မဲလာပေးသူတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သဖြင့် မဲရုံမှုးနှင့် မဲရုံဝန်ထမ်းများအား quarantine ထားရှိ

မဲလာပေးသူတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သဖြင့် မဲရုံမှုးနှင့် မဲရုံဝန်ထမ်းများအား quarantine ထားရှိ

မွေလျန်း — ကျောက်မဲကနေ မဲပေးပြီးပြန်လာတဲ့ ယာဉ်မောင်းတစ်ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် သူမဲပေးခဲ့တဲ့ မဲရုံက မဲရုံမှုးတွေအပါအဝင် တာဝန်ကျ မဲရုံဝန်ထမ်းတွေကို Facility quarantine ထားရှိ လိုက်ရတယ်လို့ သိရပါတယ်။

အထွေထွေရွေးကောက်ပွဲနေ့က ကျောက်မဲမြို့ နောင်ပိန်ကျေးရွာ အုပ်စုက မဲပေးခဲ့ပြီးနောက် နိုဝင်ဘာ ၉ ရက်မှာ ကျောက်မဲမြို့က ပြန်လည်ထွက်ခွာလာခဲ့တဲ့ အသက် ၄၂နှစ်အရွယ် ယာဉ်မောင်းတစ်ဦးမှာ COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။

အဲဒီပုဂ္ဂိုလ်ဟာ ကျောက်မဲမြို့ နောင်ပိန် ၅ ရပ်ကွက်မှာ နေထိုင်တဲ့ ကုန်တင်ကား မောင်းသူဖြစ်ပြီး ကုန်ပစ္စည်းများ ပို့ဆောင်ဖို့ မြို့ကပြန်အထွက် နောင်ချို ခြေမြစ်ပင်စစ်ဆေးရေးဂိတ်မှာ ကိုဗစ် ကူးစက်ခံထားရမှု ရှိ၊မရှိ စစ်ဆေးစဉ် ရောဂါပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့တာပါ။

အဲဒီလို တွေ့ရှိခဲ့တာကြောင့် ၎င်းနဲ့တိုက်ရိုက်ထိတွေ့ခဲ့တဲ့ နောင်ပိန်ကျေးရွာ မဲရုံအမှတ်၂ ကမဲရုံမှူးအပါအဝင် တာဝန်ကျမဲရုံဝန်ထမ်းတွေကို လက်ရှိမှာ Facility quarantine လုပ်ထားတယ်လို့ နောင်ပိန် ကမ်းလင့်လက်များလူမှုကူညီရေးအသင်းက တာဝန်ရှိသူတွေက ပြောပါတယ်။

ထိတွေ့ခဲ့သူများ စုံစမ်းတွေ့ရှိချက်အရ ပိုးတွေ့သူနဲ့ တိုက်ရိုက်ထိတွေ့ခဲ့သူဦးရေ ၂၀ခန့်ရှိပြီး တဆင့်ထိ တွေ့သူဦးရေ ၅၀လောက်ရှိတယ်လို့သိရပါတယ်။

“မဲရုံမှာလူအများကြီးနဲ့ထိတွေ့ခဲ့တာဆို တော့ ရောဂါပိုးကိုမထိန်းချုပ်နိုင်မှာစိတ်ပူ တယ်” လို့ နောင်ပိနိတိုက်နယ်ဆေးရုံက ကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။

လက်ရှိမှာ အဲဒီယာဉ်မောင်းဟာ နောင်ချိုမြို့ ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသနေပြီးတော့ ကျန်းမာရေးကောင်းမွန်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ကလဲ နောင်ပိန်ကျေးရွာအုပ်စုအတွင်း Facility quarantine ဝင်ရောက်နေ သူတစ်ဦးမှာ covid-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တမူးမြို့သို့ ကားလိုင်းများ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်သော်လည်း...
ဓါတ်ပုံ - (CJ) (စစ်ကိုင်းတိုင်းအတွင်း ရေကြီးရေလျှံမှုအခြေအနေများနှင့် တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကူအညီပေးမှု မှတ်တမ်းပုံ။
August 10, 2026
စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ စုစုပေါင်း ကိုးဦးအထိ...
August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...