တိုက်ပွဲများ ဆက်ဖြစ်နေရခြင်းမှာ NCA သဘောတူညီချက်များ အားနည်း၍ ဖြစ်ဟု KNU တပ်မဟာ ၅ ပြော

တိုက်ပွဲများ ဆက်ဖြစ်နေရခြင်းမှာ NCA သဘောတူညီချက်များ အားနည်း၍ ဖြစ်ဟု KNU တပ်မဟာ ၅ ပြော

တိုက်ပွဲများ ဆက်ဖြစ်နေရခြင်းမှာ NCA သဘောတူညီချက်များ အားနည်း၍ ဖြစ်ဟု KNU တပ်မဟာ ၅ ပြော

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မထိုးမီက သဘောတူ ချမှတ်ချက် အားနည်းသည့်အတွက် တိုက်ပွဲများ ဖြစ်နေရခြင်း ဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။

NCA စာချုပ် အခန်း ၃ ထဲတွင် ပါရှိသည့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များအပြင် လက်ရှိ လုပ်ဆောင် နေသည့် နိုင်ငံရေး ဆွေးနွေးမှုများ ဖြစ်ပေါ်တိုးတက်မှု မရှိပါက KNU နှင့် တပ်မတော် တို့အကြား တိုက်ပွဲ များ ဆက်လက်ဖြစ် ပွားနေအုံးမည်ဟု တပ်မဟာ ၅ ပြောရေးဆိုခွင့် ရှိ သူ ပဒိုမန်းမန်း က ပြောသည်။

ပဒိုမန်းမန်းက “တပ်အင်အား တိုးချဲ့တာ မကပဲနဲ့ ကျနော်တို့ ဒီဖက် စစ်ဆင်ရေး လမ်းပါ ဖောက်လုပ်နေတာ တွေ ရှိတယ်အ တွက်ကြောင့် တကယ်လို့သာ တပ်ပိုင်းဆိုင်ရာ ကိစ္စ NCA စာချုပ်မထိုးခင်ကတည်းကိုက ကျနော်တို့ ညှိနှိုင်းရမယ့် ပြောရမယ်ဆိုရင် NCA စာချုပ် အခန်း ၃ ပေါ့နော အဲဒီအပိုင်းတွေကိုပါ ဆက်ညှိ နှိုင်းမှု မလုပ်နိုင်ဘူး သဘောတူညီချက်တွေလည်း မရနိုင်ဘူး ဆက်လက်မညှိနှိုင်းနိုင်ဘူး ဒါ ပထမအဆင့် ပေါ့ ဒုတိယအဆင့်က နိုင်ငံရေးအရလည်း ဆွေးနွေးမှုလည်း ဖြစ်ပေါ်တိုးတက်မှုလည်း မရှိဘူးဆိုရင်တော့ ကျ နော်တို့ ဒီမှာ လက်နက်ကိုင် ပဋိပက္ခနဲ့ တိုက်ပွဲကတော့ ဆက်လက်ဖြစ်နေအုံးမှာပဲလို့ပဲ ဒီလိုပဲ ပြော ရမှာဖြစ်တယ်” ဟု ပြောသည်။

ထို့အပြင် လက်ရှိသွားနေသည့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ် အတိုင်းဆက်လက် သွားနေမည်ဆိုပါက နိုင်ငံရေးမူ ဘောင်ကို ပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်းနှင့် နိုင်ငံရေး ဆွေးနွေးမှု မူဘောင် ရေးဆွဲရာတွင် လည်း အပြီးသတ်လုပ်ဆောင်နိုင်ခြင်း မရှိပဲ ပြည် ထောင်စု ငြိမ်းချမ်းရေး ညီလာခံ မှတစ်ဆင့် ပြည်ထောင်စု သဘောတူစာချုပ်ကို ရရှိအောင် လုပ်ဆောင်ခဲ့ သည့်အပေါ် ပဒိုမန်းမန်းက ယခုလိုပြောသည်။

