ဂျပန်က ယန်း ၁၈၁ သန်းတန်ဖိုးရှိ ရွေးကောက်ပွဲသုံးမင်ရည်များ ထောက်ပံ့ပေးအပ်

ဂျပန်က ယန်း ၁၈၁ သန်းတန်ဖိုးရှိ ရွေးကောက်ပွဲသုံးမင်ရည်များ ထောက်ပံ့ပေးအပ်

ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် “ရွေးကောက်ပွဲ အကူအညီပေးရေးစီမံကိန်း” အရ တစ်ကြိမ်ထက်ပို၍ မဲပေးခြင်းကို ကာကွယ်တားဆီးရန် အသုံးပြုသည့် အလွယ်တကူဖျက်ပစ်၍ မရသော မင်ရည်များ ယန်းငွေ ၁၈၁ သန်းဖိုး (အမေရိကန် ဒေါ်လာ ၁ ဒသမ ၇ သန်းခန့်) လွှဲပြောင်းပေးအပ်ကြောင်း သိရသည်။

ယင်း အလွယ်တကူဖျက်ပစ်၍မရသော မင်ရည်များ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အောက်တိုဘာ ၂၉ ရက်နေ့တွင် ရောက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျပန်သံအမတ်ကြီး မစ္စတာ မာရူယာမ အိချိရောက လေဆိပ်သို့ ရောက်ရှိလာသော ရွေးကောက်ပွဲသုံး မင်ရည်များကို ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကြည်မြင့်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်းကူးပြောင်းရေး လုပ်ငန်းစဉ်များ ပိုမို တိုးတက်စေရန် အရေးကြီးကြောင်း သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ကြောင်း၊ ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးလုပ်ငန်းစဉ်များကို အစွမ်းကုန် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဂျပန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ ရိုဟဲအိ ဦးဆောင်သည့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့ကိုလည်း စေလွှတ်ထားကြောင်းလည်း သိရသည်။  

ယခု “ရွေးကောက်ပွဲ အကူအညီပေးရေးစီမံကိန်း” မှတစ်ဆင့် တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပံ့ပိုးကူညီသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

ယင်းစီမံကိန်းသည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ပူးပေါင်း၍ ရွေးကောက်ပွဲသုံး အလွယ်တကူ ဖျက်ပစ်၍ မရသော မင်ရည်များကို ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက်လည်း ဂျပန်နိုင်ငံက ယခုကဲ့သို့ ပံ့ပိုးကူညီခဲ့ပြီး ယခုက ဒုတိယအကြိမ်မြောက် ပံ့ပိုးကူညီမှု ဖြစ်သည်။

အထွေထွေ ရွေးကောက်ပွဲအတွက် အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များ အပါအဝင် ကြိုတင်မဲပေးခွင့်ရှိသူများ ကြိုတင်မဲပေးခြင်းများကို အောက်တိုဘာလ ၂၉ ရက်နေ့က စတင်နေပြီ ဖြစ်သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် / Crd
September 7, 2026
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ‘FREE HER’ လှုပ်ရှားမှုကို စတင်လိုက်ပြီ...
ဓာတ်ပုံ - ကလေးမြို့တွင် စက်တင်ဘာလ ၆ ရက်နေ့က ရေစီးနှင့်အတူ မျောပါသွားသူ လူငယ်တစ်ဦးကို ဒေသခံများက ဝိုင်းဝန်းရှာဖွေနေစဉ်။
September 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ...
လက်လီဆန်ဆိုင်တစ်ဆိုင်တွင် ဆန်များ ရောင်းချရန် ပြင်ဆင်ထားစဉ်။ / MOI
September 7, 2026
လက်လီဆန်ဈေးကွက်အတွင်း ဆန်ကြမ်းနှင့် ဆန်ချောဈေးနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး ယခုလ...
The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
September 5, 2026
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅...