မော်လမြိုင် မဲဆန္ဒနယ်အားလုံးတွင် NLD အနိုင်ရ

မော်လမြိုင် မဲဆန္ဒနယ်အားလုံးတွင် NLD အနိုင်ရ
by -
စိုင်းထွန်းစံ (MNA)

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်ငါးခုလုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က အနိုင်ရ ရှိခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၏ နိုဝင်ဘာ ၉ ရက် နေ့လည် ၂ နာရီခွဲခန့်က ထုတ်ပြန် ကြေညာချက်အရသည်။

အဆိုပါမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်၁ တွင် ဒေါက်တာထိန်လင်းက ၅၈၃၃၉ မဲ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်၂ တွင် ဒေါ်နွယ်နွယ်အောင်က ၅၀၆၇၁ မဲတို့ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၅ တွင် ဦးကိုကိုဦးက ၅၀၈၉၇ မဲ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၄ တွင် ဦးအေးမင်းဟန်က ၅၉၅၁၅ မဲဖြင့်လည်းကောင်း၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဦးနိုင်နွယ်စိုးက ၁၁၀၃၈၂ မဲဖြင့် လည်းကောင်းအနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မော်လမြိုင်မြို့၌ နိုင်ငံရေးပါတီ ၁၆ ခုနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတစ်ဦးတို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

မော်လမြိုင်မြို့နယ်တွင် မဲပေးခွင့်ရှိသူ ၂၄၈၁၄၅ ဦးရှိသည့်အနက် ဆန္ဒမဲလာရောက်ပေးသူ ၁၅၄၈၆၆ ဦး ဦခိုင်နှုန်းအားဖြင့် ၆၂.၄၀၉ ရာခိုင်နှုန်းအထိရှိကြောင်းသိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...