မြန်မာတစ်နိုင်ငံလုံး မိုင်းကင်းစင်ဖို့ အနှစ်သုံးဆယ်အချိန်ယူရန်လိုဟုဆို

မြန်မာတစ်နိုင်ငံလုံး မိုင်းကင်းစင်ဖို့ အနှစ်သုံးဆယ်အချိန်ယူရန်လိုဟုဆို
by -
မဇ္ဈိမ
မြန်မာတစ်နိုင်ငံလုံး မိုင်းကင်းစင်ရန် နှစ်ပေါင်း(၃၀)ခန့် အချိန်ယူရမည်ဟု မြန်မာနိုင်ငံ လူသားချင်းစာနာမှု အခြေခံ၍ မိုင်းဆိုင်ရာလှုပ်ရှားမှုများ ရှေ့ဆောင်အဖွဲ့(HMAI)က ဥက္ကဌ ဦးသန့်ဇင် ကပြောသည်။

(၁၂) ကြိမ်မြောက် မိုင်းအသိပညာပေးနှင့် မိုင်းဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများအား အထောက်အပံ့ပေးရေး နိုင်ငံတကာနေ့ အထိမ်းအမှတ်အနေနှင့် ဧပြီလ ၄ ရက်နေ့တွင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ ပြုလုပ်ခဲ့သည့် အခမ်းအနား၌ ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

“မြန်မာပြည်လိုဟာမျိုးက နောက်ထပ် အနှစ်သုံးဆယ်လောက် လုပ်ရဦးမယ်။ ဘာကြောင့်လဲဆိုတော့ ဒီတိုင်းပြည်မှာ မိုင်းက တော်တော်ကံဆိုးတယ်။ ပြန့်ပြန့်ကြဲကြဲကြီးလည်း   ဖြစ်နေတဲ့အပြင်   နေရာတွေကလည်း မသိကြဘူး။ စည်းမဲ့ကမ်းမဲ့ ထောင်ခဲ့တဲ့အတွက် ဘယ်နေရာတွေမှာ မိုင်းရှိတယ်ဆိုတာ မသိရဘူး။ အဲ့ဒီတော့ ဒီဟာကို မိုင်းရှင်းလင်းရေးပညာရပ်အရ ခုနက ပြောခဲ့တဲ့အတိုင်း ဆာဗေး(စာရင်းကောက်ခံမှု) အဆင့်ဆင့် ပြုလုပ်ရမယ်။ Land Technical Survey, Technical Survey လုပ်ရမယ်။ ပြီးတော့မှ မိုင်းရှင်းလင်းရေးလုပ်ရမယ်။ အဲ့တော့ အနည်းဆုံး အနှစ်သုံးဆယ်လောက် ရှင်းနိုင်မှ မြန်မာပြည်က မိုင်းကင်းစင်မှာ” ဟု HMAI ၏ ဥက္ကဌ ဦးသန့်ဇင်က ဆိုသည်။

မိုင်းဒဏ်သင့်ပြည်သူတစ်ဦး ဖြစ်သည့် ရွှေကျင်မြို့နယ်က အသက်(၅၇)နှစ်အရွယ်ရှိ ဦးကျော်တင့်က မိုင်းထိခံရခြင်း နှင့်ပတ်သက်ပြီး “စားဝတ်နေရေး အခြေအနေပေါ်မှာ ဒုက္ခရောက်တာပေါ့။ မိသားစုတွေ ဒုက္ခရောက်တယ်။ အရှေ့က ဦးစီးက ထိခိုက်မိတော့ နောက်ပိုင်း စားဝတ်နေရေးမှာ ခက်ခဲမှုတွေရှိလာတာပေါ့။ ကချွတ်ကချော် အတိမ်းအစောင်းတွေ ဖြစ်ကုန်တာပေါ့။ တော်တော်လေး ဒုက္ခရောက်ကြပါတယ်။ အခုလက်ရှိ ဘဝတူတွေဟာ ဒီလိုတွေချည်းပဲ အကုန်လုံး ဒုက္ခရောက်ကြတယ်” ဟု မဇ္ဈိမကို ပြောသည်။

ယခုပွဲကို မြန်မာနိုင်ငံ နေရာအနှံ့က မိုင်းဒဏ်သင့်ပြည်သူများ အပါအဝင် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ထို့အပြင် အဆိုပါပွဲ၌ မိုင်းရှင်းလင်းရေးနှင့် ပတ်သက်ပြီး လက်တွေ့သရုပ်ပြ လုပ်ဆောင်မှုများလည်း ဆောင်ရွက်ခဲ့သည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...