အစိုးရနှင့် မြောက်ပိုင်း ၄ ဖွဲ့ ဇန္နဝါရီလအတွင်း တွေ့ဆုံနိုင်ရန် ဆွေးနွေးနေ

အစိုးရနှင့် မြောက်ပိုင်း ၄ ဖွဲ့ ဇန္နဝါရီလအတွင်း တွေ့ဆုံနိုင်ရန် ဆွေးနွေးနေ

အစိုးရနှင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့တို့ ဇန္နဝါရီလအတွင်း တွေ့ဆုံဆွေးနွေးရန် ရှိသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) က ပြောသည်။

ဇန္နဝါရီလ ဒုတိယအပတ်တွင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် တွေ့ဆုံရန် အစိုးရဖက်မှ ပြောဆိုလာသည် ဟု ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) က မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ဦးလမိုင်ဂွမ်ဂျာက “အစိုးရဖက်ကတော့ ဒီဇန္နဝါရီလ ဒုတိယအပတ်လောက်မှာတွေ့ဖို့ အတွက် ဆိုပြီးမှ စာပို့ ထားတာတော့ရှိတယ်။ အဲဒါကို မြောက်ပိုင်း ၄ ဖွဲ့ကနေပြီးတော့မှ သူတို့လည်းပဲ ဟိုကနေ အကြောင်း ပြန် လာ တာတော့ မရှိသေးဘူးဗျာ။ အခုလောလောဆယ်ကတော့” ဟု ပြောသည်။

မြောက်ပိုင်း မဟာမိတ် အဖွဲ့မှ  လက်ရှိအချိန်တွင် နှစ်သစ်ကူး အချိန်ဖြစ်သောကြောင့် သက်ဆိုင်ရာ အဖွဲ့ အစည်းများမှ လူကြီးများ မအားလပ်သည့်အတွက် အစိုးရဖက်မှ အဆိုပြုထားသည့် ဇန္နဝါရီလ ဒုတိယ အပတ်တွင် တွေ့ဆုံနိုင်ရန် မဖြစ်နိုင်ကြောင်း မြောက်ပိုင်း မဟာမိတ် အဖွဲ့၏ ပြောဆိုမှုကို ကိုးကား၍  ဦး လမိုင်ဂွမ်ဂျာ က ဆိုသည်။

သို့သော် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့မှ အစိုးရအား ဇန္နဝါရီလ မကုန်ခင် တွေ့ဆုံသွားမည်ဟု ပြောဆိုလာ ကြောင်း PCG က ပြောသည်။

ဦးလမိုင်ဂွမ်ဂျာက “ပြောလာတာတော့ ရှိတော့ ရှိတယ်။ သူတို့အခုက ဒီခရစ္စမတ်နဲ့ New Year (နှစ်သစ် ကူး) အချိန်မို့လို့ သူတို့ လူကြီးလည်း မစုံမလင်ဖြစ်နေတာနဲ့ နောက်ပြီး တစ်ဖွဲ့ပဲ မဟုတ်ဘူး သူတို့က ၄ ဖွဲ့ ဆိုတော့ အားလုံး စုံနိုင်ဖို့အတွက်လည်း အခက်အခဲလည်း နည်းနည်းရှိလို့ သူတို့အားလုံး တွေ့ဆုံနိုင်မှသာ လျှင် သူတို့က အကြောင်းပြန်လာတယ်လို့ ပြောတယ်။ အစိုးရဖက်ကတော့ ဇန္နဝါရီလ ဒုတိယအပတ်လို့ တော့ ပြောပေမယ့် သူတို့ဖက်ကတော့ ဇန္နဝါရီလ မကုန်ခင်တော့ တွေ့ဖြစ်အောင်တွေ့မယ်ဆိုတဲ့ သဘော ထားတော့ သူတို့ အနေနဲ့ စကားပါးတာတော့ ရှိတယ်ဗျာ” ဟု ပြောသည်။

တွေ့ဆုံမည့် နေရာကို အစိုးရဖက်မှ မြစ်ကြီးနားနှင့်ကျိုင်းတုံကို အဆိုပြုထားသော်လည်း မြောက်ပိုင်း မဟာ မိတ် အဖွဲ့ဝင်များ ပြန်တင်ပြလာသည့် အနေအထားအပေါ်မူတည်ပြီး တွေ့ဆုံမည့် နေရာနှင့် အချိန်ကို နောက်ပိုင်းမှ ဆက်လက်ညှိနှိုင်းသွားရန်ရှိသည် ဟု ဆိုသည်။

အစိုးရဖက်မှ အဆိုပြုထားသည့် နေရာများတွင် တွေ့ဆုံမည်ဆိုပါက တပ်မတော်လည်း  အဆိုပါတွေ့ဆုံမှု တွင် ပါဝင်လာနိုင်သည်ဟု ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။

“ပါမှာပါ သူတို့မှာ မြို့ပေါ်မှာ ဖြစ်ရင်ကတော့ သူတို့ အစိုးရအဖွဲ့ရော NRPC အဖွဲ့ဝင်ထဲမှာပါဝင်တဲ့ တပ်မ တော်ရော အစိုးရဖက်ကရော သူတို့အားလုံးပါနိုင်တဲ့ အခြေအနေလို့ သိရတယ်ခင်ဗျာ။”

အစိုးရ၊ တပ်မတော်တို့နှင့် တွေ့ဆုံမည့် အခြေအနေနှင့် ပတ်သက်၍ မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များ၏ သဘောထားကို သိရှိနိုင် ဆက်သွယ်သော်လည်း မရသေးပေ။

အစိုးရ၊ တပ်မတော်တို့နှင့် Bilateral အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျက်ရှိပြီး မြောက်ပိုင်း မဟာ မိတ် ၄ ဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာအမျိုးသားများ ဒီမိုက ရက်တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ် မြောက်ရေး တပ်မတော် PSLF/ TNLA တို့ ဖြစ်ကြသည်။

ထို့အဖွဲ့များသည် ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံ ကူမင်မြို့တွင် အစိုးရနှင့် အလွတ်သဘော တွေ့ဆုံ ဆွေးနွေး ခဲ့ပြီးနောက် ထပ်မံတွေ့ဆုံရန် သဘောတူထားသော်လည်း တွေ့ဆုံမည့် နေရာ ညှိနှိုင်းရာတွင် အဆင်မပြေ ခြင်း၊ ကိုဗစ်ကပ်ရောဂါကြောင့် သွားလာရန် ခက်ခဲခြင်းများနှင့် ရွေးကောက်ပွဲ ရှိနေခြင်းများကြောင့် တွေ့ဆုံမှု များမှာ ဖြစ်မလာပဲ ရပ်တန့်နေခဲ့သည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...