မော်လမြိုင်ကမ်းနားလမ်းတွင် WY မူးယစ်ဆေးပြား ၆ သိန်းကျော် ဖမ်းဆီးရမိ

မော်လမြိုင်ကမ်းနားလမ်းတွင် WY မူးယစ်ဆေးပြား ၆ သိန်းကျော် ဖမ်းဆီးရမိ

မော်လမြိုင် ကမ်းနားလမ်းတွင် ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းအချိန်က မော်တော်ယာဉ်နှစ်စီးကို စစ်ဆေးရာမှ WY မူးယစ်ဆေးပြား ၆ သိန်းကျော်ဖမ်းဆီးရမိကြောင်း မော်လမြိုင်မြို့မရဲစခန်းထံမှ သိရသည်။

"ပြည်နယ်အဖွဲ့တွေ ဖမ်းတာပါ၊ ကားနှစ်စီး လူ ၄ ယောက်နှင့် ဆေးပြား (၆)သိန်းကျော်ကို မိတာပါ၊ ဥပဒေအတိုင်းလုပ်ဆောင်ထားပါတယ်"ဟု မော်လမြိုင်မြို့မရဲစခန်းမှူး ဒုရဲမှူး ညွှန့်လှိုင်က ပြောသည်။

တောင်ကြီးမြို့နေသူ အောင်ထွန်ဝင်း(ခ) သာကော(၄၀ နှစ်) မောင်းနှင်လာသည့် Hilux Surf အမျိုးအစားမော်တော်ယာဉ်နှင့် တစ်ဖွဲ့တည်းအတူလာသည့် တောင်ကြီးမြို့နေ အာမင်(၂၈ နှစ်) မောင်းနှင်လာပြီးလာရိူးမြို့နေ အောင်ဝင်း(၂၁ နှစ်) နှင့် ရေးမြို့နေသူ မစိုးစိုးခိုင်(၃၆ နှစ်) လိုက်ပါလာသည့် TOYOTA HILUX VIGO အမျိုးအစား မော်တော်ယာဉ်တို့ကို  ပြည်နယ်မှုခင်းအကူတပ်ဖွဲ့နှင့် အမှတ်(၃၈)မူးယစ်တပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်ကွက်၊ ကမ်းနားလမ်းနှင့် မြို့မတံတားလမ်းထောင့်ရှိ ကားပွဲစားတန်းအနီးတွင် စစ်ဆေးရာ WY စိတ်ကြွရူးသွပ်ဆေးပြား (၆၀၄,၅၀၀)ပြား ဖမ်းဆီးရမိကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။

မော်လမြိုင်မြို့ခံ ကိုမြင့်စိုးက "ရဲတပ်ဖွဲ့ဝင်တွေ အခုလိုအချိန်မီတားဆီးနိင်ခဲ့တာ ပြည်နယ်အတွက် အရမ်းကောင်းတယ်၊ ဝမ်းသာကြိုဆိုတယ်၊ အချိန်မီမတားဆီးနိင်ပဲ  ပြည်နယ်တွင်းပျံ့နှံ့သွားမယ်ဆိုရင် တကယ့်ကို စိုးရိမ်စရာပေါ့၊ ဒါပေမယ့်ဖမ်းဆီးမိတဲ့အထဲမှ ရေးမြို့ဒေသခံတစ်ယောက်ပါနေတာကိုတော့ မွန်ပြည်နယ်အတွက် စိတ်ပူမိတယ်"ဟု ပြောသည်။

ယင်းဖြစ်စဉ်အပေါ် အောင်ထွန်းဝင်းအပါ (၄)ဦးတို့အား မော်လမြိုင်မြို့မရဲစခန်းမှ မယ(ပ)၃/၂၀၂၁ မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)/၂၀(က)၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မော်လမြိုင်မြို့မရဲစခန်းမှ သိရသည်။

အလားတူ မုဒုံမြို့နယ် မှိန်ကနိမ်းကျေးရွာ အပါးချမ်းစက်သုံးဆီဆိုင်ရှေ့တွင် မော်တော်ကားနှစ်စီးဖြင့် လူ ၇ ဦးထံမှ မူးယစ်ဆေးပြားတစ်သိန်းကျော်နှင့်လက်နက် ၃ လက်ကို ဒီဇင်ဘာ ၂၈ ရက်တွင်လည်းကောင်း ဇန်နဝါရီလ ၁ ရက်နေ့က မော်လမြိုင်မြို့ မြို့ရှောင်လမ်းတွင် မော်တော်ကားနှစ်စီးနှင့် လူ (၄)ဦးထံမှ မူးယစ်ဆေးပြားတစ်သိန်းကို ဖမ်းဆီးရမိကြောင်း သတင်းဖော်ပြပြီးဖြစ်သည်။

March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...