စောဘဦးကြီရုပ်ထုကိစ္စ ကော်မတီတစ်ရပ်ဖွဲ့စည်းကာ ကြိုးပမ်းလုပ်ဆောင်သွားမည်

စောဘဦးကြီရုပ်ထုကိစ္စ ကော်မတီတစ်ရပ်ဖွဲ့စည်းကာ ကြိုးပမ်းလုပ်ဆောင်သွားမည်

စဖန်းရှောင်း — ပြီးခဲ့သည့် ဇန်နဝါရီလ လဆန်းပိုင်းက ဖြုတ်ချလိုက်ရသည့် ဘဲဂရက်ကျေးရွာရှိကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးရုပ်ထု ပြန်လည်တင်မြောက်နိုင်ရေးအတွက် ကရင်အဖွဲ့အစည်းအသီးသီးနှင့်အလွှာအသီးသီး ပါဝင် သည့် ကော်မတီတစ်ရပ်ဖွဲ့စည်းကာ ကြိုးပမ်းသွားမည်ဖြစ်သည်ဟု ဦးဆောင်လှုပ်ရှားသူများထံမှသိရသည်။

ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ ကန်ကြီးဒေါင့်မြို့နယ် ကွင်းယားကြီးကျေးရွာ၊ ပေါ်တော်မူကျောင်းရှိ ဖားစည်ပြ တိုက်တွင်ပြုလုပ်သည့် ရုပ်ထုပြန်လည်တင်မြောက်နိုင်ရေးနှင့်ပတ်သက်သည့် အစည်းအဝေးအပြီးထိုသို့သ ဘောတူဆုံးဖြတ်ခဲ့ကြခြင်းလည်းဖြစ်သည်။

အစည်းအဝေးတက်ရောက်ခဲ့သူ ကရင်အမျိုးသားသဟာယအဖွဲ့နာယကဖြစ်သူမန်းသက်နိုင်ဦးက “ ရုပ်ထုပြန် လည်ဖြစ်မြောက်ရေးအတွက် ဥပမာ နိုင်ငံရေးပါတီတွေ၊ လူငယ်တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ စာယဉ်တွေအား လုံးပေါ့။ ဒီအရေးအရာမှာ ပါဝင်နိုင်တဲ့သူတွေအားလုံးပါဝင်လာဖို့ ဖိတ်ခေါ်သွားမယ်” ဟု ကေအိုင်စီသို့ ပြော သည်။

ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ ဇာတိ ဘဲဂရက်ရွာတွင် စိုက်ထူထားသည့် စောဘဦးကြီး ကိုယ်တပိုင်း ကြေးရုပ်ထုကို ဒေသအာဏာပိုင်များ၏ ဖိအားပေးမှုများကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၃ရက်နေ့ ညနေခန့်က ဖြုတ်ချထားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယနေ့ကျင်းပသည့် အစည်းအဝေးတွင် ကရင်နိုင်ငံရေးပါတီများ၊ အခြားနိုင်ငံရေးပါတီဝင်ကရင်အမျိုးသားများ၊ ဧရာဝတီကရင်လူငယ်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေယဉ်ကျေးမှုကော်မတီဝင်များ၊ ကရင်ဥပဒေ ပညာရှင်များ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ထိုသို့ဆွေးနွေးကြရာတွင် ရုပ်ထုပြန်လည်တင်မြောက်နိုင်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်းလုပ်ဆောင်မည့် ဆုံးဖြတ် ချက်များအပြင် စောဘဦးကြီးရုပ်ထုနှင့်ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေမည့်နည်းလမ်းများဖြင့် ကြိုးပမ်း လုပ်ဆောင်သွားမည်ဆိုသည့် ဆုံးဖြတ်များကိုပါ ချမှတ်နိုင်ခဲ့ကြသည်ဟု အစည်းအဝေးတက် ရောက်သူများထံမှသိရသည်။

စောဘဦးကြီးရုပ်ထုပြန်လည်တင်မြောက်နိုင်ရေးအတွက် ယနေ့ပဏာမအစည်း အဝေးခေါ်ယူဆွေး နွေးခြင်း သာဖြစ်ပြီး နောက်ထပ်အစည်းအဝေးများခေါ်ယူညှိနှိုင်းပြီးမှသာ အဆိုပါကော်မတီဖွဲ့ စည်းခြင်းနှင့် ဆောင်ရွက် မည်လုပ်ငန်းစဉ်များ၊ လုပ်ငန်းတာဝန်များကို ချမှတ်ဖွဲ့စည်းလုပ်ဆောင်သွားမည်ဟု သိရသည်။

July 31, 2026
ကရင်ပြည်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ဒေသရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများကို KNLA...
July 30, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးနှင့် သုံးထပ်ကွေ့လမ်းပိုင်းကို စစ်တပ်က လေယာဉ်ဖြင့်...
July 30, 2026
ကရင်ပြည်၊ နယ်ခြားစောင့်တပ် အမှတ် (၄) တပ်နယ်မှူးနှင့် ၁၀၂၂ တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူး...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ကျောက်ခက်ကျေးရွာရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များသည်...