ပလက်ဝရဲစခန်းတွင် မုဒိမ်းပြုကျင့်မှုဖြစ်ဉ် ကျူးလွန်သူကို အမြန်ဆုံးအရေးယူရန် KACC တောင်းဆို

ပလက်ဝရဲစခန်းတွင် မုဒိမ်းပြုကျင့်မှုဖြစ်ဉ် ကျူးလွန်သူကို အမြန်ဆုံးအရေးယူရန် KACC တောင်းဆို

လားနွန် - ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ရဲစခန်းအချူပ်တွင် အချုပ်ကျနေသည့် ချင်းအမျိုးသမီးတစ်ဦးအား ကင်းမှူးတာ ဝန်ကျနေသောရဲတပ်ကြပ်တစ်ဦးက မုဒိမ်းပြုကျင့်မှုနှင့် ပတ်သက်ပြီး တည်ဆဲဥပဒေအရ အမြန်ဆုံးအရေးယူရန် ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) မှ ဇန်နဝါရီလ ၁၇ ရက်နေ့က ကြေညာချက် တစ်စောင်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။

(KACC) ညှိနှိုင်းရေးမှူး ဆလိုင်းပိုင်နန်းက “အဲဒါက တကယ်တော့ သူတို့တကယ် ဟုတ်တယ်လို့ သူတို့ဝန်ခံပြီးပြီ သူတို့အဲဒီအမှုကို မသိသလိုလို အဲဒီအမှုကို ပိတ်ချင်တဲ့ပုံစံလိုဖြစ်နေတယ် ဒါကတဖက်ကနေကြည့်မယ်ဆိုရင် မတရားဘူးပေါ့နော် တရားဥပဒေစိုးမိုးရေးဆိုတဲ့ဟာက မြို့ပေါ်မှာလောက်ပဲ တကယ်မြေပြန့်မှာလောက်ပဲစိုးမိုးတာမျိုး မဟုတ်ဘဲနဲ့ အထူးသဖြင့် ကျနော်တို့ ချင်းပြည်နယ် နယ်စွန်နယ်ဖျား လမ်းပန်းဆက်သွယ်ရေးခက်ခဲ့တဲ့နေရာမှာလည်း တရားဥပဒေစိုးမိုးရေးရှိချင်တာပါ နောက်ပြီးတော့မှ အခုက ဒီလိုမျိုးကို ထိထိရောက်ရောက်မကိုင်တွယ်မဖြေရှင်းနိုင်ခဲ့ လို့ရှိရင် ရေရှည်မှာလည်း ဒါမျိုးအမှုတွေဖြစ်လာနိုင်တယ်၊ ဘာပဲဖြစ်ဖြစ် အခုက ကျနော်တို့အနေနဲ့ သက်သေသာဓက လည်း အထောက်အထားလည်းရှိတယ် နောက်သူတို့ကိုယ်တိုင်ကလည်း  ဝန်ခံတဲ့ဟာ ဖြစ်ရပ်တစ်ခုဖြစ်တယ်ဆိုတော့ ဒါကို ကျနော်တို့အနေနဲ့လည်း အမှန်အကန် ထိထိရောက်ရောက် လုပ်ကိုင်စေချင်တာဖြစ်ပါတယ်” ဟုုပြောသည်။

ဖြစ်စဉ်မှာ ပလက်ဝမြို့နယ် အောက်ဘလိုင်ကျေးရွာနေ ကလေးနှစ်ယောက်မိခင်သည် ၂၀၂၀ သြဂုတ်လ (၇) ရက်နေ့က စိတ်ဖောက် ပြန်ပြီး သူ၏ ကလေးနှစ်ကိုသတ်ဖြတ်မှုဖြင့် တရားစွဲဆိုရန် ပလက်ဝမြို့ရဲစခန်းသို့ထိန်းသိမ်း ခံထားရစဉ် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်က အချုပ်ခန်းတွင်ကင်းစောင့်တာဝန်ကျသည့် အသက် (၅၀) အရွယ် ရဲတပ်ကြပ်ရွှေအေးဆို သူက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု KACC ထံမှသိရသည်။

ချင်းလူအခွင့်အရေးအဖွဲ့ (CHRO) မှ Human Rights Education & Religious Freedom Program Director Salai Sang Hnin lian ကလည်း အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို အရေးယူရန်အရေးကြီးသည်ဟု ပြောဆိုသည်။

“အဲဒီနေရာမှာ တကယ်ချိူးဖောက်မှုကို အရေးမယူဘဲ ဆက်သွားမယ်ဆိုရင်တော့ ကျနော်တို့ စစ်တပ်ပဲဖြစ်ဖြစ် အာဏာပိုင်တွေပဲဖြစ်ဖြစ် သူတို့ပြစ်မှုကျူးလွန်တဲ့ဟာကို ပြစ်မှုကျူးလွန်တဲ့အတိုင်း ဥပဒေအရ အရေးယူမှုမရှိဘူးဆိုရင်တော့ ဒီလိုမျိုးနောက်ထပ်ဖြစ်လာဖို့များတာပေါ့ ဆိုတော့ ဒီလိုမျိုးအခြေအနေမှာ ပြစ်မှုကျူးလွန်သူကို အရေးယူဖို့အရေးကြီးတယ်” ဟု Salai Sang Hnin lian ကပြောသည်။

အဆိုပါမုဒိမ်းမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူသည် ယနေ့ချိန်ထိအရေးယူခြင်းမရှိသေးသည့်အတွက် တာဝန်ရှိသူ အဆင့်ဆင့်က ဖြစ်စဉ်အမှန်ကို စုံစမ်းဖော်ထုတ်ပြီး အမှန်တကယ်ပြစ်မှုကျူးလွန်သူကို တည်ဆဲဥပဒေများအရ အရေးယူနိုင် ရေးအတွက် စောလျှင်စွာဆောင်ရွက်သင့်သည်ဟု KACC ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခုလက်ရှိတွင် ရဲတပ်ကြပ်ရွှေအေးကို ပလက်ဝမြို့မရဲစခန်းအချုပ်တွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

Most read this week

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...