မူဆယ်လမ်းတွင် ၁၂ ဘီးကားအပြည့် တရားမဝင်သယ်ဆောင်လာသည့် ပိတောက်သစ်များဖမ်းဆီးရမိ

မူဆယ်လမ်းတွင် ၁၂ ဘီးကားအပြည့် တရားမဝင်သယ်ဆောင်လာသည့် ပိတောက်သစ်များဖမ်းဆီးရမိ
by -
မဇ္ဈိမ
မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းအနီးရှိ ၁၉၃ မိုင်တွင်  ရပ်ထားသည့် ၁၂ ဘီးကားပေါ်မှ တရားမဝင် ကားအပြည့်တင်ဆောင်လာသည့် ပိတောက်သစ်များကို ဧပြီလ ၃ ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်း၊ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက်ခွန်ဦးစီးဌာနရုံးချုပ် ဒုတိယ ညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

ဧပြီ ၃ရက် ည ၆ နာရီအချိန်တွင် အဆိုပါ ၁၉၃ မိုင်တွင် ကားတစ်စီးရပ်ထားသည်ဟု သတင်းပေးချက်အရ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၊ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ကားတံခါးများပိတ်လျက် ကားစီးကိုတွေ့ရှိခဲ့ပြီး ရှာဖွေရာ စပါးခွံအိတ်များဖုံးအုပ်ထားသည့် တရားမဝင်သယ်ဆောင်လာသည့် ပိတောက်သစ်များကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ပိုင်ရှင်မှာ လွတ်မြောက်သွားကြောင်း သိရှိရသည်။

“ပိုင်ရှင်ကတော့ ကိုယ်တို့သွားတဲ့ချိန် ကားတံခါးပိတ်ထားတာဆိုတော့ ထုံးစံအတိုင်းထွက်ပြေးသွားတာပေါ့။ တနေရာကတော့ ကိုယ်တို့ကို ကြည့်နေမှာပေါ့။ ဘယ်သူမှန်းလည်း မသိဘူးလေ။ ဖမ်းဆီးမိတာကတော့ ပိတောက်သစ်တွေ ၁၂ တန်အထက်လို့တော့ မှန်းတယ်ကွ။ သစ်တွေက အတိုအထွာတောင်မပါဘူး။ တော်တော်ကောင်းတယ်။ သယ်လာတာကတော့ မန္တလေးဘက်က ဖြစ်ဖို့များတယ်” ဟု ဦးတက်ထွန်းအောင်က ၎င်းတို့ ဖမ်းဆီးရမိခဲ့သည့် အခြေအနေ နှင့် ပတ်သက်ပြီး ရှင်းပြသည်။

အဆိုပါ ဖမ်းဆီးရမိသည့် ပိတောက်သစ်များကို ဧပြီလ ၄ ရက်နေ့တွင် လားရှိုးမြို့နယ်သစ်တောရုံးသို့ လွှဲပြောင်းသွားမည်ဖြစ်ပြီး ၁၂ ဘီးကားကို သိန႖ီမြို့နယ်ရဲစခန်းကို လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဖမ်းဆီးမှုများပြုလုပ်ရာတွင် တရားမဝင်လုပ်ဆောင်နေသော သူများဖက်မှ မိမိတို့ကို ပြန်လည်စောင့်ကြည့်နေသည့်အဖွဲ့များရှိကြောင်း ဦးတက်ထွန်းအောင်က ပြောသည်။

“ဒီမှာ ကိုယ်တို့ကို ပြန်ပြီးစောင့်ကြည့်နေတဲ့ကောင်တွေရှိတယ်။ ဒီကောင်တွေက ကိုယ်တို့ အခြေအနေကိုကြည့်ပြီး တရားမဝင်သယ်တဲ့ ကောင်တွေကို သတင်းပေးတယ်ဗျ။ တချို့က နောက်ကြောင်း ပြန်မောင်းပြေးတာပေါ့။ ခုလိုဖမ်းမိတဲ့ကားကြီးတွေကျတော့ မနီးမဝေးတွေမှာ ရပ်ထားကြတယ်။ ကိုယ်တို့ မရှိတဲ့အချိန်ဖြတ်ကြတာပေါ့။ အခုလည်း ကိုယ်တို့ သတင်းပေးက ကားတစ်စီးရပ်ထားတယ်လို့လှမ်းအကြောင်းကြားတဲ့အတွက် လမ်းကြောင်း အတိုင်းလိုက်ပြီး စစ်ဆေးဖမ်းဆီးခဲ့တာ”ဟု ၎င်းကပြောသည်။

အဆိုပါ မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ နေ့စဉ် ကုန်တင်ကားပေါင်း ၅ဝဝဝ မှ ၆ဝဝဝထိ ဖြတ်သန်းသွားလာနေပြီး တရားမဝင်ကုန်စည်တားဆီးထိန်းချုပ်ရေးလုပ်ငန်း အနေဖြင့် ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက်မှ စတင်ကာ ဧပြီလ ၃ ရက်ထိ တရားမဝင် ကုန်တင်ကားများ၊ ကျောက်စိမ်းရိုင်းများ၊ သစ်များစသဖြင့် ဖမ်းဆီးရမိသည့်ပစ္စည်းများမှာ ခန့်မှန်းငွေတန်ဖိုး ကျပ်သိန်းပေါင်း သုံးသောင်း (၃ဝ,ဝဝဝ) ကျော်ထိ ရှိပြီဖြစ်ကြောင်း သိရသည်။

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...