ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကို ကရင်နီ လူမျိုးစုလူငယ်များ အင်အားပြဝန်းရံ

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကို ကရင်နီ လူမျိုးစုလူငယ်များ အင်အားပြဝန်းရံ
ပုံ - ဇာနည်
ပုံ - ဇာနည်

ကယားပြည်နယ် အခြေစိုက်ပါတီတစ်ခုဖြစ်သော ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KSDP) ကို ကရင်နီလူမျိုးစု တိုင်းရင်းသား လူငယ်အင်အား ၁၆၀ ကျော်က လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့တွင် နိုင်ဝင်ဘာလ ၃ ရက်နေ့က အင်အားပြ ဝန်းရံလှည့်လည်ခဲ့ကြသည်။  

ဝန်းရံလှည့်လည် စည်းရုံးပေးခြင်းနှင့် ပတ်သက်ပြီး ကရင်နီလူမျိုးစု တိုင်းရင်းသား လူငယ်အဖွဲ့ဝင်ဖြစ်သည့် ကယားလီဖု လူငယ်အဖွဲ့၏ ကိုယ်စားလှယ် ခူးပေါလူက “ဒီ တိုင်းရင်းသား ပါတီကို ဘာကြောင့် ဝန်းရံလဲဆိုတော့ ဒီတိုင်းရင်းသားပါတီက ကျွန်တော်တို့ တိုင်းရင်းသား၊ ကျွန်တော်တို့ ရပ်ရွာရဲ့အရေးကို ပိုသိတယ်။ ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့ ဝန်းရံရခြင်း ဖြစ်တာပေါ့နော်” ဟု ပြောသည်။  

ယခုကဲ့သို့ ကရင်နီလူမျိုးစု တိုင်းရင်းသား လူငယ်များအနေဖြင့် ဒေသအခြေစိုက်ပါတီကို ဝန်းရံခြင်းသည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၈ ရက်တွင် ပြုလုပ်ခဲ့သည့် လူငယ်ထုများ၏ တွေ့ဆုံနှီးနှော ဖလှယ်ပွဲမှ ထုတ်ပြန်လိုက်သော သဘောထားအတိုင်း လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။   

ဒေသအခြေစိုက် တိုင်းရင်းသားပါတီများကို တခြား နိုင်ငံရေးပါတီတချို့က နိုင်ငံရေးအရ ဝေဖန်တိုက်ခိုက်များလည်း ကြုံနေရကြောင်း ကယန်းလူငယ်တစ်ဦးဖြစ်သူ ခွန်းမျိုးလှိုင်ဝင်းက ပြောသည်။  

“တိုင်းရင်းသားတွေက စစ်တပ်တွေနဲ့ ပေါင်းတယ်။ စစ်တပ်ဆီက ပိုက်ဆံယူတယ်ဆိုတဲ့ ဟာတွေကတော့ ဒီ တိုင်းရင်းသားပါတီတွေကို လူထုအကြားမှာ နိုင်ငံရေးအရ ပုံရိပ်ကျအောင် လုပ်တယ်။ တိုင်းရင်းသားပါတီကို လူထုထောက်ခံမှု အရမ်းမြင့်လာတဲ့ အချိန်မှာမှ ဒီလို နိုင်ငံရေးအရ အောက်လုံးထိုးတယ်လို့ပဲ ကျွန်တော်တို့ မှတ်ယူတယ်ပေါ့” ဟု ၎င်းက ပြောသည်။

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီသည် ကယန်းအမျိုးသားပါတီနှင့် မဟာမိတ်ဖွဲ့ထားပြီး ပြည်နယ်တွင်း မဲဆန္ဒနယ်မြေ ၃၄ နေရာရှိသည့်အနက် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက နေရာ ၃၀ နှင့် ကယန်းအမျိုးသားပါတီက လေးနေရာတို့တွင် အသီးသီး ဝင်ရောက်အရွေးခံကြမည် ဖြစ်သည်။  

အဆိုပါ ဒေသအခြေစိုက် တိုင်းရင်းသားပါတီများကို ဝန်းရံနေသည့် ကရင်နီလူမျိုးစု လူငယ်များမှာ ကယား၊ ကယန်း၊ ကယော၊ ကော်ယော် (မနုမနော)၊ ယင်းတလဲနှင့် ကရင်လူငယ်များ ပါဝင်သည်။

ကယားပြည်နယ်တွင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ ၁၂ နေရာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ခုနစ်နေရာ၊ ပြည်နယ်လွှတ်တော် ၁၄ နေရာနှင့် တိုင်းရင်းသားလွှတ်တော် မဲဆန္ဒနယ်မြေ တစ်နေရာရှိသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ကယားပြည်နယ်အတွင်း နိုင်ငံရေးပါတီ ၁၂ ပါတီ ဝင်ရောက် ယှဉ်ပြိုင်နေပြီး ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်၏ နောက်ဆုံးစာရင်းအရ မဲပေးခွင့်ရှိသူ ဦးရေ ၂၀၇၀၀၀ ကျော် ရှိသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် / Crd
September 7, 2026
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ‘FREE HER’ လှုပ်ရှားမှုကို စတင်လိုက်ပြီ...
ဓာတ်ပုံ - ကလေးမြို့တွင် စက်တင်ဘာလ ၆ ရက်နေ့က ရေစီးနှင့်အတူ မျောပါသွားသူ လူငယ်တစ်ဦးကို ဒေသခံများက ဝိုင်းဝန်းရှာဖွေနေစဉ်။
September 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ...
လက်လီဆန်ဆိုင်တစ်ဆိုင်တွင် ဆန်များ ရောင်းချရန် ပြင်ဆင်ထားစဉ်။ / MOI
September 7, 2026
လက်လီဆန်ဈေးကွက်အတွင်း ဆန်ကြမ်းနှင့် ဆန်ချောဈေးနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး ယခုလ...
The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
September 5, 2026
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅...