အမ်းမြို့နယ်တွင် ရခိုင်အမျိုးသားပါတီ လှုပ်ရှားမှုများ ကန့်သတ်ခံရ

အမ်းမြို့နယ်တွင် ရခိုင်အမျိုးသားပါတီ လှုပ်ရှားမှုများ ကန့်သတ်ခံရ
by -
နိရဥ္စရာ
၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ၄ နေရာစလုံးကို အနိုင်ရရှိခဲ့သော ကြံ့ခိုင်ရေးပါတီ၏ အမာခံနယ်မြေ တစ်ခုဖြစ်သော အမ်းမြို့နယ်တွင် ရခိုင်အမျိုးသားပါတီ စည်းရုံးလှုပ်ရှားခွင့်များ မရရှိအောင် မြို့နယ် ရွေးကောက်ပွဲကော်မရှင် က ဆောင်ရွက်နေကြောင်း ရခိုင်အမျိုးသားပါတီ အမ်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံမည့် ဦးကျော်သန်းလှိုင်က ပြောကြားလိုက်သည်။

“အမ်းမြို့နယ် တပ်တောင် ဓမ္မာရုံမှာ ဇွန်လ ၄ ရက်နေ့မှာ ပြုလုပ်ဖို့စီစဉ်ထားတဲ့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေတွေ့ဆုံပွဲကို သာသနာ့အဆောက်အအုံမို့လို့  တွေ့ခွင့်မပြုဘူးလို့ ပြောပါတယ်။ ရခိုင်အမျိုးသားပါတီ မြို့နယ်ရုံးမှာ  တွေ့မယ်ဆိုရင်လည်း အသံချဲ့စက်မသုံးရဘူးလို့ တားမြစ်ထားပါတယ်” ဟု  သူက ဆိုသည်။

မဲဆွယ်စည်းရုံးရေးကာလ မဟုတ်၍ ယင်းသို့ တွေ့ဆုံခြင်းကို ကန့်သတ်ရခြင်းဖြစ်သည်ဟု အမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် က ပြောဆိုသည်။

ရွေးကောက်ပွဲကော်မရှင်၏ ပြောဆိုမှုနှင့် ပတ်သက်၍ ဦးကျော်သန်းလှိုင်က “ပါတီဥက္ကဌက ပါတီအဖွဲ့ဝင်တွေနဲ့ လာတွေ့တာကို ကန့်သတ်တယ်ဆိုတာ ဒါတိုင်းရင်းသားပါတီတွေကို ချိုးနှိမ်တာဖြစ်တယ်။ ဥက္ကဌက မဲဆွယ်စည်းရုံတာ မဟုတ်ဘူး”ဟု ပြောသည်။

ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာအေးမောင်သည် ဇွန်လ ၄ ရက်နေ့တွင် အမ်းမြို့သို့ ရောက်ရှိ လာမည်ဖြစ်ပြီး၊ မြို့နယ်ရုံးအခြေစိုက်ရာ တပ်တောင်တွင် ပါတီဝင်များနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

အမ်းမြို့နယ်  ပါတီတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ပွဲကို ဇွန်လ ၅ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟုလည်း သိရသည်။

ထို့ကဲ့သို့ ကန့်သတ်ချက်များ မပြုလုပ်ရန် ပါတီ တာဝန်ရှိသူများက မြို့နယ်ကော်မရှင်ကို ထပ်မံ တင်ပြသွားမည်ဟု သိရသည်။

၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတုန်းက ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ RNDP သည် အမ်းမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့သဖြင့် ကြံ့ခိုင်ရေးပါတီမှ နေရာအားလုံးတွင် အနိုင်ရရှိသွားခဲ့သည်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် RNDP နှင့် ALD ပါတီ နှစ်ခုကို ပေါင်းစည်းထားသော ရခိုင်အမျိုးသားပါတီ သည် အမ်းမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တောကျေး လက်နေ ဒေသခံ အများစု၏ ထောက်ခံမှုကို ရရှိထားကြောင်း သတင်း ရရှိသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...