“NCA စာချုပ်တင်မကဘူး နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ရေးဆွဲတဲ့ နေရာမှာလည်း အပြီးသတ်မှု မရှိဘူး။ အပြီးသတ်မှု မရှိပဲနဲ့ ပြည်ထောင်စု သဘောတူစာချုပ်ရအောင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ၄ ကြိမ်တိုင် ကျင်းပလိုက်ပြီ ရှိတယ်ပေါ့နော်။ ဒါပေမယ့်လည်း နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကိုတောင်မှ အား လုံးသဘောတူညီချက် မရသေးပဲနဲ့ အဲလို ဒရွတ်တိုက်တွန်းတယ်ပဲ ပြောရမှာပေါ့နော် နောက် အဲဒီ အခြေအ နေအောက်မှာက ကျနော်တို့ အစပြန်စတယ်ပဲ ပြောပြောပေါ့နော် သေသေချာချာ ကြေလည်အောင် ညှိနှိုင်း ဆွေးနွေးမှု အပိုင်းက တပ်ပိုင်းဆိုင်ရာကိစ္စ ပြန်လုပ်ဖို့လိုတယ်။ နောက်တစ်ခါ နိုင်ငံရေး ဆွေးနွေးပွဲမူဘောင် ကိုလည်း ပြန်လည်သုံးသပ်ပြီးတော့မှ ပြင်ဆင်ဖို့လိုတယ်ပေါ့နော်။” ဟု ပဒိုမန်း မန်း က ပြောသည်။  

"အဲဒါမှ ပြီးမှပဲ ကျနော်တို့ ဒီဆွေးနွေးပွဲကို ပြန်စပြီးတော့မှ ပြည်ထောင်စု သဘောတူစာချုပ်အနေနဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင် မယ့် သို့မဟုတ် အသစ်ရေးဆွဲနိုင်မယ့် ဒီအခြေခံမူတွေရအောင် ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်" ဟု ဆက်ပြောသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များမှ NCA စာချုပ် ချုပ်ဆိုစဉ်က အခန်း ၃ တွင် ပါရှိသည့် တပ်နေရာချရေး၊ တပ်ရွှေ့ပြောင်းရေးနှင့် နယ်မြေသတ်မှတ်ရေး အစရှိသည့် တပ်ပိုင်းဆိုင်ရာ ကိစ္စ ရပ်များကို ဆက်လက် ဆွေးနွေးရန် သဘောတူသည်ဟုဆိုကာ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

သို့သော်  NCA လက်မှတ်ရေးထိုးပြီး ၅ နှစ် ကျော်ရှိလာပြီ ဖြစ်သော်လည်း ထိုကိစ္စရပ်များကို ယခုအချိန် အထိ ဆွေးနွေးညှိနှိုင်း အဖြေရှာ နိုင်ခြင်း မရှိသေးသည့်အတွက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားရခြင်း ဖြစ် သည်ဟု KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အဆိုပါ သဘောတူညီမှုများကို ဆက်လက် ဆွေးနွေးညှိနှိုင်းနိုင်ခြင်း မရှိသေးသည့်အတွက် KNU နှင့် တပ်မ တော်တို့အကြား လက်ရှိ အချိန်တွင် တပ်မဟာ ၅ ဖာပွန်(မူတြော်) ခရိုင်၊ တပ်မဟာ ၁ သထုံခရိုင်နှင့် တပ်မ ဟာ ၃ ညောင်လေးပင်ခရိုင်တို့တွင် စစ်ရေးတင်မာမှုများရှိနေပြီး တိုက်ပွဲများလည်း ဖြစ်ပွားနေသည်ဟု သိရ သည်။

ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာ တာဝန်ရှိသူ တစ်ဦးဖြစ်သူ စောစိပတြော်က “ဒီအတိုင်းပဲ ဆက်သွား မယ်ဆိုရင် ကျနော်တို့ ပြည်သူတွေရဲ့ လှုမှုဘ၀ လုံခြုံမှုက ဘာတစ်ခုမှ မရှိဘူး။ သူက စာချုပ်ထဲမှာလည်း ပါပြီးသားကို ကြောက်ရွံ့ခြင်းကင်းတဲ့ ကျနော်တို့ ပြည်သူ ပြည်သားဘဝကို ရပ်တည်နိုင်ဖို့အတွက် သူတို့ ဒါ က လုပ်ပေးရမယ်ဆိုတာ လှုမှုဘဝလုံခြုံမှု စာချုပ်ထဲမှာ အကုန်လုံးရှိတယ်။ ဒါပေမယ့် အကောင်အထည် ဖော်ဆောင် ခဲ့တာ တစ်ခုမှ မရှိတဲ့အခါကျတော့ ဒီလို ဖြစ်တာပေါ့။ ဖြစ်တော့ ပြည်သူပြည်သားတွေပဲ ထိခိုက် နစ်နာမှု ရှိတာပဲလေ” ဟု ပြောသည်။

ထို့ကြောင့် ပြည်သူများ ၎င်းတို့၏ နေရပ်ဒေသတွင် ကြောက်ရွံ့ခြင်း မရှိပဲ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင် ရန် အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများက NCA စာချုပ်ပါ ကိစ္စရပ်များကို အမြန်ဆုံး အကောင်အထည် ဖော် ပေးရန် ကရင်လူမှုရေးရာ အဖွဲ့က တောင်းဆိုသည်။

“ဒီ ပြည်သူလူထု လုပ်ကိုင် စားသောက်တဲ့ ဥယျာဉ် ခြံမြေပေါ်မှာလည်း တပ်စခန်းတွေ ရှိတဲ့အတွက်ကြောင့် ဒေသခံပြည်သူ အကုန်လုံးက ဒီတပ်တွေ မရှိရင် ဒီပြဿနာက မရှိနိုင်ဘူးလို့ပဲ သူတို့ ဆုံးဖြတ်တယ်။ သူတို့ ရဲ့ ဆန္ဒကလည်း အဲလိုပဲ အရင်ကလည်း အဲလို မျိုးတောင်းဆိုတယ်။ ဒါပေမယ့် အခုအချိန်ထိလည်း ဘာမှ လုပ်ဆောင်ပေးခြင်း မရှိဘူး။ ပြီးတော့ ထိတွေ့ မှုတွေက ပိုပြီးတော့ ဆိုးဆိုးလာတဲ့အချိန် အခြေအနေ ပေါ်မှာ တော့ ကျနော်တို့ ပြည်သူတွေကတော့ ဒီလိုမျိုး ရှေ့ဆက်သွားရင်တော့ ကျနော်တို့ ပြည်သူတွေကတော့ ဒီလို နောက် အရင်က ကြုံတွေ့နေရတဲ့ အခက်အခဲ လိုမျိုးပဲ ပြန်ကြုံတွေ့ရတဲ့ အနေအထားမှာ ရှိမှာပေါ့။ ဒါ ကြောင့် ကျနော်တို့ အဲလိုမျိုးတော့ အကောင်အထည်ဖော် ဆောင်ရွက်ပေးစေချင်တာပေါ့” ဟု စောစိပ တြော် က ဆက်ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး KNU သည်အခြား တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၉ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘာတူစာချုပ် NCA ကို လက်မှတ်ရေးထိုး ထား သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ဖြစ်သော်လည်း တပ်မတော်နှင့် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသည်သာမက အစိုးရနှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင်လည်း နိုင်ငံရေးအရ သဘောတူညီ ထား သည့် အချက်များကို ဆွေးနွေးညှိနှိုင်းရာတွင် တစ်ဆို့မှုများရှိနေသည်ဟု သိရသည်။

ကရင်အမျိုးသား အစည်းအရုံး KNU သည် ချင်းအမျိုးသားတပ်ဦး CNF၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေး ကောင် စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမို ရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ် ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူ စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ကြသည်။

ထိုသို့ လက်မှတ်ရေးထိုးထားကြသော်လည်း တပ်မတော်နှင့် KNU အပါအဝင် အပစ်ရပ်လက်မှတ်ထိုးထား သည့် NCA-EAOs များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမှုများ ရှိနေဆဲ ဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...