဆန္ဒမဲပေါ့ မဲပေးတဲ့အချိန်မှာ မဲဆန္ဒရှင် ၈ ပုံ ၁ တစ်ပုံက သူ့ကိုမဲထည့်လို့ရှိရင်လည်း ပေးတယ်ခင်ဗျ။ ဥပဒေမှာတော့ ၈ ပုံ  ပုံနဲ့အထက် မဲရရင်တော့ပေးတယ်။ အခုက ၈ ပုံ ၁ ပုံ အထက်မဲရတဲ့သူက ၁၉ ယောက်ရှိတယ်ဗျ။ ပေါင်း ၂၂ယောက်ရှိတယ်။ နိုင်တာက ၁၉ ယောက် ဆိုတော့ ၄၁ယောက်ပေါ့ အဲ့ဒီ့၄၁ယောက်ကပြန်ရမှာ ၁၉ အပေါင်း ၂၂ ပေါ့ ကျန်တဲ့ ၅၃ ယောက်ကတော့ ပြည်သူ့ဘဏ္ဍာဖြစ်သွားမှာပေါ့" ဟုဦးတင်ထွန်းကပြောဆိုသည်။

၂၀၁၅ မှစတင်ပြောင်းလဲကျင့်သုံးခဲ့သည့် ရွေးကောက်ပွဲဥပဒေအရ မဲဆန္ဒရှင် ၈ ပုံ ၁ တစ်ပုံ၏ ဆန္ဒမဲရရှိထားသည့် ကိုယ်စားလှယ်များကို ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေကြေး   ရွေးကောက်ပွဲကော်မရှင်မှပြန်လည်ပေးအပ်မည်ဖြစ်သည်။ ၈ပုံ ၁ပုံ​အောက်​သာ မဲရရှိသည်​့ ကိုယ်​စားလှယ်​များက ရွေးကောက်ပွဲကော်မရှင်ကို ပေးသွင်းထားသည့် အာမခံငွေကြေး ဆုံးရှုံးရသည်​့ သ​ဘောဖြစ်​သည်​။

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်​အတွက် မှတ်ပုံတင်ကြေးအဖြစ် ကိုယ်စားလှယ်လောင်း ၁ ဦးကို ငွေကျပ် ၃ သိန်းစီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆီသို့ တင်သွင်းခဲ့ကြရတာလည်းဖြစ်သည်။

မဲဆန္ဒရှင်များဆီမှ မဲလက်မှတ်  ၈ ပုံ ၁ တစ်ပုံ မရရှိသည့် ကိုယ်စားလှယ်လောင်း ( ၅၃ ဦးမှ ၅၃×၃သိန်း )အာမခံဆုံးရှုံးငွေ ကျပ် ၁၅၉ သိန်းဟာ နိုင်ငံတော်ဘဏ္ဍာအဖြစ် ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှရသည့် အချက်အလက်များ အရသိရသည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၄ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီက ၂ ဦးနှင့်  တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်း ရ ဦးအပ်အဝင် ကိုယ်စားလှယ် ၅၃ ဦး ရွေးကောက်ပွဲ အာမခံငွေကြေးဆုံးရှုံးခဲ့သည်။

ရွေးကောက်ပွဲတွင်ပါတီ ၂၄ ခုနှင့် တစ်သီးပုဂ္ဂလမှ ဝင်ရောက်ပြိုင်သူ စုစုပေါင်း ၉၅ ဦးရှိခဲ့သည်ဟု ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ၂၀၁၆ ဒီဇင်ဘာလတွင် ​ကြေငြာထားသည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...