တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်ကို ဖေဖော်ဝါရီလ ဒုတိယအပတ်တွင်စတင်မည်

တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်ကို ဖေဖော်ဝါရီလ ဒုတိယအပတ်တွင်စတင်မည်

မင်းထွန်း  — တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် စတင်ကျင်းပနိုင်ခြေရှိကြောင်း လက်ရှိရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

ထိုသို့ လွှတ်တော်ကျင်းပသည့်နေ့တွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ ရွေးချယ်ခြင်းကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“တတိယအကြိမ်လွှတ်တော်က ဖေဖော်ဝါရီလ ၉ ရက်နေ့လောက်ဖြစ်မယ်ထင်တယ်။ အဲဒီနေ့မှာ အမတ်တွေ ထဲက သဘာပတိတစ်ယောက်ရွေးမယ်။ နောက် လွှတ်တော်တက်ရောက်တဲ့အမတ် ၂၀ ထဲက လွှတ်တော် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌတွေကိုရွေးမယ်။ အဓိကအဲဒါပဲဖြစ်တယ်” ဟု ဦးစံကျော်လှက ပြောသည်။

တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်ကို ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ခေါ်ယူကျင်းပ ရမည်ဖြစ်ပြီး တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များထဲမှ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုခြင်းများကို ပြုလုပ်ရမည် ဖြစ်ကြောင်း လွှတ်တော်ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များကို ပြည်သူ့လွှတ်တော်သက်တမ်း စတင်သည့်နေ့မှ ၁၅ ရက်အတွင်း ကျင်းပရမည်ဟုလည်း ဖော်ပြထားသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ကြေငြာထားသည်။

တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅ ဦး တက်ရောက်ခွင့်ရှိမည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်အရ ရခိုင်ပြည်နယ်တွင် ပြည်နယ်လွှတ်တော်နေရာအတွက် ရခိုင်အမျိုးသားပါတီ(ANP)မှ ၇ နေရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးအပါအဝင် ၅ နေရာ၊ ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ၂ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ၁ နေရာ စုစုပေါင်း ၁၅ နေရာ အသီးသီး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...
ဓာတ်ပုံ - (DMG / ကျောက်တော်မြို့နယ်၊ ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ကလေးငယ် အချို့။)
August 31, 2026
ရခိုင်ပြည်တွင် စစ်ဘေးရှောင် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ စားဝတ်နေရေး အခက်အခဲ...
ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...