အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ ဖွဲ့စည်းမည့် အစိုးရ သစ်တွင် ပါဝင်ရန် ပြောဆိုလာပါက ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာက ပြောသည်။
ဒေါက်တာမနမ်တူးဂျာက “ပါတီထောင်တယ်ဆိုတာလည်း ပြည်သူလူထုအကျိုးကို သယ်ပိုးဖို့ဖြစ်တာကိုး သတ္တိရှိရှိနဲ့ ပြတ်ပြတ်သားသားနဲ့ ဒါကျနော်တို့က တက်တက်ကြွကြွနဲ့ လုပ်ဆောင်သွားမှာပဲ။ ဘာတာဝန်ပဲ ပေးပေး ကျနော်လုပ်ဆောင်သွားမယ်” ဟု ပြောသည်။
ထို့အပြင် ပြည်သူ့အကျိုး သယ်ပိုးရန် စိတ်ဆုံးဖြတ်ထားသည့်အတွက် ပေးလာသည့် တာဝန်များကို ကျေ ပွန်စွာ ထမ်းဆောင်သွားမည်ဟု ဆိုသည်။
ဒေါက်တာမနမ်တူးဂျာက “ကျနော်တို့က စိတ်ပိုင်းဖြတ်ထားတာပဲ ပြည်သူလူထုအကျိုးကို ဘယ်ထောင့် ဘယ်နေရာကပဲ ဖြစ်ဖြစ် ကျနော်တို့ ကြိုးစားပြီး လုပ်ဆောင်မယ်။ ကျနော်တို့ ပေးတဲ့ တာဝန်ကျေပြွန်အောင် တော့ ကျနော်ကြိုး စားမှာပဲ” ဟု ပြောသည်။
ပြီးခဲ့သည့် ဇန္နဝါရီလ ၁ ရက်နေ့က ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား နိုင်ငံရေးပါတီ ၃ ခုမှ ရွေး ကောက်ပွဲတွင် အနိုင်ရရှိထားသည့် ကိုယ်စားလှယ်များက NLD ပါတီမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
သို့သော် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ပါတီ၏ ဒီဇင်ဘာလ ၃၁ ရက်နေ့က ပြုလုပ်သည့် ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ CEC အစည်းအဝေးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ ကိုယ်စား လှယ်များကို ပါတီကိုယ်စား ပြုအနေ ဖြင့်သာ တွေ့ ဆုံဆွေးနွေးသွားရန် ဆုံးဖြတ် ခဲ့သည့်အတွက် အဆိုပါ တွေ့ဆုံမှုသည် ပါတီကို ကိုယ်စားပြုမှု မဟုတ်ကြောင်း KSPP ပါတီ ဒု-ဥက္ကဋ္ဌ- ၂ ဦးကွမ်ဂေါင်အောင်ခမ်း က ပြောသည်။
ထိုဆွေးနွေးပွဲသို့ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP မှ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် KSPP ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာနှင့်အတူ ဦးဆမ်အောင်၊ ဦးလမာနော်အောင်တို့ တက်ရောက်ခဲ့ကြပြီး NLD မှ ၎င်းတို့ ကြွေးကြော်ထားသည့် အမျိုးသား ညီညွှတ်ရေး အစိုးရ ဖွဲ့စည်းမည်ဆိုပါက အာဏာကြီး ၃ ရပ်တွင် တိုင်းရင်း သား ပါတီများကိုလည်း နေရာပေးရန် တင်ပြခဲ့ကြောင်း ဆွေးနွေးပွဲ တွင်ပါဝင်သူ ကချင် ပြည်နယ် ပြည်သူ့ပါ တီမှ ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက ပြောသည်။
ဒေါက်တာ မနမ်တူးဂျာက “ဒီအစိုးရကောင်းတွေ ဖွဲ့ စည်းနိုင် ရေးကို တိုင်းရင်းသား ညီညွှတ်ရေးအစိုးရ ဆို တဲ့ ပေါ်လစီအောက်မှာပေါ့လေ လုပ်ဆောင်သွား လို့ရှိရင်တော့ အများကြီး အကျိုးရှိ နိုင်တယ်ပေါ့။ အဲဒါတင် ပြတာ။ နောက်ပြီးတော့မှ ဒီအာဏာ ၃ ရပ်ကို ဥပဒေပြု အာဏာ အုပ်ချုပ်မှုအာဏာ တရားစီရင်ရေး အာ ဏာ ဆိုတာ ရှိတယ်။ ဖက်ဒရယ်မူမှာလည်း ရှိတယ်။ အဲဒီမှာ အဓိကကတော့ ဥပဒေပြုအာဏာနဲ့ အုပ်ချုပ်မှှု အာဏာက လက်တွေ့မှာ အင်မတန် အရေးကြီးပါတယ်လို့ ဒီ ၂ ခုက ဘာလဲ ဆိုလို့ရှိရင်တော့ အာဏာ ချိန် ခွင် လျှာညှိတာ Check and Balance လုပ်နိုင်တယ် ဒီဟာ ၂ ခုဟာ။ ဒါကြောင့် ဒီဟာကို တာဝန်ယူ သွား တဲ့ အပိုင်းမှာကျတော့ သီးခြားပါတီ ပါတီခွဲ အဖြစ်တာဝန်ယူသွားတာ ကောင်းတယ်။ ပါတီတစ်ခုတည်း တာ ဝန်ယူသွားတာမျိုး မဟုတ်ပဲနဲ့ ဝန်ကြီးချုပ် လွှတ်တော် ဥက္ကဋ္ဌတွေဟာ ပါတီခွဲပြီးမှ တာဝန်ယူူတာ ကောင်း တာဆိုတာ အမြင်တင်ပြတာပါ” ဟု ပြောသည်။
ထို့အပြင် ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချုပ်ဆိုခဲ့သည့် ပင်လုံ စာချုပ်ပါ ကတိကဝတ်များကို အကောင်အထည်ဖော်ပေးရန်လည်း တင်ပြခဲ့ပြီး ပင်လုံစာချုပ်ထဲမှ ပါဝင်သည့် အချက် ကိုးချက်အနက် အချက် ၅ တွင် ပါဝင်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အ၀ ရရှိရေး နှင့် အချက် ၇ တွင် ပါဝင်သည့် ဒီမိုကရေစီ အခွင့်အရေး၊ တန်းတူအခွင့်အရေး ရရှိရေးတို့ကို အဓိကထားရှင်းပြခဲ့သည်ဟု ဆိုသည်။
ဇန္နဝါရီလ ၁ ရက်နေ့က ပြုလုပ်ခဲ့သည့် NLD နှင့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသား ပါတီများမှ ရွေးကောက်ပွဲ တွင် အနိုင်ရ ရှိခဲ့သည့် ကိုယ်စားလှယ်များဆွေးနွေပွဲသို့ KSPP ကိုယ်စားလှယ်များအပါအဝင် လီဆူအမျိုး သား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ LNDP နှင့် ဒီမိုကရေစီပါတီသစ်(ကချင်) NDP- K မှ ကိုယ်စားလှယ်များလည်း တက်ရောက် ဆွေးနွေးခဲ့ကြသည်။







