NLD နှင့် တွေ့ဆုံမှုသည် ပါတီ ကိုယ်စားပြုတွေ့ဆုံမှု မဖြစ်၍ ပါတီသဘောထားမဟုတ်ကြောင်း KSPP ပြော

NLD နှင့် တွေ့ဆုံမှုသည် ပါတီ ကိုယ်စားပြုတွေ့ဆုံမှု မဖြစ်၍ ပါတီသဘောထားမဟုတ်ကြောင်း KSPP ပြော

ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် KSPP ကိုယ်စားလှယ်များမှ NLD ကိုယ်စားလှယ်များအား သွား ရောက် တွေ့ဆုံမှုသည် ပါတီ၏ သဘောထား မဟုတ်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒု-ဥက္ကဋ္ဌ (၂) ဦးကွမ်ဂေါင်အောင်ခမ်း က ပြောသည်။

ဦးကွမ်ဂေါင်အောင်ခမ်းက “သွားတွေ့တဲ့ ကျနော်တို့ ကိုယ်စားလှယ်တွေလည်း ကျနော်တို့ ဒီကနေ့ ကိုယ် စား မပြုပါဘူး။ KSPP ရဲ့ ကိုယ်စားပြုပြီးမှ သွားရောက်ခဲ့ခြင်း မဟုတ်ပါဘူး။ ကျနော်အနေနဲ့ ပါတီ CEC အနေနဲ့ ဒီဟာကို ကိုယ်စားပြုခြင်း မဟုတ်ဘူးဆိုတာကို ကျနော်တို့ တင်ပြလိုခြင်းဖြစ်ပါတယ်” ဟု ပြော သည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ပါတီ၏ ဒီဇင်ဘာလ ၃၁ ရက်နေ့ ယမန်နေ့က ပြုလုပ်သည့် ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ CEC အစည်းအဝေးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ ကိုယ်စား လှယ်များကို ပါတီကိုယ်စားပြု အနေဖြင့်သာ တွေ့ ဆုံဆွေးနွေးသွားရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် “ကျနော်တို့ UEC ကနေ ကျနော်တို့ ဆုံးဖြတ်ထားတာက ပါတီအနေနဲ့ ပါတီကနေ ကိုယ်စားပြုတဲ့ အနေနဲ့ တွေ့ဖို့ပဲကျနော်တို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့်လဲ ကျနော်တို့ ပြန်အကြောင်းကြားပါတယ်။ ဦးအင်ထုံနော်ခမ်းကို အကြောင်းကြားပြီးမှ ဒါပေမယ့် သူတို့ အနေနဲ့တော့ လွှတ်တော် ကိုယ်စားလှယ် တွေ နဲ့ပဲ တွေ့ပြီးမှ တွေ့မယ်ဆိုတဲ့ဟာမျိုးဆုံးဖြတ်ပါတယ်။ ဆိုတော့ ဒီဆုံးဖြတ်ချက်ဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်တယ်” ဟု ဦးကွမ်ဂေါင်အောင်ခမ်း ဟု ဆက် ပြောသည်။

ယခုတွေ့ဆုံမှုတွေ KSPP ပါတီအနေဖြင့် ၎င်းတို့ ပါတီ၏ ကိုယ်စားလှယ်များ NLD ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည့်ကိစ္စကို ပါတီကိုယ်စားပြုအနေဖြင့် သွားရောက်တွေ့ဆုံရန် ဆုံးဖြတ်ခဲ့သော်လည်း NLD ဘက်က ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်များနှင့်သာ တွေ့ဆုံရန်ဖြစ်ကြောင်း ပြောဆိုလာ သည်ဟု ပြောသည်။

အဆိုပါ သဘောထားမှာ KSPP ပါတီ၏ သဘောထားမဟုတ်ဟု KSPP ဒု-ဥက္ကဋ္ဌ (၂) ဦးကွမ်ဂေါင် အောင်ခမ်း က ပြောသည်။

ထို့ကြောင့် NLD ပါတီမှ ကိုယ်စားလှယ်များနှင့် KSPP ပါတီမှ ပါတီ ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာ၊ ဦးဆမ် အောင်၊ ဦးလမာနော်အောင်တို့၏ တွေ့ဆုံမှုသည် ပါတီကို ကိုယ်စားပြုမှု မဟုတ်ကြောင်း ဦးကွမ်ဂေါင်အောင် ခမ်း က ဆက်ပြောသည်။

၂၀၂၁ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့ (ယနေ့) တွင် NLD ပါတီမှ ဒေါက်တာ အောင်မိုးညို ဦးဆောင်သည့် တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့် အဖွဲ့နှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသား နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များတို့  ကချင်ပြည်နယ် မြစ်ကြီးမြို့ NLD ပါတီ ဗဟိုရုံးချုပ်တွင် တွေ့ဆုံခဲ့ကြသည်။

ထိုဆွေးနွေးပွဲတွင် NLD ပါတီက အမျိုးသား ညီညွှတ်ရေး အစိုးရဖွဲ့သည့်အခါတွင်  တိုင်းရင်းသား ပါတီများ ကို နေရာပေးရန် အပါအဝင် အမျိုးသား တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင်၊ ဖက်ဒရယ် ဒီမိုကရေစီ တည် ဆောက်ရေးနှင့် ၁၉၄၇ ပင်လုံကတိကဝတ်တို့ကို အကောင်အထည်ဖော်ပေးရန် ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သည့် တိုင်းရင်းသားနိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များက တင်ပြဆွေးနွေးခဲ့သည်ဟု ဒေါက်တာ အောင်မိုးညိုက ဆွေးနွေးပွဲအပြီးတွင် သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

ကချင်ပြည်နယ်ရှိ တိုင်းရင်းသားနိုင်ငံရေး ပါတီများမှ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ၏ တင်ပြ ဆွေးနွေးချက်များကို NLD ပါတီ ကိုယ်စားလှယ်များက NLD ဗဟိုသို့ ဆက်လက်တင်ပြဆွေးနွေးကာ ညှိနှိုင်းမှု ရယူသွားမည် ဖြစ်ပြီး ထိုမှတစ်ဆင့် ဆွေးနွေးမှုများ ဆက်လက်ဖြစ်ပေါ်လာနိုင်သည်ဟု KSPP ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာကလည်း ပြောသည်။

NLD နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များမှာ ပါတီ ၃ ခုမှ ဖြစ်ပြီး ရင်း ပါတီများမှာ ကချင်ပြည် နယ် ပြည်သူ့ ပါတီ KSPP၊ လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ၊ ဒီမိုကရေစီ ပါတီသစ် (ကချင်) NDP – K မှ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်များ တက် ရောက်ဆွေးနွေးခဲ့ကြသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲသို့ KSPP ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာ၊ ဦးဆမ်အောင်၊ ဦးလမာနော်အောင်၊ LUDP မှ ဦးရွှေမင်း၊ ဦးရွှေလေး၊ ဒီမိုကရေစီပါတီသစ်(ကချင်) NDP- K မှ ဦးခေါတိန့် တို့တက်ရောက်လာကြပြီး NLD ဖက်မှ ဒေါက်တာ အောင်မိုးညို ၊ဒေါ်နန်းထွေးမြင့်၊ ဦးအင်ထုံခမ်းနော်ဆမ်၊ တို့ ၃ ဦးနှင့်အတူ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်တို့ တက်ရောက်ခဲ့ကြသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...