ကယားပြည်နယ်၊လိုခါးလိုကျေးရွာရှိ USDP ကိုယ်စားလှယ်လောင်းများဆိုင်းဘုတ်ဖျက်ဆီးခံရ

ကယားပြည်နယ်၊လိုခါးလိုကျေးရွာရှိ USDP ကိုယ်စားလှယ်လောင်းများဆိုင်းဘုတ်ဖျက်ဆီးခံရ

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီးကျေးရွာအုပ်စု၊လိုခါးလိုကျေးရွာတွင် အောက်တိုဘာလ ၃၀ ရက်နေ့ ညပိုင်းက ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ( USDP ) ကိုယ်စားလှယ်လောင်းဆိုင်းဘုတ် နှစ်ခု ဖျက်ဆီးခံရကြောင်း သိရသည်။

လိုခါးလိုကျေးရွာ၊ရပ်ကွက်သစ် ( အောင်ချမ်းသာရပ်ကွက် ) နှင့် အောက်ရွာတို့တွင် စိုက်ထူးထားသည့် USDP ပါတီမှ ကိုယ်စားလှယ်လောင်း ဒေါ်ခင်နှင်းရယ်၊ဦးစောသီဟဲနှင့်ဦးစောမြရွှေတို့ ပါဝင်သည့် ဆိုင်းဘုတ် နှစ်ခုကျိုးချေဖျက်ဆီးခံရခြင်းဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးမော်ရယ်က ပြောသည်။

“အခုလို ဖြစ်သွားတာ ကျနော်တို့ စိတ်မကောင်းဘူး။ကျနော်တို့ ပြည်နယ်သေးသေးလေးမှာ ဘယ်သူဘာ ဖြစ်လဲဆိုတာ သိနေတာပဲလေ။ မြို့ကြီးနဲ့မတူဘူးပေါ့လေနော်။ဒီလိုပဲပြောချင်ပါတယ်”ဟု ကယား ပြည်နယ် ကြံ့ခိုင်ရေး ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဦးမော်ရယ်က မဇ္ဈိမကို ပြောသည်။

ယခုကဲ့သို့ ကိုယ်စားလှယ်လောင်းမဲဆွယ်ဆိုင်းဘုတ်ဖျက်ဆီးခံရမှုသည် ကယားပြည်နယ်အတွင်း ပထမဆုံး အကြိမ်ဖျက်ဆီးခံရခြင်းဖြစ်ကြောင်း ဦးမော်ရယ်က ဆိုသည်။

ထိုသို့ ကိုယ်စားလှယ်လောင်းများ၏ ဆိုင်းဘုတ်ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍ USDPပါတီအနေဖြင့် ရွေးကောက်ပွဲကော်မရှင်သို့ တိုင်းကြားသွားမည်မဟုတ်သည့်အပြင် ဆိုင်းဘုတ်များကိုလည်း အသစ်ပြန်လည် စိုက်ထူမည်မဟုတ်ကြောင်း ဦးမော်ရယ်က ဆိုသည်။

ကယားပြည်နယ်၊ဖားဆောင်းမြို့နယ်တွင် USDPပါတီမှ ဒေါ်ခင်နှင်းရင်က ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်လောင်းနေရာ၊ဦးစောသီဟဲမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း နေရာနှင့် ဦးစောမြရွှေမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းနေရာအသီးသီးတို့မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ဖားဆောင်းမြို့ထဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ်လောင်းများ၏ ဆိုင်းဘုတ်အား တွေ့ရစဉ် ( ဓာတ်ပုံ - စောသန်းထိုက်ဦး )

၎င်းကိုယ်စားလှယ်လောင်းများ၏ ဆိုင်းဘုတ်များပျက်စီးနေမှုပုံစံသည် သွေးရိုးသားရိုးပျက်စီးခြင်းမဟုတ်ဘဲ တမင်ဖျက်ဆီးခြင်းဖြစ်နိုင်ကြောင်း ခေတ္တမော်ချီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းချို ( ခ ) ဦးညီညီက ပြောသည်။

“ နွားတွေ ချည်တဲ့နားမှာ တစ်ခုဖြစ်လို့ မဟုတ်ပဲနဲ့ အောက်ရွာ ကျေးလက်ကျန်းမာရေးရှေ့က ဆိုင်းဘုတ် တစ် ခုပါဖြစ်တာဆိုတော့ ဒါသွေးရိုးသားရိုးမဟုတ်ဘူးလို့ ယူဆရတာ ဖြစ်တယ်”ဟု ဦးဝင်းချို ( ခ ) ဦးညီညီက ပြော သည်။

ဖားဆောင်မြို့နယ်တွင် မဲဆန္နနယ်အမှတ်( ၁ ) နှင့် အမှတ်( ၂ ) တို့အတွက်  မဲရုံ ၁၇ ရုံထားရှိထားသွား မည်ဖြစ်ပြီး မဲပေးခွင့်ရှိသူ ဦးရေစုစုပေါင်းမှာ ၁၄၉၆၄ ဦး ရှိကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒနယ်အမှတ်(၁)နှင့်မဲဆန္ဒနယ်အမှတ်(၂)နေရာတို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ကရင်အမျိုးသားပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းများက ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် / Crd
September 7, 2026
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ‘FREE HER’ လှုပ်ရှားမှုကို စတင်လိုက်ပြီ...
ဓာတ်ပုံ - ကလေးမြို့တွင် စက်တင်ဘာလ ၆ ရက်နေ့က ရေစီးနှင့်အတူ မျောပါသွားသူ လူငယ်တစ်ဦးကို ဒေသခံများက ဝိုင်းဝန်းရှာဖွေနေစဉ်။
September 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ...
လက်လီဆန်ဆိုင်တစ်ဆိုင်တွင် ဆန်များ ရောင်းချရန် ပြင်ဆင်ထားစဉ်။ / MOI
September 7, 2026
လက်လီဆန်ဈေးကွက်အတွင်း ဆန်ကြမ်းနှင့် ဆန်ချောဈေးနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး ယခုလ...
The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
September 5, 2026
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅...