မွန်ပြည်နယ်အတွင်း COVID-19 ကူးစက်မှုနှင့် ရောဂါကြောင့် သေဆုံးမှု ပိုများလာ

မွန်ပြည်နယ်အတွင်း COVID-19 ကူးစက်မှုနှင့် ရောဂါကြောင့် သေဆုံးမှု ပိုများလာ

မွန်ပြည်နယ်တွင် COVID-19 ရောဂါကူးစက်မှုကြောင့် ဇန္နဝါရီလ အတွင်း၌ သေဆုံးသူ ဆက်တိုက် တိုးလာနေ သည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် COVID-19 ကုသရေးစင်တာ စာရင်းများတွင် ဖော်ပြထားသည်။

ပြည်နယ်အတွင်း COVID-19 ကြောင့် သေဆုံးမှုအခြေအနေသည် ဒီဇင်ဘာလကုန်အထိ ၂၂ ဦးသာရှိခဲ့ရာမှ  ဇန္နဝါရီလ အတွင်း၌ ၃၁ ဦးအထိရှိလာသည် ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။

ပြည်နယ်အတွင်း ကိုဗစ်ရောဂါကူးစက်မှုနှုန်းသည် နေ့စဉ်တိုးလာနေသည့်အပြင် ယခုရက်ပိုင်းအတွင်း ကိုဗစ် ရောဂါဖြင့် သေဆုံးသူလည်း များလာသည်ဟု မော်လမြိုင်ဆေးရုံ သီးသန့်ဆောင်-၃ တာဝန်ခံ ဒေါက်တာသက်ကျော်စိုး က ပြောသည်။

“ဒီရက်ပိုင်းမှာဆိုရင် လွန်ခဲ့တဲ့ ၁၀ ရက် နှစ်ပတ်အတွင်းမှာ မော်လမြိုင် fever clinic မှာ ပိုးတွေ့နှုန်းက တစ် ရက်မှာ ၂၀ ဝန်းကျင် အထိဖြစ်လာပြီးတော့ Iso-3 (သီးသန့်ဆောင်-၃) ရော Iso-1 (သီးသန့်ဆောင်-၁) ရော အကုန် လူနာ ပြည့်လုပြည့်ခင်နီးပါးဖြစ်သွားတယ်၊ အခုလည်း ကျနော်တို့မှာ ၂၅၀ ဝန်းကျင်လောက် ရှိ တယ်။ Iso -1 မှာလည်း ၁၂၀ ဝန်းကျင်လောက်ရှိတယ်၊ ပိုးတွေ့လူနာအရေအတွက်လည်းများလာတယ် စိုးရိမ် ရတဲ့ လူနာအရေအတွက်လည်းများလာတယ် ဒီ ၁၀ ရက်လောက်မှာ သေဆုံးတဲ့လူနာတွေလည်း နည်းနည်း ပို များလာတယ်” ဟု ဒေါက်တာသက်ကျော်စိုးက ပြောသည်။

ယခု နောက်ပိုင်း သေဆုံးသူများသည် ရောဂါအခံကြီးကြီးမားမားရှိသူများ မဟုတ်ပဲ အဓိက ကိုဗစ်ကူးစက်ရောဂါ ကြောင့်သာ သေဆုံးသွားကြခြင်းဖြစ်သည် ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒု-ပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံ က ပြောသည်။

“သေဆုံးတာက အခုတလောမှာ တစ်ရက်ခြား နှစ်ရက်ခြားလောက်ကို တစ်ယောက်နှုန်းလောက်ရှိနေတယ် တစ် ချို့ရက်တွေဆို တစ်ယောက်ရှိတယ် ဒီရက်ပိုင်းမှာ သေဆုံးမှုက များလာတယ်” ဟု ဒေါက်တာဝတ်မှုံ က ပြော သည်။

မွန်ပြည်နယ်တွင် အထူးသဖြင့် မော်လမြိုင်၊ သထုံနှင့် ကျိုက်ထိုမြို့နယ်တို့တွင် နိုဝင်ဘာလဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ပိုးတွေ့လူနာ သိသိသာသာမြင့်တက်လာခဲ့ပြီး ထိတွေ့သူတွေလည်း များပြားလာခဲ့သည်။

မွန်ပြည်နယ်တွင် ၂၃-၃-၂၀ မှ  ၁၉-၁-၂၁ ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ ၂၉၆၃ ဦး ရှိပြီဖြစ်သည်ဟု ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများတွင် ဖော်ပြထားသည်။

၎င်းတို့အနက် ရောဂါသက်သာကာ ဆေးရုံမှ ဆင်းသွားသူ ၂၆၀၀ ကျော်ရှိသည်ဟုလည်း ပြည်နယ်ပြည်သူ့ ကျန်း မာရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။

လက်ရှိတွင် ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာများကို မော်လမြိုင်အပြင် သထုံမြို့တို့တွင် ကုသပေးနေပြီး ထိတွေ့သူကိုတော့ နေအိမ်တွင်ထားရှိ စောင့်ကြည့်မှု လုပ်ဆောင်နေသည်။

ပြည်နယ်အတွင်း ရောဂါကူးစက်မှု လျော့ကျသွားခြင်းမရှိသေးသည့်အခြေအနေတွင် အစိုးရဘက်က COVID-19 ဆိုင်ရာကန့်သတ်ချက်အချို့ ဖြေလျှော့လာသည့်အပေါ် ရောဂါကူးစက်မှုအတွက် စိုးရိမ်နေကြသည်လည်း ရှိ သည်။

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...