အနိုင််ရ မဲဆန္ဒနယ် ရနေရာ စတင်ကြေငြာ၊ NLD က ၅နေရာ အနိုင်ရ

အနိုင််ရ မဲဆန္ဒနယ် ရနေရာ စတင်ကြေငြာ၊ NLD က ၅နေရာ အနိုင်ရ
by -
မဇ္ဈိမ
ဧပြီ ၁ရက်တွင် စတင်ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်များမှ အနိုင်ရရှိသည့် မဲရလဒ်များကို ယနေ့နံနက် ၉နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စတင်ကြေငြာရာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က အများစု အနိုင်ရခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့သည့် လစ်လပ် မဲဆန္ဒနယ်(၁၉)နေရာအနက် ပြည်ထောင်စုရွေးကောက်ပွဲကော််မရှင်(UEC)က ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၅နေရာ၊ ပြည်နယ်လွှတ်တော် ၂နေရာ၊ စုစုပေါင်း ရနေရာတွင် အနိုင်ရရှိသည့် ရလဒ်များကို စတင် ကြေငြာခြင်းဖြစ်သည်။

UEC က စတင်ကြေငြာလိုက်သည့် မဲဆန္ဒနယ် ရနေရာအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ၅နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က ၁နေရာ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီက (၁)နေရာ အနိုင်ရရှိခဲ့သည်။

ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လှိုင်သာယာမြို့နယ်တွင် ဦးဝင်းမင်းက ၃၁၃၆၉မဲ၊ မုံရွာမြို့နယ်တွင် ဦးညွှန့်အောင်က ၉၅၉၂၃မဲ၊ ကော့မှူးမြို့နယ်တွင် ဦးကျော်ဆွေဝင်း(ခ) ဦးအာလူးက ၃၈၀၂၈မဲ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် ဦးမြစိန်က ၁၅၇၅၆မဲ ဖြင့် အသီးသီး အနိုင်ရရှိခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကမူ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဦးအောင်ကြည်သိန်းက ၁၉၆၆၇မဲ ဖြင့် ပြည်သူ့လွှတ်တော်အတွက် အနိုင်ရရှိသည်။

ပြည်နယ်လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ညောင်ရွှေမြို့နယ်တွင် ဦးခင်မောင်ဝင်းက ၁၇၂၀၄မဲ၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီမှ ဦးသဲရယ်က ၃၃၅၁မဲဖြင့် အနိုင်ရရှိသွားသည်။

ကျန်ရှိသည့် မဲဆန္ဒနယ်များ၏ မဲရလဒ်များကိုလည်း နေ့လည် ၁၂နာရီတွင် ဆက်လက်ထုတ်ပြန်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းက ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော်အတွက် လစ်လပ်မဲဆန္ဒနယ်(၉)နေရာ၊ အမျိုးသားလွှတ်တော်အတွက် လစ်လပ်မဲဆန္ဒနယ်(၃)နေရာနှင့် ပြည်နယ်လွှတ်တော်များအတွက် လစ်လပ်မဲဆန္ဒနယ်(၇)နေရာ၊ စုစုပေါင်း ၁၉နေရာအား ကျင်းပခဲ့ခြင်း ဖြစ်သည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...