ကယန်းအမျိုးသားပါတီက ဒီချုပ်ကိုယ်စားလှယ်နဲ့တွေ့ဆုံစဉ် အဓိကအချက်(၃)ချက် ဆွေးနွေးတင်ပြ

ကယန်းအမျိုးသားပါတီက ဒီချုပ်ကိုယ်စားလှယ်နဲ့တွေ့ဆုံစဉ် အဓိကအချက်(၃)ချက် ဆွေးနွေးတင်ပြ

ခွန်းကလိုင်းဖရီး — ကယန်းအမျိုးသားပါတီကိုယ်စားလှယ်နှင့် NLD ကိုယ်စားလှယ်များတွေ့ဆုံပွဲအား မြင်တွေ့ရစဥ်

ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းအချိန်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ NLD ရုံးမှာ ကယန်းအမျိုး သားပါတီ(KNP)မှ ကယန်းတိုင်းရင်းသားလူမျိုးရေးရာနေရာမှာ အနိုင်ရခဲ့တဲ့ ခွန်းတင်နုအပါအဝင် အတွင်းရေးမှူး အဖွဲ့ ၃ ဦးအဖွဲ့က NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာအောင်မိိုးညိုဦးဆောင်တဲ့ အဖွဲ့ကိုယ် စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ခုလို တွေ့ဆုံခဲ့ရာမှာ ကယန်းအမျိုးသားပါတီက အဓိကအချက်(၃)ချက်ကို ဆွေးနွေးတင်ပြခဲ့တယ်လို့ ကယန်း အမျိုးသားပါတီဗဟိုကော်မတီပြန်ကြားရေးနှင့်သတင်းတာဝန်ခံ ခွန်းမျိုးဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါ တယ်။

“ကျနော်တို့ တင်ပြတာက အဓိကကတော့ NLD နဲ့ တိုင်းရင်းသားမဟာမိတ်ကဏ္ဍကို ကျနော်တို့ ပြန်တည် ဆောက်မယ်။ နောက်ပြီးရင် ဗိုလ်အောင်ကျော်လမ်း ကြေငြာချက်ရယ်။ နောက်ပင်လုံ ကတိကဝတ်ပေါ့။ အဲ့ဒါအကောင်အထည်ဖော်ပေးဖို့ ကျနော်တို့ အဓိက အချက်သုံးချက်ဆွေးနွေးတယ်။” ခွန်းမျိုးဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါ တယ်။

နောက်ပြီး အထွေထွေဆွေးနွေးချက်အနေနဲ့ ကယန်းတိုင်းရင်းသားတွေ မှတ်ပုံတင်အမည်မှန် ပြန်လည်ရရှိဖို့နဲ့ ကယားပြည်နယ်မှာ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးတစ်နေရာရရှိဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီတွေ့ဆုံပွဲကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ သွားရောက်ခဲ့တာလို့ ကယန်းအမျိုးသားပါတီက ဆိုပါတယ်။

အဆိုပါတွေ့ဆုံပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆန်နဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်တို့လည်း ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း ရှမ်းပြည် နယ်ရှိ ဒေသခံတိုင်းရင်းသားပါတီတွေဖြစ်တဲ့ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO)၊ တအာင်း(ပလောင်) အမျိုးသားပါတီ (TNP) တို့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသူ မူအန်းဂျလာ။
September 21, 2026
ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့် ကွယ်လွန်ပြီးနောက် လစ်လပ်သွားသည့်...
ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...