ရသေ့တောင်မြို့မှ AA က ဖမ်းဆီးသွားသူနှစ်ဦးအနက် တစ်ဦးလွတ်မြောက်လာ

ရသေ့တောင်မြို့မှ AA က ဖမ်းဆီးသွားသူနှစ်ဦးအနက် တစ်ဦးလွတ်မြောက်လာ

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့မှ AA က ဖမ်းဆီးသွားသူ နှစ်ဦးအနက်ယနေ့ တစ်ဦးလွတ်မြောက်လာသည်ဟု သတင်းရရှိသည်။

လွတ်မြောက်လာသူမှာ ဦးဦးသာဇံ( ၆၄)နှစ်ဖြစ်ပြီး နောက်တစ်ဦးဖြစ်သူ ဦးဦးသိန်းမောင်(၇၁)နှစ်မှာ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်သည်။

လွတ်မြောက်လာသူ ကာယကံရှင် ဦးသာဇံက “ခေါ်ယူသွားတာကတော့ တောထဲကိုပါ။ မျက်နှာတွေ ဖုံးပြီး ခေါ်သွားတယ်။ AA အဖွဲ့အစည်းကပါ။ စစ်ဆေးမေးမြန်းစရာရှိလို့ဆိုပြီးခေါ်သွားတာပါ။ စစ်တာက တပ်တို့ ဘာတို့နဲ့ အဆက်အသွယ် လုပ်တယ်လို့ကြားတယ်ဆိုပြီး ခေါ်သွားတာပါ” ဟုပြောသည်။

၎င်းတို့ နှစ်ဦးသည် အောက်တိုဘာလ ၂၁ ရက်နေ့  နံနက် ၉ နာရီ အချိန်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေအပါအဝင်အစိုးရဌာနမှ ဘေးစီမံ ဝန်ထမ်းအချို့နှင့် ရေပိုက်ဆုံသို့ ကယ်ဆယ်ရေးသွားပေးစဉ် ငလပြားဆိပ်ကမ်းတွင် ရက္ခိုင့်တပ်တော် (AA) အဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့သည်။

“ ဒီကနေ့ နေ့လယ် ၂ နာရီလောက်မှာ  ပြန်လည် လွတ်မြောက်ပြီး အိမ်ကိုရောက်ရှိလာပါတယ်။ ကျွန်တော်တို့ကို တိုင်တဲ့လူတွေရှိလို့ ခေါ်စစ်တာလို့ သိရပါတယ်။ ကျွန်တော်တို့ကို လူကြီးတွေဖြစ်လို့ ကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်။ ကျွန်တော့်ကိုလည်း ကျူးလွန်တဲ့ဟာမရှိလို့ ပြန်လွတ်လာတာလို့ ထင်တယ်။ ဦးဦးသိန်းမောင်က ကျန်းမာရေး နည်းနည်းအားနည်းလို့ သူ့ကို မလွှတ်တာပဲဖြစ်လိမ့်မယ်။ ကျွန်တော်ကိုတော့ အခုရဲကတော့ ဖြစ်စဉ်တွေလာမေးနေပါတယ်” ဟုပြောသည်။

ဦးဦးသာဇံသည် ဖမ်းဆီးပြီး ၉ ရက်ကြာမှ ပြန်လွတ်လာခြင်း ဖြစ်သည်။

ဓါတ်ပုံ - ပုံဟောင်း
August 15, 2026
မကွေးတိုင်းဒေသကြီး၊ ပဒန်းမြို့၊ ရိုးတောင်ကျော်လမ်းပေါ်ရှိ နတ်ရေကန်သို့ ပို့ဆောင်သော စစ်အုပ်စုတပ်...
ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...
August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...